ထိုင်းကိုယ်စားလှယ်အဖွဲ့
ထိုင်း-မြန်မာနယ်စပ် မြစ်ရေညစ်ညမ်းမှုပြဿနာ ဖြေရှင်းရန် ထိုင်းကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ထိ သွားညှိနှိုင်းမည်
SHAN -
သျှမ်းပြည်အရှေ့ပိုင်းတွင် မြစ်ဖျားခံပြီး ထိုင်း-မြန်မာနယ်စပ်တလျှောက် ဖြတ်သန်းစီးဆင်းနေသည့် မြစ်ချောင်းများထဲ ရေထုညစ်ညမ်းမှုကို ဖြေရှင်းရန် ထိုင်းအစိုးရ ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်သို့ သွားရောက်ညှိနှိုင်းမည်ဟု သိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၆ ရက်) တွင် ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်ခန်းမ၌ မယ်ဆိုင်ချောင်း၊ မယ်ဟုတ်ချောင်း၊ နမ့်ခုတ်မြစ်နှင့် မဲခေါင်မြစ်ဝှမ်းတလျောက် နေထိုင်သည့်...





