ထိုင်း-မြန်မာနယ်စပ် လူကုန်ကူးခံရမှု မြင့်တက်၊ မသွားကြရန် တရုတ်သံရုံး အထူးသတိပေး

ထိုင်းနိုင်ငံရောက် တရုတ်နိုင်ငံသားအများအပြား လစာကောင်းသော အလုပ်အကိုင်များနှင့် လှည့်ဖြားခြင်းခံရပြီး ထိုင်း-မြန်မာနယ်စပ်ရှိ တရားမဝင် အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများအတွင်းသို့ လူကုန်ကူးခြင်းခံနေရသဖြင့် အထူးသတိပြုကြရန် ထိုင်းနိုင်ငံရှိ တရုတ်သံရုံးက အရေးပေါ်သတိပေးချက်တစ်ရပ် ထုတ်ပြန်ထားသည်။

ယနေ့ (ဧပြီလ ၂၄ ရက်) တွင် ထိုင်းနိုင်ငံ၊ တရုတ်သံရုံး ဝက်ဆိုက်ဒ် မှ ရာဇဝတ်ဂိုဏ်းများသည် လူမှုကွန်ရက်စာမျက်နှာများနှင့် ဗီဒီယိုအတိုများ တင်ဆက်သည့် App များမှတစ်ဆင့် “လစာကောင်းသော အလုပ်အကိုင်”၊ “အခမဲ့ ခရီးသွားလာရေး” စသည့် ခေါင်းစဉ်များဖြင့် မြှူဆွယ်ပြီး တရုတ်နိုင်ငံသားများကို ထိုင်းနိုင်ငံမှတစ်ဆင့် နယ်စပ်ဒေသများသို့ ခေါ်ဆောင်သွားခံရမှုများရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ လှည့်ဖြားခံရသူများသည် နယ်စပ်သို့ ရောက်ရှိသွားသည့်အခါ အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် အဓမ္မခိုင်းစေခြင်းခံရသည့်အပြင် ကိုယ်ထိလက်ရောက် အကြမ်းဖက်ခံရခြင်း၊ တရားမဝင် ဖမ်းဆီးချုပ်နှောင်ခံရခြင်းနှင့် အသက်အန္တရာယ် ခြိမ်းခြောက်ခံရခြင်းများကိုပါ ကြုံတွေ့နေနိုင်ကြောင်းဖော်ပြထားသည်။

ထို့ကြောင့် ထိုင်းနိုင်ငံသို့ လာရောက်ကြမည့် တရုတ်နိုင်ငံသားများအနေဖြင့် အောက်ပါအချက်များကို အထူးဂရုပြုရန် သံရုံးက တိုက်တွန်းထားသည်။

အွန်လိုင်းပေါ်တွင် “မည်သည့်အရည်အချင်းမျှ မလိုအပ်ဘဲ လစာကောင်းကောင်းရမည်” ဟူသော ဖိတ်ခေါ်မှုများနှင့် အွန်လိုင်းမှ တဆင့် မိတ်ဆွေဖွဲ့ပြီး ရင်းနှီးသူများအဖြစ်ဟန်ဆောင်ကာ ထောင်ချောက်ဆင်ဖိတ်ခေါ်ခြင်း (Acquaintance Traps) များကို သတိထားရန်။

နယ်စပ်ဒေသများသို့ စွန့်စားသွားလာခြင်းနှင့် တရားမဝင် လမ်းကြောင်းများမှ ဝင်ထွက်ခြင်းများ မပြုလုပ်ရန်။

မိမိ၏ အရေးကြီး Passport ကဲ့သို့သော အထောက်အထားများကို အခြားသူများလက်သို့ မအပ်နှံရန်။

မိမိရောက်ရှိနေသည့် နေရာနှင့် ခရီးစဉ်ကို မိသားစုထံ အမြဲအသိပေးထားရန်။
အကယ်၍ အန္တရာယ်ရှိသည့် အခြေအနေနှင့် ကြုံတွေ့ရပါက ဒေသခံရဲတပ်ဖွဲ့ သို့မဟုတ် တရုတ်သံရုံးထံ အမြန်ဆုံး ဆက်သွယ်အကူအညီတောင်းခံရန်လည်း ညွှန်ကြားထားသည်။

ထို့ပြင် အွန်လိုင်းငွေလိမ်လည်မှုများတွင် ကိုယ်တိုင်ပါဝင်ကျူးလွန်ပါကလည်း တရုတ်နိုင်ငံနှင့် သက်ဆိုင်ရာနိုင်ငံများ၏ ဥပဒေအရ ပြင်းထန်စွာ အရေးယူခံရမည်ဖြစ်ကြောင်း သံရုံးက သတိပေးထားသည်။

