ဟိုပုံး မြေပွဲစားများ PNO ကို အားကိုးပြီး မြေပြန်လုယူရန် ကြိုးစားနေ

သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် ညောင်ဗင်ကျေးရွာတွင် မြေအရောင်းအဝယ်လုပ်သူ (မြေပွဲစား)များက ပအိုဝ်းပြည်သူ့စစ် (PNO) ကိုအားကိုးပြီး ဒေသခံများပိုင်ဆိုင်သည့် မြေကို လုယူနေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ တတိယပတ်တွင် ဟိုပုံးမြို့နယ် နောင်တောင်းဘုန်းကြီးကျောင်း တောင်ဘက်ရှိ ညောင်ဗင်ကျေးရွာ မှ အိမ်ခြေ တစ်ရာကျော်ကို မြေပွဲစားများက စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် PNO ကို ငှားရမ်းပြီး ဒေသခံများပိုင်ဆိုင်သည့် မြေနေရာကို တပ်ပိုင်နယ်မြေဟုပြောဆိုပြီး အမြန်ဆုံးဖယ်ရှားပေးရန် လာရောက်ခြိမ်းခြောက်မှုပြုလုပ်ခဲ့ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်၊

ထို့အပြင် မဖယ်ပေးသည့် နေအိမ်များကို ဘတ်ဖိုးဖြင့် လာရောက်ဖျက်ဆီးမည်ဟုလည်း ခြိမ်းခြောက်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ မြေများသည် လွန်ခဲ့သည့် ၃နှစ်ကျော်က မြေပွဲစားများ အကွက်ရိုက်ပြီး ရောင်းချခဲ့သည့် မြေများဖြစ်သည်။

“မြေပွဲစားတွေကရောင်းတာလည်း သူတို့ပဲ။ ဖယ်ခိုင်းတာလည်း သူတို့ပဲ။ အခုကျတော့ တပ်နယ်မြေ ဆိုပြီးပြန်ဖယ်ခိုင်း၊ ပွဲစားတွေက ပြန်ရောင်းချင်လို့ လုပ်တာလည်း ဖြစ်နိုင်တယ်” ဟု ညောင်ဗင်ကျေးရွာ ဒေသခံ အမျိုးသားတစ်ဉီးက ဆိုသည်။

အဆိုပါ မြေနေရာကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်အပြီး ပြောင်းရွှေ့ကြရန် ပြောထားသော်လည်း ဒေသခံအချို့သာ ပြောင်းရွှေ့နေကြပြီး တစ်ချို့သော ဒေသခံများက နေစရာ မြေမရှိသောကြောင့် မဖယ်ကြဘဲ ဥပဒေနည်းအရ ဖြေရှင်းရန် ကြိုးစားနေကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် PNOဘက်မှလည်း အစိုးရပိုင် မြေဖြစ်ကြောင်း၊ PNO တပ်ဖွဲ့အနေဖြင့် ဝင်ရောက်ခြိမ်းခြောက်ခြင်း မလုပ်ခဲ့ကြောင်လည်း PNO အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“အစိုးရပိုင် မြေမှာ ဝင်ရောက်ကျူးကျော်နေတာ အိမ်ခြေ တစ်ရာလောက်ရှိတယ်၊ အဲဒါ သတိပေးနေတာ သုံးခါရှိနေပြီ သူတို့က မထွက်သွားတာ၊ ကျနော်တို့ အဖွဲ့နဲ့ မဆိုင်ဘူး အဲဒါ အစိုးရ လုပ်တာ ထင်တယ်” ဟု အဆိုပါ PNO အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဟိုပုံးဒေသခံ အများစုသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကာ အသက်မွေးဝမ်းကျောင်း ပြုနေသူများ ဖြစ်ပြီး ရသည့်ငွေကြေးများကို မြေဝယ်စုထားလေ့ရှိကြသည်။

