မူဆယ်မြို့ ဇန်နဝါရီလဝက်အတွင်း မြေမြုပ်မိုင်းနင်းမိသူ ၃ ဦးရှိ

သျှမ်းပြည် မူဆယ်မြို့နယ်တွင် ဇန်နဝါရီ လဝက်အတွင်း အမျိုးသားသုံးဦး မြေမြုပ်မိုင်းနင်းမိခဲ့ကြောင်း စုံစမ်းသိရသည်။

မူဆယ် မြေမြှုပ်မိုင်း

သျှမ်းပြည် မူဆယ်မြို့နယ် မန့်မိုင်ကျေးရွာအုပ်စု တွင် အမျိုးသားတစ်ဦး နှင့် စွမ်စော်ရပ်ကွက်တွင် အမျိုးသားနှစ်ဦး ဇန်နဝါရီလ လဝက်အတွင်းတွင် မြေမြုပ်မိုင်းနင်းမိ၍ခြေထောက် ပြတ်သည်အထိ အပြင်းထန်ဒဏ်ရာရှိခဲ့ကြောင်း ပြည်သူဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ (ဇန်နဝါရီလ ၁၄ ရက်)တစ်ရက်ထဲ ကို နှစ်ယောက်တောင် နင်းမိတာ။ အမျိုးသားတစ်ယောက်ကတော့ မူးယစ်ဆေးသွားဝယ်တာပေါ့၊နောက်တစ်ယောက်ကတော့ ထင်သွားရှာရင်းနဲ့ နင်းမိတာ။” ဟု မူဆယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက် မူဆယ်မြို့နယ် မန့်မိုင်ကျေးရွာအုပ်စု နံနက် ၉ နာရီခွဲကျော်ခန့်တွင် အမျိုးသား တစ်ဦးထပ်မံ မိုင်းနင်းမိပြီး၊စွမ်စော်ရပ်ကွက်တွင် ၂ နာရီခွဲကျော်ခန့်တွင်လည်း အမျိုးသားတစ်ဦး မြေမြုပ် မိုင်းနင်းမိ၍ ခြေထောက်ပြတ်သွားကြောင်း ပြည်သူဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ( ဇန်နဝါရီလ ၁၁) ရက် မူဆယ်မြို့နယ် ခူးဝိန်းနယ်မြေ၊ စွမ်စော်ရပ်ကွက်တွင် အမျိုးသားတစ်ဦး ထင်းသွားရှာနေ့စဉ် မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက် ပြတ်သွားကြောင်း သိရသည်။

လက်ရှိမြေမြုပ်မိုင်းသည် စစ်ကောင်စီဘက်မှ လာရောက်မြုပ်နှံခဲ့သည့် မိုင်းဖြစ်နိုင်ကြောင်းလည်း ဒေသခံများက သုံးသပ်ပြောသည်။

သျှမ်းသံတော်ဆင့်မှ သီးခြားကောက်ယူထားသည့် စာရင်းအရ သျှမ်းမြောက်ဒေသတွင် “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်နေစဉ် နှစ်လကျော်ကာလအတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု အပါအဝင် လက်နက်ကြီး နှင့် မြေမြုပ်မိုင်းများကြောင့် အရပ်သား ၁၅၈ ဦးသေဆုံးသွားခဲ့ပြီ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...