ရွာငံ ဒေသခံ (၄) ဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးသွား၊ နှစ်ပတ်ကျော်ကြာ အဆက်အသွယ်ပြန်မရ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် လယ်ကိုင်းကျေးရွာမှ ဒေသခံ (၄)ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားပြီး နှစ်ပတ်ကျော် ကြာသည်အထိ အဆက်အသွယ် ပြန်မရသေးကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ နောက်ဆုံးပတ် ည ၁၀ နာရီခန့်တွင် ရွာငံမြို့နယ် လယ်ကိုင်းကျေးရွာနေ အသက် ၄၀ မှ ၆၀ နှစ်ခန့်ရှိ ပြည်သူ (၄)ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ အရပ်ဝတ်ဖြင့် လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် ယနေ့ (ဖေဖော်ဝါရီလ ၉ ရက်) အထိ နှစ်ပတ်ကျော်ကြာ အဆက်အသွယ် ပြန်မရဘဲ အကြောင်းပြချက်မရှိ ဖမ်းဆီးခေါ်ဆောင်ခံရခြင်းကြောင့် မိသားစုဝင်များမှ စိုးရိမ်ပူပန်နေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဖမ်းသွားတာ ဟုတ်တယ်၊ ဘယ်အဖွဲ့က ဖမ်းတယ် ဆိုတာတော့ မသိရသေးဘူး။ ဒီနေ့အထိ အစအန မရသေးတော့ သေမလား ရှင်မလားလည်း မသိဘူး၊ မိသားစုဝင်တွေကတော့ စိုးရိမ် ပူပန်နေကြတာ”ဟု ဖြစ်စဉ်သိရှိသူ ရွာငံဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသော ပြည်သူများမှာ ရွာငံမြို့နယ် လယ်ကိုင်းကျေးရွာနေ အသက် ၅၄ နှစ်အရွယ် ဦးစံရွှေမြင့်၊ အသက် ၄၃ နှစ်အရွယ် ဦးကျော်မိုးသူ၊ အသက် ၄၄ နှစ် အရွယ် မဝေဆုလှိုင်နှင့် အသက် ၆၃ နှစ်အရွယ် အမျိုးသား တစ်ဦးတို့ ပါဝင်ကြောင်း ဒေသခံများထံမှ သိရသည်။

ရွာငံမြို့နယ်တွင် ပြည်သူများကို လက်နက်ကိုင်တပ်ဖွဲ့များက ဖမ်းဆီးခြင်း၊ စစ်ကော်မရှင်တပ်မှ အကြောင်းမဲ့ ဖမ်းဆီးခြင်းတို့ကြောင့် လုံခြုံမှု မရှိဘဲ စိုးရိမ်စိတ်ဖြင့် ရှင်သန်နေရကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ခုတလောက အခြေအနေ သိပ်ကောင်းတဲ့ထဲ မပါဘူး။ လက်နက်ကိုင်တွေကလည်း များတယ်၊ တစ်ခုခုဆို ဘယ်အဖွဲ့မှန်း မသိဘူး။ လက်နက်ကိုင်ပြီး ပြန်ပေးဆွဲသွားတာလားတောင် မပြောတတ်တော့ဘူး။ ဘယ်နားမှ မလုံခြုံတော့ဘူး၊ ကိုယ့်အိမ်ကိုယ် နေတာတောင် မလုံခြုံဘူး”ဟု အဆိုပါ ရွာငံဒေသခံ အမျိုးသမီးက ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသော ဒေသခံ(၄)ဦးသည် လက်နက်ကိုင် တပ်ဖွဲ့များနှင့် ချိတ်ဆက်မှု မရှိဘဲ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများလည်း မဟုတ်ကြောင်း ၎င်းအမျိုးသမီးက ဆက်ပြောသည်။

လက်ရှိ ရွာငံမြို့နယ်တွင် ဓနုပြည်နယ် အမျိုးသားလွတ်မြောက်ရေးတပ် (DSNDA)၊ ဓနုပြည်သူ့ လွတ်မြောက်‌ရေးတပ်တော် (DPLA) ၊ စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပျူစောထီးများ၊ ပအိုဝ်းပြည်သူ့စစ် (PNO) တပ် စသည်တို့က နယ်မြေစိုးမိုးထားသည်။

ယမန်နှစ် ၂၀၂၅ ဇွန်လ (၁၁) ရက် နံနက်ပိုင်းတွင်လည်း တောင်ကြီး-ရွာငံလမ်းပိုင်း တစ်နေရာ၌ ထွေအုပ်ဝန်ထမ်း (၃)ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မည်သည့် အဖွဲ့မှ ခေါ်ဆောင်သွားသည်ကို ယနေ့အထိ ထုတ်ပြန်ချက် တစုံတရာ ထုတ်ပြန်လာခြင်း မရှိသေးကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ် စစ်တပ် လူငယ်(၅)ဦးကို သေနတ်ပစ် တဉီးထိ၊ (၄)ဉီးရိုက်နှက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်စွဲထားပြီး အသက် ၂၀အရွယ်ရှိ လူငယ် (၅)ဉီးကို သေနတ်ဖြင့် ပစ်ခတ်ကာ၊ ထိုထဲတွင် တဉီး ထိမှန်ခဲ့ပြီး ကျန်သူများကည်း ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်တပ်က ရှောင်တိမ်းခိုင်းထားသော်လည်း ပစ္စည်းပျောက်မည်စိုး၍...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...

ရွာငံအတွင်း စစ်တပ် အင်းအားဖြည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုရှိ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်  အတွင်းသို့ စစ်ကော်မရှင်တပ်သည့် နေ့စဉ် အင်အားဖြည့်တင်းနေပြီး၊ အရပ်သားဖမ်းဆီးရိုက်နှက်မှုများလည်း ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။  နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု...

ရွာငံတွင် ဦးဇင်းတပါး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ပွေးနဖားကျေးရွာတွင် ဦးဇင်းတစ်ပါး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု ခေါ်ဆောင်သွားပြီး ဇူလိုင်လ (၂၁) ရက် နံနက်ပိုင်းတွင်...