မြေယာနှင့် ပတ်သက်၍ ဥပဒေများကို သိရှိသူနည်းပါးပြီး တပ်ပိုင်မြေများကို ပွဲစားများက အရောင်းဝယ်လုပ် မည်ဆိုပါက လက်နက်ကိုင်နှင့် ဆက်စပ်သည့် ပွဲစားများက လုပ်ကိုင်နိုင်ကြောင်း မြေယာအကြောင်း သိရှိနားလည်သူ ဟိုပုံးဒေသခံ လူငယ် အမျိုးသား တစ်ဦးက ပြောသည်။

“တစ်ချို့က နေတာက ရွာဘက်မှာ နေတယ်၊ ပိုက်ဆံ ဒီတိုင်းထား တာထက် စာရင် ရှိတဲ့ ပိုက်ဆံတွေနဲ့ မြေဝယ်ကြတယ်၊ အခုက ပိုက်ဆံလည်းရှုံး၊ မြေလည်း ရှုံးတယ်၊ တပ်ပိုင်မြေဆိုတဲ့ ဟာကို တော်ရုံလူနဲ့တော့ အရောင်းဝယ်မလုပ်ရဲဘူး၊ သူတို့ထဲက လူပဲ ဖြစ်မယ်၊ အခုက ပွဲစားက လက်နက်ကိုင်ငှားပြီး မောင်းထုတ်ခိုင်းတာ၊ ဥပဒေတိုင်း သွားရင် ဒီနေ့ ခေတ်နဲ့တော့ မလွယ်ဘူး။”ဟု ၎င်းက ပြောသည်။

လွန်ခဲ့သည့် ၁၉၉၂ ခုနှစ်တွင် ဟိုပုံး-လွိုင်လင် လမ်းမကြီးမှ မြေဧက နှစ်သောင်းနီးပါးကို စစ်တပ်မှ သိမ်းဆည်းခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် စစ်ကော်မရှင်မှ ပအိုဝ်းပြည်သူ့စစ် (PNO) မှတစ်ဆင့် ဒေသခံများထံသို့ လွှဲပြောင်းခဲ့သော်လည်း ပအိုဝ်းပြည်သူ့စစ် (PNO) က ဒေသခံများကို မပေးဘဲ ပွဲစားများနှင့် အကွက်ရိုက်ရောင်းချ မှုများ ရှိခဲ့သည်ဟု သိရသည်။

ယမန်နှစ် ၂၀၂၅ ခုနှစ် ဧပြီလတွင်လည်း ဟိုပုံးမြို့၊ နောင်တောင်းဘုန်းကြီးကျောင်း အနီး စစ်ကောင်စီမြေနှင့် ထိစပ်နေသည့် မြေဧက (၅၆၀)ကျော်ပေါ်ရှိ နေအိမ်များနှင့် အုတ်တံတိုင်းများကို မြို့နယ်အုပ်ချုပ်ရေးမှူးကတစ်ဆင့် အသိပေးထုတ်ပြန်ထားမှုလည်း ရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

နှစ်စဉ် ရေကြီး တောင်ပြိုသည့် ဟိုပုံးဒေသ သစ်ပင်စိုက်ရန် စစ်အစိုးရ တပင် ကျပ်လေးရာဖြင့်ရောင်းချနေ

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီး၊ တောင်ပြိုမှုကို ကာကွယ်ရန်အတွက် စစ်အစိုးရ၏ လက်အောက်ခံ သစ်တောဉီးစီးဌာနက သစ်ပင် ပြန်စိုက်ရန် တစ်ပင်လျှင် ကျပ်ငွေလေးရာ(၄၀၀))ဖြင့် ရောင်းချနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၈) ရက်နေ့တွင် သစ်တောဦးစီးဌာနက ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသအတွက် ကော်ဖီပင် ပိုမိုစိုက်ပျိုးနိုင်ရန်နှင့်...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...