လားရှိုးမြို့နယ်မှ အီနိုင်းတံတားဖြတ်သန်းခွင့်ကို ပိတ်ပင်တားမြစ်ထား
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ အီနိုင်းကျေးရွာ အနီးရှိ အီနိုင်းတံတား ဖြတ်သန်း သွားလာခွင့်ကို ပိတ်ပင်ထားကြောင်း စုံစမ်းသိရသည်။ ယနေ့( ဒီဇင်ဘာလ ၂၅) ရက် မွန်းလွဲပိုင်း (၁၂) နာရီဝန်းကျင်မှ စတင်ကာ လားရှိုးမြို့ အဝင် အီနိုင်းကျေးရွာရှိ တံတား ဖြတ်သန်းခွင့်ကို အကန့်အသတ်မရှိ ပိတ်ပင်တားမြစ်လိုက်ခြင်း ဖြစ်ကြောင်း...
ပင်လောင်း-ဖယ်ခုံ စစ်ရှောင်အတွက် ရိက္ခာများကို ကူညီရန် အခက်အခဲဖြစ်နေ
သျှမ်းပြည် ပင်လောင်း-ဖယ်ခုံ တကြောတွင် စစ်ကောင်စီတပ်ဖွဲ့မှ စစ်ရှောင်များအတွက် သွားရောက်ကူညီသူများကို ဓားထောက် စစ်ဆေးကြောင်းစုံစမ်း သိရသည်။ သျှမ်းပြည် ပင်လောင်း-ဖယ်ခုံး တကြောရှိ စစ်ရှောင်များအတွက် သွားရောက်ကူညီသူများကို ဆောင်ပြောင်း၊ ရင်းမှီးနှင့်နောင်တရား ဂိတ်တို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဓားထောက်စစ်ဆေးမှုပြုလုပ်သည့်အတွက် သွားရောက် ကူညီရန်ခက်ခဲနေကြောင်း ဒေသခံများက သျှမ်းသံတောင်ဆင့်ကို ပြောသည်။ “ပစ္စည်းပါတာနဲ့ ပါတဲ့ပစ္စည်းတွေကို...
ထီရီးရွာတွင် လက်နက်ကြီးများ ကျရောက်၊ ဒေသခံများနှင့်အတူ စစ်ရှောင်များပါ ထပ်မံ တိမ်းရှောင်နေရ
SHAN -
သျှမ်းပြည် ညောင်ရွှေမြို့နယ် ထီရီး ကျေးရွာတွင် စစ်ကောင်စီဘက်မှ ပစ်ခတ်သောလက်နက်ကြီးများ ကျရောက်မှုနှင့် သေနတ်သံများကြောင့် ကျေးရွာ ဒေသခံများအပြင် ကရင်နီပြည်မှ စစ်ရှောင်လာသူများပါ ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ သျှမ်း-ကရင်နီ (ကယား) နယ်စပ်ဒေသဖြစ်သော ထီရီး နှင့် ဆောင်နန်းခဲ ကျေးရွာများတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၁)...
နမ့်ခမ်းမြို့သိမ်းအောင်ပွဲ ဆင်နွှဲမည့် TNLA တပ်ဖွဲ့ကြောင့် ဒေသခံများက လုံခြုံရေးစိုးရိမ်
သျှမ်းပြည် နမ့်ခမ်းမြို့တွင် TNLA တပ်ဖွဲ့က မြို့သိမ်းအောင်ပွဲ ဆင်နွှဲလာမည့်အပေါ် ဒေသခံများက လုံခြုံရေးကို အလွန်အမင်း စိုးရိမ်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်)တပ်ဖွဲ့ TNLA မှ နမ့်ခမ်းမြို့သိမ်းအောင်ပွဲကို ဒီဇင်ဘာလ ၂၅ ရက်တွင် ပြုလုပ်မည်ဟု ဒေသခံများအကြား ပျံ့နှံ့နေပြီး ၎င်းလုပ်ရပ်ကြောင့် လုံခြုံရေးအခြေအနေ စိုးရိမ်နေရကြောင်း နမ့်ခမ်းဒေသခံများက...
