မြေမြုပ်မိုင်းကြောင့် သေဆုံးမှု သျှမ်းပြည် အများဆုံးဖြစ်
သျှမ်းပြည်တွင် မြေမြုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်အကြွင်းအကျန်များကြောင့် ထိခိုက်သေဆုံးမှုဦးရေ အများဆုံးဖြစ်ကြောင်း မြေမြုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာ ရေးအဖွဲ့ Landmine & Cluster Munition Monitor က ထုတ်ပြန်လိုက်သည်။ မြန်မာနိုင်ငံတစ်ဝှမ်း နေပြည်တော်မှလွဲ၍ တိုင်းနှင့်ပြည်နယ်အသီးသီးမှာ မြေမြုပ်မိုင်းနှင့် ပေါက်ကွဲစေ တတ်သော စစ်အကြွင်းကျန်...
ရွာငံတွင် သူခိုးများသောင်းကြမ်း ဒေသထွက်သီးနှံများကိုပါ ခိုးယူမှုရှိနေ
SHAN -
သျှမ်းပြည် တောင်ပိုင်း ရွာငံဒေသဖက်တွင် သူခိုးများ သောင်းကြမ်းနေပြီး ဒေသထွက်သီးနှံများကိုပါ ခိုးယူမှုရှိနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။ ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာဖက်တွင် သူခိုးများသောင်းကြမ်းနေပြီး ဒေသထွက်သီးနှံဖြစ်သည့် လိမ္မော်သီးတွေကိုခိုးယူမှုထိရှိနေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။ "လိမ္မော်သီးကလဲစျေးကမကောင်းဘူး၊ ခုတလောမိုးကလဲအုံ့တော့ အသီးတွေကလည်း ပျက်တယ်။ ကြားထဲ သူခိုးကလည်း သောင်းကြမ်းနေတော့ ပိုဆိုးတာပေါ့။...
သီပေါ-နမ္မတူကြား မိုးတေ တံတား ထပ်မံဖျက်ဆီးခံရ
သျှမ်းပြည် သီပေါမြို့နှင့် နမ္မတူမြို့ကြားရှိ မိုးတေတံတား တစ်စင်းထပ်မံ ဖျက်စီးခံလိုက်ရပြီး ယာဉ်ကြီးများဖြတ်သန်းသွားလာ၍ မရတော့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၈ ရက်) ညနေပိုင်းအချိန်တွင် သီပေါမြို့နှင့် နမ္မတူမြို့ကြားရှိ မိုးတေတံတား တစ်စင်းမှာ ထပ်မံဖျက်ဆီးခံရပြီး ဆိုင်ကယ်မှလွဲ၍ အခြားယာဉ်ကြီးများ ဖြတ်သန်းသွားလာ၍ မရတော့ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို...
လားရှိုးမှသည် မန္တလေး၊ မိတ္ထီလာ လွင်ပြင်ဆီသို့
SHAN -
ဒေါ်လာ ဘီလီယံ ၁၀ ချီ တန်ဖိုးရှိမည်ဟု ခန့်မှန်းရသည့် ခေတ်မှီမြို့ကြီးသည် လေကြောင်းမှ ဗုံးကြဲသည့် ဒဏ်ရာဒဏ်ချက်များနှင့် အကျည်းတန်နေလေပြီ။ ဗုံးနှင့် လက်နက်ကြီး လက်နက်ငယ်သံကြားတွင် မြို့တော် လောက်ကိုင် မပျက်မဆီး အကောင်းအတိုင်း ရရှိရေးဆိုသည့် MNDAA တပ်ဖွဲ့၏ မျှော်လင့်ချက် ပျက်ပြယ်ခဲ့ရပြီ ဖြစ်သည်။ သို့သော်...
