ထိုင်း-မြန်မာနယ်စပ် မြစ်ရေညစ်ညမ်းမှုပြဿနာ ဖြေရှင်းရန် ထိုင်းကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ထိ သွားညှိနှိုင်းမည်

သျှမ်းပြည်အရှေ့ပိုင်းတွင် မြစ်ဖျားခံပြီး ထိုင်း-မြန်မာနယ်စပ်တလျှောက် ဖြတ်သန်းစီးဆင်းနေသည့် မြစ်ချောင်းများထဲ ရေထုညစ်ညမ်းမှုကို ဖြေရှင်းရန် ထိုင်းအစိုးရ ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်သို့ သွားရောက်ညှိနှိုင်းမည်ဟု သိရသည်။

ယမန်နေ့ (ဇူလိုင်လ ၁၆ ရက်) တွင် ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်ခန်းမ၌ မယ်ဆိုင်ချောင်း၊ မယ်ဟုတ်ချောင်း၊ နမ့်ခုတ်မြစ်နှင့် မဲခေါင်မြစ်ဝှမ်းတလျောက် နေထိုင်သည့် ပြည်သူများနှင့် ထိုင်းအာဏာပိုင်များမှ လူထုတွေ့ဆုံဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ ထိုင်းအစိုးရ တာဝန်ရှိသူများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များနှင့် ဒေသခံများ စုစုပေါင်း (၁၀၀) ကျော် တက်ရောက်ဆွေးနွေးခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

ထို့အပြင် ချင်းရိုင်းခရိုင်လွှတ်တော်အမတ်ဟောင်း၊ အာဆီယံအစိုးရများ၏ လူ့အခွင့်အရေးကော်မရှင် (AICHR)မှ ထိုင်းကိုယ်စားလှယ်၊ မဲခေါင်မြစ်စောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မယ်ဆိုင်ကုန်သည်ကြီးများဥက္ကဋ္ဌနှင့် The Reporters သတင်းဌာနတည်ထောင်သူတို့လည်း ဆွေးနွေးပွဲသို့ တက်ရောက်ကာ အကြံဉာဏ်များ ပေးခဲ့ကြောင်း သိရသည်။

ထိုင်း-မြန်မာနယ်စပ် မြစ်ရေညစ်ညမ်းမှုပြဿနာ ဖြေရှင်းရန် ထိုင်းကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ထိ သွားညှိနှိုင်းမည်

ထိုင်း-မြန်မာနယ်စပ်တလျှောက် မြစ်ချောင်းများထဲတွင် ရေထုညစ်ညမ်းမှုအကြောင်း သတင်းထွက်ပေါ်လာပြီးနောက် ချင်းရိုင်းခရိုင်ရှိ ထိုင်းအစိုးရ တာဝန်ရှိသူများမှ မြစ်ရေကို တစ်လလျှင် နှစ်ကြိမ် အရည်အသွေး စစ်ဆေးပြီး မြို့တွင်းရေပေးဝေမှုစနစ်အပြင် ငါးများကိုလည်း စမ်းသပ်စစ်ဆေးခဲ့ကြောင်း ချင်းရိုင်းခရိုင် ဒုတိယအုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

အဆိုပါ မြစ်ချောင်းများထဲတွင် အာဆင်းနစ်၊ ခဲနှင့် မန်းဂနိစ်ကဲ့သို့ အဆိပ်သင့်သတ္တုများသည် ထိုင်းနိုင်ငံမှ သတ်မှတ်ထားသည့် ဘေးကင်းလုံခြုံရေး စံနှုန်းများထက် ကျော်လွန်နေကြောင်း တွေ့ရှိရသော်လည်း သန့်စင်ထားသော မြို့ရေပေးဝေရေးစနစ်မှ ဖြန့်ဖြူးနေသည့် သောက်သုံးရေများမှာ ဘေးကင်းကြောင်း ဆိုသည်။

သို့သော် မြန်မာဘက်မှ တာဝန်ရှိသူများသည် တင်းကြပ်မှုမရှိသည့် ဘေးကင်းလုံခြုံရေး စံနှုန်းများကို ကိုင်စွဲပြီး ရေညစ်ညမ်းမှုမရှိကြောင်း ယူဆထားသည့်အတွက် ယခုအကြပ်အတည်းကို တုံ့ပြန်နိုင်ရန် အာဆီယံအစိုးရများ၏ လူ့အခွင့်အရေးကော်မရှင် (AICHR) ထံသို့ နယ်စပ်ဖြတ်ကျော် လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ရပ်အဖြစ် စုံစမ်းစစ်ဆေးပေးရန် တိုက်တွန်းသည့် စာတစ်စောင်လည်း တင်သွင်းမည်ဟု သိရသည်။