လက်ရှိတွင် ထိုင်း-မြန်မာနယ်စပ်ဒေသများ၌ အွန်လိုင်းရာဇဝတ်မှုဂိုဏ်းများ၏ လှုပ်ရှားမှုများကြောင့် ဒေသတွင်း လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများ မြင့်တက်လျက်ရှိပြီး သက်ဆိုင်ရာ အစိုးရများကလည်း နှိမ်နင်းမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း ကိုလည်း တရုတ်သံရုံး၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်း-မြန်မာနယ်စပ်တွင် မူးယစ်မှောင်ခိုများနှင့် ထိုင်းစစ်တပ်တို့ ပစ်ခတ်၊ မူးယစ်ဆေး တစ်သန်းကျော် သိမ်းဆည်းရမိ

0
ထိုင်း-မြန်မာနယ်စပ် ချင်းမိုင်ခရိုင် ဖန်မြို့နယ်တွင် မြန်မာနိုင်ငံဘက်မှ မူးယစ်ဆေးသယ်ဆောင်လာသည်ဟု ယူဆရသည့်အဖွဲ့နှင့် ထိုင်းနယ်ခြားစောင့် စစ်တပ်တို့ ယမန်နေ့ (အောက်တိုဘာလ ၂၇) ရက် နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး ၆ ဦးအသေဖမ်းမိကြောင်း သတင်းသိရသည်။ တောင်တက်ကျောပိုးအိတ်ရှစ်လုံး ထဲတွင် မက်သာဖက်တမင်းဆေးပြား စုစုပေါင်း ၁,၂၀၀,၀၀၀ ခန့်နှင့် သေနတ်နှစ်လက်ကိုလည်း ထိုင်းအာဏာပိုင်များက...

ထိုင်း-မြန်မာ နယ်စပ်ဖြတ်သန်းသွားလာခွင့် (BP) စာအုပ်များ လူဦးရေ အကန့်အသတ်ဖြင့် ပြုလုပ်ပေး

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ ရှိ နှစ်နိုင်ငံ ကမ်းကူးစာအုပ်များ ပြုလုပ်ပေးသည့် နေရာများတွင် ရေကြီးပြီး စက်ပျက်သွားသဖြင့် တစ်နှစ် နယ်စပ်ဖြတ်သန်းသွားလာခွင့် (BP) စာအုပ်ကို လူဦးရေ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်ပေးနေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် ရေကြီးရေလျှံမှုကြောင့် တာချီလိတ်မြို့ အမှတ် (၁) ချစ်ကြည်ရေး...

ထိုင်း-မြန်မာနယ်စပ် မြစ်ရေညစ်ညမ်းမှုပြဿနာ ဖြေရှင်းရန် ထိုင်းကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ထိ သွားညှိနှိုင်းမည်

0
သျှမ်းပြည်အရှေ့ပိုင်းတွင် မြစ်ဖျားခံပြီး ထိုင်း-မြန်မာနယ်စပ်တလျှောက် ဖြတ်သန်းစီးဆင်းနေသည့် မြစ်ချောင်းများထဲ ရေထုညစ်ညမ်းမှုကို ဖြေရှင်းရန် ထိုင်းအစိုးရ ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်သို့ သွားရောက်ညှိနှိုင်းမည်ဟု သိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၆ ရက်) တွင် ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်ခန်းမ၌ မယ်ဆိုင်ချောင်း၊ မယ်ဟုတ်ချောင်း၊ နမ့်ခုတ်မြစ်နှင့် မဲခေါင်မြစ်ဝှမ်းတလျောက် နေထိုင်သည့်...

“ အနာဂတ်အတွက် အသက်သွေးကြော ပျက်သွားပြီ “

0
“ဒီလိုရေနှောက်တာ၊ ရေကြီးတာ တခါမှ မကြုံဖူးဘူး။ နမ့်ခုတ်ရေက သုံးလို့မရတော့ဘူး။ ငါးတွေကိုလည်း ကျမတို့ မစားရဲတော့ဘူး” လို့ အသက် ၇၀ အရွယ်ရှိ နန်းမွန်းက ထိုင်းဘာသာစကားနဲ့ ပြောပါတယ်။ နန်းမွန်ဟာ အသက် ၇၀ ကျော်အရွယ်ရှိပြီး ချင်းရိုင်းမြို့မှာ မွေးဖွားကြီးပြင်းလာခဲ့သူ ဖြစ်ပါတယ်။ ဒါ့ကြောင့် နမ့်ခုတ်မြစ်ရဲ့ ရေအရောင်ပြောင်းလဲမှုတွေ၊...

ချင်းမိုင်တွင် ထိုင်း-မြန်မာ ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေး ကျင်းပနေ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ထိုင်း-မြန်မာ ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေး (RBC) ကျင်းပလျက်ရှိပြီး စစ်ကောင်စီကိုယ်စားလှယ်များ တက်ရောက်နေကြောင်း သတင်းသိရသည်။ ဇူလိုင်လ ၂ ရက်မှ ၄ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သုံးရက်တာ ကျင်းပပြုလုပ်နေသည့် (၃၇) ကြိမ်မြောက် ထိုင်း-မြန်မာ ဒေသဆိုင်ရာ နယ်ခြားကော်မတီ...