မူဆယ်မြို့နယ် တိုက်ပွဲပြင်းထန်နေ၊ စစ်တပ်မှ လေယာဉ်ဖြင့် ဗုံးကြဲ
သျှမ်းပြည် မူဆယ်မြို့နယ် နမ့်ခွမ်ရွာ-တုန်ခန်ရွာအကြားတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် နေကြောင်း သတင်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၄ ရက်) မွန်းလွဲပိုင်းအချိန်မှစပြီး မူဆယ်မြို့နယ် နမ့်ခွမ်ရွာ-တုန်ခုန်ရွာ အကြားတွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း...
မန်တုံမြို့နယ်ကို TNLA တပ်ဖွဲ့ သိမ်းပိုက်ပြီးနောက် စတုတ္ထမြောက် ထိန်းချုပ်နိုင်သည့် မြို့ဖြစ်လာ
သျှမ်းပြည် မန်တုံမြို့နယ်ကို TNLA တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စတုတ္ထမြောက် ထိန်းချုပ်နိုင်သည့် မြို့ဖြစ်လာကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်)တွင် မန်တုံမြို့အခြေစိုက် စစ်ကောင်စီတပ် ခလရ-၁၃၀ ကို တအာင်း(ပလောင်)တပ်ဖွဲ့ TNLA က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မန်တုံမြို့သည် နမ့်ဆန်၊ နမ့်ခမ်းနှင့်...
နမ့်ခမ်းတွင် နေ့စဥ်နီးပါး အိမ်များဖောက်ထွင်းခံရ
နမ့်ခမ်းမြို့တွင် TNLA ထိန်းချုပ်ပြီးနောက်ပိုင်း ပြည်သူနေအိမ်များ နေ့စဉ်နီးပါး ဖောက်ထွင်းခံနေရကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် နမ့်ခမ်းမြို့တွင် "၁၀၂၇ စစ်ဆင်ရေး" စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်(၃)ဖွဲ့တို တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ နေရပ်စွန့်ခွာ စစ်ဘေးရှောင်ခဲ့ကြသည်။ ထို့နောက် နမ့်ခမ်းမြို့ကို TNLA တပ်ဖွဲ့မှ ဒီဇင်ဘာ ၁၉ရက် နံနက် ၁နာရီကျော်တွင် အလုံးစုံထိန်းချုပ်နိုင်ခဲ့ပြီး...
ကွတ်ခိုင် လက်နက်ကြီးကြောင့် အရပ်သား ၁ ဦး သေဆုံး၊ကလေးမိခင် အပါအဝင် ၂ ဦး ဒဏ်ရာရ
သျှမ်းပြည် ကွတ်ခိုင်မြို့တွင် စစ်ကောင်စီလက်နက်ကြီးကြောင့် အရပ်သား ၁ ဦး သေဆုံးခဲ့ပြီး ကလေးမိခင် အပါအဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ၂၁ ရက် နေ့လယ် ၁ နာရီခွဲခန့်က ကွတ်ခိုင်မြို့နယ် လွယ်ပယ်ကျေးရွာသို့ စစ်ကောင်စီလက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် အသက် ၂၅...
မူဆယ်မြို့ အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ ခြေထောက်ပြတ်သွား
သျှမ်းပြည် မူဆယ်မြို့တွင် ယနေ့ (ဒီဇင်ဘာ ၂၃)ရက် နေ့လည် ၁နာရီဝန်းကျင်တွင် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်ပြတ်သွားကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ရွှေလီမြစ်(နမ့်မောဝ်) ကမ်းဘေး နွားခြံတစ်ခုအနီးတွင် ယနေ့ (ဒီဇင်ဘာလ ၂၃) ရက် နေ့လည် ၁ နာရီဝန်းကျင်၌ အမျိုးသားတစ်ဦး...
နမ္မတူမြို့ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား (၂)ဦးထိခိုက်ဒဏ်ရာရ
သျှမ်းပြည် ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်ရာ ကလေးတစ်ဦးနှင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရသွား ကြောင်း စုံစမ်းသိရသည်။ ယနေ့( ဒီဇင်ဘာလ ၂၃) ရက် နံနက်ပိုင်း ၅ နာရီကျော်မှ ၁၀ နာရီဝန်းကျင်အထိ နမ္မတူမြို့ အခြေစိုက် စစ်ကောင်စီ၏...





