နောင်ချို စစ်ကောင်စီ လေကြောင်းဗုံးကြဲ အမျိုးသမီးနှင့် ကလေး အပါအဝင် ၃ ဦးသေဆုံး

သျှမ်းပြည် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦးနှင့် ကလေး ၁ ဦး အပါအဝင် ၃ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

နောင်ချို

ယမန်နေ့ (ဇန်နဝါရီ ၁၁ ရက်) နေ့လည် ၁၁ နာရီခွဲအချိန်ခန့်က နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာတွင် တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသမီး ၁ ဦးနှင့် အသက် ၁၀ နှစ်ကျော် ကလေး ၁ ဦး အပါအဝင် စုစုပေါင်း ၃ ဦး သေဆုံးသွားခဲ့ကြောင်း နောင်ချိုဒေသခံများက ပြောသည်။

“မနေ့တုန်းက သုံးဆယ်ရွာမှာ အရပ်သား ၃ ယောက် လေယာဉ်ဗုံးမှန်ပြီး သေတာ။ နေ့လယ် ၁၁ နာရီခွဲလောက်က ဖြစ်တာ။ တစ်အိမ်တည်းက သုံးယောက်ဆုံးတာ၊ လေယာဉ်လာတဲ့အချိန် မထွက်ပြေးနိုင်ဘဲ ဗုံးမှန်တာ။ ဘေးအိမ်တွေကလည်း အများကြီးပျက်စီးတယ်။ အုမ္မသီးလမ်းခွဲကနေလဲ လက်နက်ကြီးနဲ့ သုံးဆယ်ဘက်ကို နေ့တိုင်းပစ်နေတာရှိတယ်”ဟု နောင်ချိုမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲနှင့် ရွှေညောင်ပင်ကျေးရွာအနီးရှိ လမ်းမကြီးတလျှောက် စခန်းချတပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ဇန်နဝါရီ လဆန်းပိုင်းမှ စတင်၍ ဒေသခံပြည်သူများကို အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခေါ်ဆောင်သွားခြင်းများလည်း ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

“၁ ရက်နေ့ ညနေပိုင်းမှာ ဆမ္မဆယ်က ရွာသားတစ်ယောက် ကားဝပ်ရှော့သွားပြီး အပြန်မှာ သူငယ်ချင်းနဲ့အတူ ဖမ်းခံရတာ၊ မြင်တဲ့သူတွေ ပြောတာကတော့ ကြိုးချည်ပြီး လမ်းဘေးမှာ ဝမ်းလျားမှောက် အိပ်ခိုင်းထားတယ်ပြောတယ်။ နောက်ရက် ဖောကားက စကစနေတဲ့နား ရပ်ထားတာ၊ သူတို့သွားမေးတော့ မဖမ်းထားဘူးဆိုပြီး လိမ်တာပေါ့”ဟု နောင်ချိုမြို့မှ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းကတည်းက ပြင်ဦးလွင်မြို့မှ သျှမ်းမြောက်သို့ ထိုးစစ်ဆင်ရန် အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီစစ်ကြောင်းသည် နောင်ချိုမြို့နယ် အုမ္မသီးကျေးရွာ လမ်းခွဲတွင် စခန်းချတပ်စွဲထားပြီး အနီးအနားရှိ ကျေးရွာများမှ လူငယ်များကိုလည်း အတင်းအဓမ္မ ဖမ်းဆီးနှိပ်စက်ခြင်းများ ပြုလုပ်နေကြောင်း နောင်ချိုဒေသခံများက ပြောသည်။

“ဒီဘက်က ခဏခဏ အဖမ်းခံရတာ၊ အရင်က ဖမ်းခံရတဲ့သူတွေ တစ်လလောက် အဆက်အသွယ်ပြတ်ပြီး ပြန်လွတ်ပေးတာရှိတယ်။ အုမ္မသီး လမ်းကြောတစ်လျှောက်မှာပဲ ဖမ်းခံရတာ။ ပြန်လွတ်ပေးတဲ့သူတွေတော့ လွတ်ပေးမှ ဘယ်ရောက်မှန်း သိကြတာ၊ ပြင်ဦးလွင်မှာ ဖမ်းထားတာ များတယ်”ဟု နောင်ချိုမြို့နယ်မှ ဖြစ်စဉ်သိရှိသူ ၎င်းအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လက်ရှိတွင် သျှမ်း-မန္တလေးနယ်စပ်ရှိ နောင်ချိုမြို့နယ် ကျောက်မဲလေးကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ဇန်နဝါရီလဆန်းပိုင်းက ညီနောင်မဟာမိတ်များ တိုက်ခိုက်ရရှိခဲ့သည့် သံဘိုတပ်စခန်းကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နန်းမယ်ခုံမြို့နယ်ကို စစ်တပ်က ထပ်မံ လေကြောင်းဗုံးကြဲ

0
ကရင်နီပြည် နန်းမယ်ခုံမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၂၉ ရက်) နေ့လည် ၁ နာရီဝန်ကျင်တွင် နန်းမယ်ခုံမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီး ခဲ့ကြောင်း မြေပြင်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီနေ့ နေ့လည်က ဗုံးကြဲသွားတာ ဟုတ်ပါတယ်။နန်းမယ်ခုံ တဝိုက်ကိုပဲ ကြဲသွားတာပါ။ လူအထိခိုက်တော့ မရှိဘူးဗျ။အိမ် နှစ်လုံးပေါ်ကျတာ။”ဟု မြေပြင်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက ပြောသည်။  ပြီးခဲ့သည့် ဇွန်လ (၂၄) ရက်တွင်လည်း နန်းမယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် (၂) ဦး သေဆုံးခဲ့သည်။ ယမန်နေ့ (ဇွန်လ ၂၈ ရက်) တွင်လည်း မိုးဗြဲအနီးရှိ စစ်ကော်မရှင်တပ် စခန်းတစ်ခုကို တော်လှန်ရေး တပ်ပေါင်းစုများကဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်မှုထမ်း စစ်သား (၁) ဦးသေဆုံးခဲ့ပြီး စစ်သုံ့ပန်း (၂) ဦး နှင့် အတူ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်တပ်က လေကြောင်းဗုံးကြဲ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ ( ဇွန်လ ၁၈ ရက်) ည ၆ နာရီခွဲကျော်တွင် မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာကို စစ်ကောင်မရှင်တပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြေပြင်တွင်လှုပ်ရှားနေသည့် သတင်းအရင်းမြစ်တစ်ဦးက သျှမ်းသံတောဆင့်ကို ပြောသည်။ “ကျနော်...