Tuesday, January 27, 2026

မိုးမိတ် စစ်ကောင်စီတပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ် လင်မယား ၂ ဦး ပွဲချင်းပြီးသေဆုံး

သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် အမျိုးသမီး အပါအဝင် လင်မယား ၂ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

မိုးမိတ် လက်နက်ကြီးရမ်းသမ်းပစ် အရပ်သား ၂ဦးသေဆုံး

ယမန်နေ့ (ဇန်နဝါရီ ၁၂ ရက်) ညနေ ၃ နာရီခွဲခန့်က မိုးမိတ်မြို့အခြေစိုက် စစ်ကောင်စီတပ်မှ အုန်းကြောရွာသစ်ဘက်သို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းရှိ ပြည်သူနေထိုင်ရာ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လင်မယား ၂ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း မိုးမိတ်ဒေသခံများက ပြောသည်။

“စစ်ကောင်စီတပ်တွေ တမင်သက်သက် ပစ်လာတဲ့ လက်နက်ကြီးလေ။ လူနေတဲ့ အိမ်တွေပေါ်ကို ကျတာ။ ဉီးကျောက်ခဲနဲ့ ဒေါ်ကျော်တို့ လင်မယားနှစ်ယောက် နေတဲ့အိမ်ပေါ်ကို တည့်တည့်ကျတယ်။ သူတို့နှစ်ယောက်ကတော့ ပွဲချင်းပြီးပဲ ဆုံးသွားတာ။ နောက်တစ်အိမ်ကလဲ ဗုံးစမှန်တော့ ပျက်စီးတာတွေ ရှိတယ်”ဟု မိုးမိတ်မြို့မှ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုးမိတ် စကစ လက်နက်ကြီး ရမ်းပစ်

ထို့အပြင် မိုးမိတ်စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် အုန်းကြောရွာသစ်မှ ဉီးဆမ်ဆွယ်၏ နေအိမ်အပြင် ကားဂိုထောင်၊ စပါးကျီနှင့် စပါးချွေလှေ့စက်တို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း မိုးမိတ်မြို့နယ် ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက်ကလည်း အုန်းကြောရွာမနှင့် ရွာသစ်ဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့ရာ အသက် ၉ နှစ်အရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ပြည်သူနေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း မိုးမိတ်ဒေသခံများက ပြောသည်။

အလားတူ ဇန်နဝါရီလ ၃ ရက်နေ့ကလည်း မိုးမိတ်မြို့နယ် မြို့သစ်ကျေးရွာရှိ အုတ်ဖိုဟောင်းတစ်ခုအနီးသို့ စစ်ကောင်စီလက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာ အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရပြီး အမျိုးသမီးတစ်ဦးသည် မန္တလေးမြို့ရှိ စစ်ဆေးရုံတွင် ဆေးကုသနေစဉ် သေဆုံးသွားခဲ့ကြောင်း မိုးမိတ်ဒေသခံများထံမှ သိရသည်။

ညီနောင်မဟာမိတ်နှင့် စစ်ကောင်စီတို့သည် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ဇန်နဝါရီလ ၁၀မှ ဇန်နဝါရီ ၁၁ရက်ထိ ကူမင်းမြို့၌ တတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး သျှမ်းမြောက်တွင် ယာယီအပစ်အခတ် ရပ်စဲရန် “ဟိုင်ဂင် သဘောတူညီမှု”ကို ရရှိခဲ့သည်ဟု ဆိုသော်လည်း မြေပြင်တွင် တိုက်ပွဲများ ရပ်တန့်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ “ဟိုင်ဂင် သဘောတူညီမှု”တွင် ညီနောင်မဟာမိတ် (၃) ဖွဲ့မှ သျှမ်းမြောက်ရှိ စစ်ကောင်စီ၏ စခန်းများ၊ ဗျူဟာကုန်း များအား ထိုးစစ်ဆင်တိုက်ခိုက်မှုများကို စတင်မပြုလုပ်ရန် သဘောတူခဲ့ပြီး စစ်ကောင်စီဘက်မှလည်း သျှမ်းမြောက်ဒေသရှိ ညီနောင်မဟာမိတ် ထိန်းချုပ်၊ သိမ်းပိုက်ထားသောနေရာများအားလုံးသို့ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု မလုပ်ရန် သဘောတူခဲ့ကြသည်။

“ဟိုင်ဂင် သဘောတူညီမှု”အရ ဟိုင်ဂင်ဆွေးနွေးပွဲရလဒ် စတင်အသက်ဝင်သော နေ့ဖြစ်သည့် ဇန်နဝါရီလ ၁၂ ရက်တွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ရှိနေခဲ့ကြောင်း TNLA တပ်ဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

မိုးကုတ်ရဲစခန်း တိုက်ခိုက်ခံရ၊ မိုးမိတ်တွင် စစ်ကော်မရှင် အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်သေး

0
သျှမ်းပြည်-မန္တလေးတိုင်းနယ်စပ် မိုးကုတ်မြို့ရှိ စစ်ကော်မရှင်တပ် ပြန်လည်ဝင်ရောက် တပ်စွဲထားသည့် ရဲစခန်းတွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၅ ရက်) နံနက်ပိုင်းတွင် စစ်ကော်မရှင်တပ် ပြန်လည်တပ်စွဲထားသည့် မိုးကုတ်မြို့ အရှေ့ပိုင်းရှိ ရဲစခန်းထဲ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း မိုးကုတ်ဒေသခံများက ပြောသည်။ “ခုနကတော့...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...