မိုးကုတ်-မိုးမိတ်ကြား စစ်တပ် လမ်းကြေးအဆမတန်တောင်း၊ PDF ဘက်မှ အစစ်အဆေးတင်းကြပ်

သျှမ်းပြည်-မန္တလေးတိုင်းနယ်စပ်ရှိ မိုးကုတ်မြို့နှင့် မိုးမိတ်မြို့ကြားတွင် စစ်ကော်မရှင်တပ်မှ ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များထံမှ လမ်းကြေးအဆမတန် တောင်းခံနေကြောင်း စုံစမ်းသိရသည်။

စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့သို့ ရောက်ရှိနိုင်သည့် သပိတ်ကျင်း-တွင်းငယ်-မိုးမိတ်လမ်းပိုင်းနှင့် မိုးကုတ်-မိုးမိတ်လမ်းပိုင်းရှိ စစ်ကော်မရှင်ဂိတ်များမှ ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များထံ ဇန်နဝါရီလ နောက်ဆုံးပတ်မှ စတင်ပြီး လမ်းကြေး အဆမတန် တောင်းခံနေကြောင်း ဒေသခံများက ပြောသည်။

“မိုးမိတ်ကို ရောက်တဲ့ လမ်းတွေကတော့ နေ့တိုင်း သွားလာလို့ မရတော့ဘူး။ မြို့အောက်ဘက်က စစ်ရေးဖြစ်နေတဲ့ နေရာတွေ အထူးသဖြင့် ကြိမ်တောရွာဘက်မှာ ဖြစ်တယ်။ အဲ့ဘက်က စစ်တပ်ဂိတ်တွေမှာ အခွန်အကောက် တောင်းတာ များတယ်၊ အစစ်အဆေးကတော့ အဲ့လောက်ကြီး မကြမ်းပေမယ့် လမ်းကြေးတောင်းတာ အရမ်းများတယ်”ဟု မိုးကုတ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကော်မရှင်တပ်မှ သပိတ်ကျင်း-တွင်းငယ်-မိုးမိတ် လမ်းပိုင်းကို အလုံးစုံ ထိန်းချုပ်နိုင်ရန် ကချင်လွတ်လပ်ရေးတပ် KIA ၊ PDF ပူးပေါင်းတပ်များနှင့် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေပြီး လက်ရှိတွင် အောက်မန်ကျည်းပင်ရွာမှတဆင့် ပသင်၊ ကြိမ်တောရွာဘက်မှ ကွေ့ပတ်၍ ရေတံခွန်ရွာ၊ မိုးဟောက်ရွာဘက် ခရီးဆက်ရကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ အဆိုပါလမ်းကြောင်းတစ်လျှောက်တွင် တော်လှန်ရေးအင်အားစု PDF တပ်များလည်း အစစ်အဆေး တင်းကြပ်ထားပြီး ခရီးသည်များထံ မှတ်ပုံတင်စစ်ဆေးခြင်း၊ ယာဉ်အတွင်း မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်း စစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း ယာဉ်လိုင်းပြေးဆွဲနေသည့် ကားသမားတစ်ဦးက ပြောသည်။

“PDF ဘက်က လက်နက်ကြီး မဟုတ်ရင်လည်း ဒရုန်းနဲ့ ဗုံးချနေတာတော့ ရှိတယ်။ နောက်ပြီးတော့ လမ်းပိုင်းတွေမှာ ခရီးသည်တွေကို မှတ်ပုံတင် တောင်းစစ်တယ်။ ဒီဘက်က လက်နက်ကိုင် အဖွဲ့လည်း များတော့ တချို့ဂိတ်ဆို ဘုန်းကြီးလည်း မချန်ဘူး စစ်တာကြမ်းတယ်။ ကားထဲလည်း လက်နက်ပါလား၊ မူးယစ်ဆေးပါလား ဆိုပြီးတော့ ကြည့်တယ်” ဟု မိုးမိတ်မြို့မှ အဆိုပါ ယာဉ်မောင်းအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

မိုးမိတ်မြို့မှ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဆုတ်ခဲ့ပြီးနောက် စစ်ကော်မရှင်တပ် ပြန်လည်ဝင်ရောက် တပ်စွဲထားသည်မှာ နှစ်လကျော် ရှိလာသော်လည်း မြို့အနီးတဝိုက်ရှိ PDF တပ်ဖွဲ့များနှင့် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေပြီး အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်သေးကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက် ညဦးပိုင်းတွင် မိုးမိတ်မြို့ ရွှေဇာလီကျေးရွာရှိ စစ်ကော်မရှင်တပ်၏ လက်နက်ခဲယမ်းများ သိုလှောင်ထားသည့် နေအိမ်တစ်ခုတွင် ဆေးလိပ်မီးမှတဆင့် ဓာတ်ဆီပုံးသို့ ကူးစက်ပြီး လက်နက်ခဲယမ်းများပါ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း မိုးမိတ်ဒေသခံများထံမှ သိရသည်။

ထို့အပြင် မန္တလေး-သပိတ်ကျင်း-မိုးကုတ်လမ်းပိုင်းတွင်လည်း ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များကို စစ်ကော်မရှင်ဘက်မှ အချိန်အကန့်အသတ်ဖြင့် ဖြတ်သန်းခွင့်ပြုထားသော်လည်း ယာဉ်စီးခမြင့်မားနေခြင်းကြောင့် စစ်ဘေးရှောင်များမှာ နေရပ်ပြန်ရန် အခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့နယ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် တရုတ်နိုင်ငံသားများ ဖမ်းဆီးရမိ

0
စိုင်းဆိုင်အိုက်၊ ၂၀၂၆ ဩဂုတ်လ ၈ ရက် ရွှေတြိဂံဟု နာမည်ကြီးသည် မြန်မာ-ထိုင်း-လာအိုနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသားများကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ သြဂုတ် ၆ရက် မနက်ပိုင်းတွင် တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)အုပ်စု၊ဝှေလေလန် ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးရှိ ရှောင်ကွင်းလမ်းတွင် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့်...

ထိုင်းရောက် အာဏာသိမ်းသမ္မတနှင့် စစ်ရာဇဝတ်မှု စွပ်စွဲချက်များ

0
အာဏာသိမ်း သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းအစိုးရက လက်ခံတွေ့ဆုံမှုကို ထိုင်းအရပ်ဘက်အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဖြစ်ခဲ့ပြီး ၎င်းကိုယ်တိုင် စီစဉ်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများမှ သမ္မတဖြစ်လာသူ ဦးမင်းအောင်လှိုင်၏ ထိုတွေ့ဆုံမှုသည် စစ်အာဏာသိမ်းမှုကို နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်ရာရောက်ပြီး မြန်မာပြည်သူများ...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

မြန်မာ အာဏာသိမ်း သမ္မတ ထိုင်းလွှတ်တော်သို့ ရောက်ရှိစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦး အော်ဟစ် ဆန္ဒပြ

0
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ ဩဂုတ်လ ၇ ရက် (သောကြာနေ့) က ထိုင်းလွှတ်တော်သို့ ရောက်ရှိလာစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦးက "ငြိမ်းချမ်းရေးအတွက်၊ လူသားချင်းစာနာမှုအတွက်" (For peace, for humanity) ဟု ကျယ်လောင်စွာ ကြွေးကြော်၍ ပြင်းပြင်းထန်ထန်...