မူဆယ်မြို့ အမျိုးသမီးတစ်ဦး ကျည်ထိမှန်
သျှမ်းပြည် မူဆယ်မြို့ ကောင်းမူးတုံရပ်ကွက်နေ အမျိုးသမီးတစ်ဦးသည် ယနေ့ (ဒီဇင်ဘာ ၂၈)ရက် နေ့လည် ၁နာရီတွင် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဥ်မှာ ယနေ့ (ဒီဇင်ဘာ ၂၈)ရက် နေ့လည် ၁နာရီဝန်းကျင်တွင် စစ်ကောင်စီ မှရဟတ်ယာဥ်ဖြင့် မူဆယ်မြို့ပေါ် လှည့်နေချိန် ညီနောင်မဟာမိတ်တပ်ဖွဲ့ မှ မြေပြင်မှ...
နမ္မတူမြို့နယ် တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးကြောင့် အရပ်သား ၂ ဦး သေဆုံး
သျှမ်းပြည် နမ္မတူမြို့နယ်အတွင်း တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အာဏာသိမ်း စစ်ကောင်စီ တို့၏ တိုက်ပွဲ ပြင်းထန်နေပြီး လက်နက်ကြီးကြောင့် အရပ်သား ၂ ဦး သေဆုံးရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၆) ရက် နံနက်ပိုင်း...
စစ်ကောင်စီနှင့် စစ်ရေးပြင်းထန်နေသည့် ညီနောင် (၃)ဖွဲ့တို့ ဒုတိယအကြိမ် တွေ့ဆုံ
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ ပြင်းထန်နေသည့် စစ်ရေးရှိန်လျော့ ရေးအတွက်ကို တရုတ်နိုင်ငံက ဒုတိယအကြိမ် နွေးဆွေးပွဲကို ကြားဝင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ဒုတိယအကြိမ်အစည်းအဝေးကို စစ်ကောင်စီဘက်က အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ - NSPNC က ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်...
မိုးနဲမြို့နယ် ဘုန်းကြီးကျောင်းဝန်းအတွင်း ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦး လောင်းကစားများဖွင့်လှစ်နေ
သျှမ်းပြည် နမ့်စန်ခရိုင် မိုးနဲမြို့နယ် ဆိုင်းဖယ်ရွာအရှေ့ဘက်ရှိ လုံစံဘုန်းကြီးကျောင်းဝန်းအတွင်း ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးမှ ဦးဆောင်၍ လောင်းကစားဝိုင်းများ ဖွင့်လှစ်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်မှစ၍ ရဲတပ်ဖွဲ့ဝင်ဟောင်း ကိုမြင့်ဇော်ဆိုသူမှ ဦးဆောင်ပြီး အာဏာပိုင်းများထံ ကျပ်ငွေ သိန်းနှင့်ချီအခွန်ဆောင်ကာ ဆိုင်းဖယ်ရွာအရှေ့ဘက်ရှိ လုံစံဘုန်းကြီးကျောင်းဝန်းအတွင်းသို့ လာရောက်လောင်းကစားဖွင့်ထားသည်မှာ ၁ လရှိလာပြီ...
သျှမ်းမြောက် ရွှေလီ(ထုန့်မောဝ်း)ဒေသကို စစ်ကောင်စီမှ လေယာဉ်ဖြင့် နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကျေးရွာတချို့မှာ နေအိမ်အများအပြား ပျက်စီးသွားပြီး ရွာပျက် ဖြစ်နေကြောင်း နေရပ်ပြန်သွားကြည်သူများထံများက ပြောသည်။ အောက်တိုဘာလ ၂၇ ရက်မှစတင်လာသည့် “၁၀၂၇ စစ်ဆင်ရေး”ကာလအတွင်း နှစ်လနီးပါးအကြာ သျှမ်းမြောက် မြို့နယ်များမှ စစ်ကောင်စီ တပ်စခန်းပေါင်း ၃၀၀ နီးပါးကို...
လောက်ကိုင်မြို့ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၃ ဦး သေဆုံး၊ ၅ ဦးဒဏ်ရာရ
သျှမ်းပြည် လောက်ကိုင်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းသိရသည်။ လောက်ကိုင်မြို့ရှိ အိုလုံတုံ့နေရာကို ဒီဇင်ဘာလ ၂၃ ရက်က စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ဘေးရှောင်များ ခိုလှုံရာနေရာသို့ ကျရောက်ပေါက်ကွဲခဲ့ကာ အရပ်သား ၃ ဦး...





