ဟိုပုံး ပြည်သူနေအိမ်များနှင့် အုတ်တံတိုင်းများကို အင်အားသုံးဖယ်ရှားမည်ဟု ခြိမ်းခြောက်

သျှမ်းပြည် ဟိုပုံးမြို့နယ် လုံခုတ်ကျေးရွာအုပ်စုရှိ မြေဧရိယာ (၅၆၁.၇၅) ဧကကို နိုင်ငံတော်ပိုင် ဟုဆိုကာ လာမည့် ဖေဖော်ဝါရီလ (၂၇)ရက်နေ့တွင် အပြီးဖျက်သိမ်းပေးရန် စစ်ကော်မရှင်လက်အောက်ခံ ဒေသဦးစီးအဖွဲ့က ထုတ်ပြန်လာသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီမှ ခွင့်ပြုမိန့် ရရှိပြီးဖြစ်၍ ဟိုပုံးမြို့နယ် လုံခုတ်ကျေးရွာအုပ်စုရှိ အဆိုပါ မြေပေါ်တွင် စိုက်ပျိုးလုပ်ကိုင်သူများနှင့် အဆောက်အဦ ဆောက်လုပ်နေထိုင်သူများကို ပြန်လည် နေရာချထား‌ရန် တာဝန်ရှိသူများက ပြည်သူများထံ အသိပေးထားပြီး မဖျက်သိမ်းလျှင် အင်အားသုံး ဖယ်ရှားမည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

စစ်ကော်မရှင်လက်အောက်ခံ ဒေသဦးစီးအဖွဲ့မှ အတင်းအဓမ္မ ဖယ်ရှားခိုင်းသည့် အဆိုပါ မြေနေရာများသည် ၁၉၉၂ ခုနစ်ကတည်းက ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာခဲ့သည့် မြေများဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ဒီမြေက ဘိုးဘွားစဉ်ဆက် လုပ်ကိုင်ခဲ့တဲ့ မြေဖြစ်တယ်၊ အခုမှ မြေလွတ်မြေလပ် ဆိုပြီး ခေါင်းစဉ်နဲ့ နေရာဖယ်ခိုင်းတာ။ အစိုးရပိုင်မြေ ပြည်သူတွေက ကျူးကျော်တဲ့သူ ဆိုပြီး အဲ့လိုအမည်တပ်ပြီး မောင်းထုတ်နေတာ”ဟု ဟိုပုံးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့ကြောင့် ၎င်းမြေနေရာတွင် နေထိုင်သူများကို ပြန်လည်နေရာချထားနိုင်ရန်အတွက် မြေကွက်ဖော်ခြင်း၊ လမ်းဖောက်ခြင်း၊ လျှပ်စစ်မီးရရှိရေး လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီး နေအိမ်ဆောက်လုပ် နေထိုင်သူများနှင့် စိုက်ပျိုးလုပ်ကိုင်သူများက သတ်မှတ်ရန်ပုံငွေ ပေးသွင်း၍ ပြန်လည်နေရာချထားပေးမည်ဟု ဆိုသည်။

“အခုဟာက မြေနေရာကလည်း အိမ်တွေဖျက်၊ လူတွေ အကုန်ထွက်ပြီးတော့ ကိုယ့်အိမ်နေရာမှာ ပြန်ပြီး အိမ်ဆောက်နေဖို့ သူတို့ကို သိန်း (၄၀) ရန်ပုံငွေ သွင်းရမယ်တဲ့။ ကိုယ့်နေရာကိုယ် ပိုက်ဆံပြန်ပေးပြီး ဝယ်နေရသလို ဖြစ်နေတာ။ PNO နဲ့ မြေပွဲစားတွေ ပေါင်းပြီး နှင်ထုတ်တဲ့ သဘောပဲ”ဟု အသက် ၃၀ ဝန်းကျင် ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

လုံခုတ်ကျေးရွာအုပ်စုသည် နောင်တောင်းကျောင်း မြောက်ဘက်တွင်ရှိပြီး အဆိုပါ မြေပေါ်တွင် ခွင့်ပြုမိန့်မရှိဘဲ ဆောက်လုပ်ထားသည့် အဆောက်အဦများကို လာမည့် ဖေဖော်ဝါရီလ (၂၇)ရက်နေ့တွင် အပြီးဖျက်သိမ်းပေးရန်နှင့် ရွှေ့ပြောင်းခြင်း မရှိသည့် မြေနေရာများကို အင်အားသုံးကာ ဖယ်ရှား ရှင်းလင်းသွားမည်ဟု စစ်ကော်မရှင်လက်အောက်ခံ ဒေသဦးစီးအဖွဲ့မှ ဖွဲ့စည်းထားသည့် ကျူးကျော်များ ရှင်းလင်းနေရာ ချထားရေး လုပ်ငန်းကော်မတီက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ တတိယပတ်တွင် ဟိုပုံးမြို့နယ် နောင်တောင်းဘုန်းကြီးကျောင်း တောင်ဘက်ရှိ ညောင်ဗင်ကျေးရွာမှ အိမ်ခြေ တစ်ရာကျော်ကို မြေပွဲစားများက စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် PNO တို့ကို ခေါ်လာပြီး ဒေသခံများ ပိုင်ဆိုင်သည့် မြေနေရာကို တပ်ပိုင်နယ်မြေဟု ပြောဆိုကာ အမြန်ဆုံး ဖယ်ရှားပေးရန် လာရောက်ခြိမ်းခြောက်မှု ပြုလုပ်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့နယ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် တရုတ်နိုင်ငံသားများ ဖမ်းဆီးရမိ

0
စိုင်းဆိုင်အိုက်၊ ၂၀၂၆ ဩဂုတ်လ ၈ ရက် ရွှေတြိဂံဟု နာမည်ကြီးသည် မြန်မာ-ထိုင်း-လာအိုနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသားများကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ သြဂုတ် ၆ရက် မနက်ပိုင်းတွင် တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)အုပ်စု၊ဝှေလေလန် ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးရှိ ရှောင်ကွင်းလမ်းတွင် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့်...

ထိုင်းရောက် အာဏာသိမ်းသမ္မတနှင့် စစ်ရာဇဝတ်မှု စွပ်စွဲချက်များ

0
အာဏာသိမ်း သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းအစိုးရက လက်ခံတွေ့ဆုံမှုကို ထိုင်းအရပ်ဘက်အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဖြစ်ခဲ့ပြီး ၎င်းကိုယ်တိုင် စီစဉ်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများမှ သမ္မတဖြစ်လာသူ ဦးမင်းအောင်လှိုင်၏ ထိုတွေ့ဆုံမှုသည် စစ်အာဏာသိမ်းမှုကို နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်ရာရောက်ပြီး မြန်မာပြည်သူများ...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

မြန်မာ အာဏာသိမ်း သမ္မတ ထိုင်းလွှတ်တော်သို့ ရောက်ရှိစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦး အော်ဟစ် ဆန္ဒပြ

0
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ ဩဂုတ်လ ၇ ရက် (သောကြာနေ့) က ထိုင်းလွှတ်တော်သို့ ရောက်ရှိလာစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦးက "ငြိမ်းချမ်းရေးအတွက်၊ လူသားချင်းစာနာမှုအတွက်" (For peace, for humanity) ဟု ကျယ်လောင်စွာ ကြွေးကြော်၍ ပြင်းပြင်းထန်ထန်...