ထိုင်း-မြန်မာ နယ်စပ်ဖြတ်သန်းသွားလာခွင့် (BP) စာအုပ်များ လူဦးရေ အကန့်အသတ်ဖြင့် ပြုလုပ်ပေး

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ ရှိ နှစ်နိုင်ငံ ကမ်းကူးစာအုပ်များ ပြုလုပ်ပေးသည့် နေရာများတွင် ရေကြီးပြီး စက်ပျက်သွားသဖြင့် တစ်နှစ် နယ်စပ်ဖြတ်သန်းသွားလာခွင့် (BP) စာအုပ်ကို လူဦးရေ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်ပေးနေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လတွင် ရေကြီးရေလျှံမှုကြောင့် တာချီလိတ်မြို့ အမှတ် (၁) ချစ်ကြည်ရေး တံတားအောက်ရှိ TBP/ BP အရောင်းကောင်တာများ ရေနစ်မြုပ်ပြီး ဆာဗာလိုင်းများ ပျက်စီးသွားသဖြင့် စာအုပ် ပြုလုပ်ခြင်း၊ အသစ်လဲလှယ်ခြင်း ရပ်နားထားခဲ့ရခြင်း ဖြစ်သည်။

“အခုက ပြန်လုပ်ပေးနေပြီ၊ တစ်နေ့ကို အယောက် ၃၀ လောက် လုပ်ပေးတယ်။ မိုးမလင်းခင် နံနက် ၄ နာရီကတည်းက သွားတန်းစီရတယ်၊ နောက်ကျရင်တော့ မရတော့ဘူး။ စာအုပ်က မလောက်ဘူးလို့ ပြောတယ်” ဟု တာချီလိတ်မြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စာအုပ်လုပ်ရန်အတွက် တန်းစီစောင့်ဆိုင်းနေရသူများကို စာအုပ် မလောက်ငှ၊ စာအုပ် ကုန်နေသည်ဟု အကြောင်းပြကာ လူဦးရေ အကန့်အသတ်ဖြင့် ပြုလုပ်ပေးနေသော်လည်း ပွဲစားမှ တစ်ဆင့်ပြုလုပ်ပါက ဘတ် ၁,၀၀၀ ကုန်ကျပြီး ချက်ချင်းရရှိကြောင်း ၎င်းက ပြောသည်။

တစ်နှစ် နယ်စပ်ဖြတ်သန်းသွားလာခွင့် (BP) စာအုပ်ကို တာချီလိတ်မြို့တွင် နေထိုင်သူတစ်ဦးအနေဖြင့် အိမ်ထောင်စုစာရင်း၊ ရပ်ကွက်နှင့် ရဲထောက်ခံချက်များဖြင့် လဝကတွင် ၁၀၀ ဘတ် ပေးသွင်းပြီး ပြုလုပ်ရခြင်း ဖြစ်သည်။

အဆိုပါစာအုပ် ပြုလုပ်လျှင် တရားဝင် သတ်မှတ်ဈေးနှုန်းမှာ ၁၀၀ ဘတ်သာ ရှိသည်။

သို့သော် ရေကြီးပြီးနောက် ဆာဗာလိုင်းများ ပျက်စီးနေသည်၊ စာအုပ် ကုန်နေသည်ဟု အကြောင်းပြပြီး လူဦးရေ အကန့်အသတ်ဖြင့် ပြုလုပ်ရသည့်အပြင် ပွဲစားဖြင့် ပြုလုပ်ပါက ကုန်ကျစရိတ်များလာသည့်အတွက် အခက်အခဲ ကြုံတွေ့နေရကြောင်း တာချီလိတ်မြို့ ကုန်သည်တစ်ဦးက ပြောသည်။

“အရင်တုန်းက မနက်ပိုင်းသွားလုပ်ရင် နေ့လယ်မှာ စာအုပ်ရပြီ၊ ဒါပေမယ့် ရေကြီးပြီးနောက်ပိုင်း ဘာဖြစ်သွားတာလဲ မသိဘူး။ တချို့ရက်တွေဆိုရင် အယောက် ၅၀ လုပ်ပေးတယ်၊ တချို့ရက်တွေဆိုရင်လည်း ၁၀ ယောက်ပဲ လုပ်ပေးတယ်၊ တချို့ရက်ကျတော့ မလုပ်ပေးတော့ဘူး။ ပြီးတော့ အခုစာအုပ်ကို ပွဲစားနဲ့လုပ်ရင် ဘတ် ၁,၀၀၀ လောက်ကုန်တယ်၊ ကျနော်တို့အတွက် မတတ်နိုင်ဘူး” ဟု ၎င်းက ပြောသည်။

ယခင်က နှစ်နိုင်ငံ ကမ်းကူးစာအုပ်များ ပြုလုပ်ပေးသည့် နေရာတွင် TBP/ BP စာအုပ်ကို စက် (၅) လုံးဖြင့် တပြိုင်နက် လုပ်ဆောင်ပေးခဲ့ရာ ယခုနှစ် ၂၀၂၅ ဇွန်လတွင် ရေကြီးမှုဖြစ်ပြီးနောက် စက် (၃) လုံးဖြင့် လုပ်ဆောင်နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် တရုတ်လူမျိုးအပါအဝင် ကျားဖြန့်သမား ၅၆ ဉီး ထပ်မံဖမ်းခံရ

0
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၅ ဦးအပါအဝင် စုစုပေါင်း ၅၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (စက်တင်ဘာ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက်အတွင်း အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာကို စစ်ကောင်စီတပ်တို့...

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...

တာချီလိတ်တွင် စစ်သားအယောင်ဆောင်ကာ လူငယ်များကို ဖမ်းဆီးနေသည့် အဖွဲ့ကို ဖမ်းမိ

0
သျှမ်းပြည်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် စစ်သားအယောင်ဆောင်ကာ လမ်းပေါ်တွေ့ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေသည့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဩဂုတ်လ ၃၀ ရက်) နံနက်အစောပိုင်းတွင် တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ဟုတ်တံတား၌ ရှောင်တခင်...

တာချီလိတ်-မယ်ဆိုင် တံတားဖြတ်ခ သတ်မှတ်နှုန်းထက်ပိုကောက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေးအမှတ် (၁) တံတားတွင် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံဘက်သို့ ဖြတ်သန်းရာ၌ သတ်မှတ်ထားသည့် အခကြေးငွေထက် စစ်ကော်မရှင် လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (လဝက) က ပိုပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။​ လုပ်ထုံးလုပ်နည်းအရ တံတားဖြတ်သန်းမည့် မြန်မာနိုင်ငံသားများအနေဖြင့် UID စမတ်ကတ်၊...