ပုံစာ – မယ်ဆိုင်တွင် ထိုင်းအစိုးရနှင့် ဒေသခံများ လူထုတွေ့ဆုံပွဲ ပြုလုပ်စဉ် (Photo Credit:)

ထိုင်းဒုတိယဝန်ကြီးချုပ် ပရာဆတ် ချန်ထရာရွမ်ထောင်း (Prasert Chanthararuangthong) ဦးဆောင်သော ထိုင်းအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာစစ်ကောင်စီနှင့် တိုက်ရိုက်ညှိနှိုင်း ဖြေရှင်းရန်အတွက် သြဂုတ်လ ၄ ရက်မှ ၈ ရက်နေ့အထိ နေပြည်တော်သို့ သွားရောက်ရန် စီစဉ်ထားကြောင်း လူထုတွေ့ဆုံပွဲအပြီးတွင် သတင်းထုတ်ပြန်သည်။

လက်ရှိတွင် ထိုင်းဒေသခံများမှာ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်းအပေါ် သက်ရောက်လာမည်ကို စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး အရေပြားတွင် အဖုအပိန့်များ ထွက်ခြင်းနှင့် ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ခံစားနေရကြောင်း၊ အချို့မှာ ရေနှင့် အစားအစာ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုကြောင့် စိတ်ကျန်းမာရေးကုသမှု ခံယူရန် လိုအပ်လျက်ရှိကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

ထိုင်းနယ်စပ်မှ ၂၅ ကီလိုမီတာခန့် ကွာဝေးသော သျှမ်းပြည်အရှေ့ပိုင်းရှိ စစ်ကောင်စီနှင့် ‘ဝ’တပ်ဖွဲ့ UWSA တို့ ပူးပေါင်းထိန်းချုပ် မိုင်းဆတ်မြို့တောင်ဘက် မိုင်းယွန်းဒေသတွင် ရွှေနှင့် မြေရှားသတ္တု တူးဖော်မှုများမှ စွန့်ပစ်ပစ္စည်းများကြောင့် ထိုင်းနိုင်ငံအတွင်း ဖြတ်သန်းစီးဆင်းသွားသည့် နမ့်ခုတ်မြစ် ရေအရည်အသွေး ဆိုးဝါးလာမှုကို ထိုင်းပြည်သူများ စိုးရိမ်မှုမြင့်တက်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နယ်စပ်ပဋိပက္ခနှင့် လက်နက်မှောင်ခိုမှု တိုက်ဖျက်ရေး ထိုင်း-မြန်မာ စစ်ဘက်ခေါင်းဆောင်များ ဆွေးနွေး

0
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် (၉) ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (HLC) တွင် နှစ်နိုင်ငံနယ်စပ်တစ်လျှောက် လက်နက်ကိုင်ပဋိပက္ခများ လျှော့ချရေးနှင့် လက်နက်ခဲယမ်းမှောင်ခို ရောင်းဝယ်မှုများကို အမြစ်ပြတ်တိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံစစ်ဘက်ခေါင်းဆောင်များက ဆွေးနွေးခဲ့ကြသည်။ ယမန်နေ့ (ဩဂုတ်လ ၁၉ ရက်) တွင် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ ပထမဆုံး...

UWSA ထိန်းချုပ်ဒေသ ခရစ်ယာန်ဝတ်ပြုကျောင်းများ ပိတ်ထားခိုင်း၊ အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှုရှိနေဟုဆို

0
သျှမ်းပြည် 'ဝ'တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ ပိတ်သိမ်းခံရပြီး အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှု ရှိနေကြောင်း စုံစမ်းသိရသည်။ လတ်တလောတွင် နာမည်ကြီးနေသည့် ခရစ်ယာန်ဘာသာရေးအမည်ခံ "ယေရှုတရုတ်မ”ဆိုသည့် ဂိုဏ်းအဖွဲ့ကြောင့် 'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA ထိန်းချုပ်ဒေသ ပန်ဆန်း၊ မိုင်းပေါက်၊ နားဝီးနှင့် ၁၇၁ တောင်ပိုင်းစစ်ဒေသ...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

စစ်အစိုးရ ရက်(၁၀၀) စီမံချက်အလွန် ‘ဝ’တပ်ဖွဲ့ UWSA နေပြည်တော်ခရီးစဉ် ထွက်ပေါ်

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA ကိုယ်စားလှယ်များသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်တွင် ရောက်ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂ ရက်) တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...