ရွာငံ-အောင်ပန်းလမ်း၌ စစ်ကော်မရှင်တပ်က ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရွာငံ-အောင်ပန်း သွားလမ်း၌ စစ်ကော်မရှင်တပ်က ရှောင်တခင်ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

သင်္ကြန်ကာလအပြီး ဧပြီလ ၂၀ရက်မှ စပြီး စစ်ကော်မရှင်တပ်က အင်အားအလုံးရင်းဖြင့် ရွာငံ-အောင်ပန်း လမ်းမ၌ ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ခရီးသွားပြည်သူများ၏ ဖုန်း၊ ဆိုင်ကယ် နှင့် ကားများကို စစ်ဆေးခြင်းအပြင် မှတ်ပုံတင်များကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

“တစ်ခါတစ်ခါ လာရင် စစ်ကား ငါးစီးနဲ့လာတယ်၊ လမ်းရဲ့ တစ်နေရာစီမှာ ကားတစ်စီး စီရပ်နားပြီး စစ်တာ၊ ဖုန်းတွေ စစ်တယ် မှတ်ပုံတင်တွေစစ်တယ် ပါလာတဲ့ ပစ္စည်းတွေ စစ်တယ်၊ တစ်ခုခုသတင်းရလို့ များလားတော့ မသိဘူး၊ သူတို့က မသင်္ကာဖြစ်တဲ့ သူကိုဆို အရမ်းရစ်တယ် တော်တော်နဲ့ ပေးမသွားဘူး၊ စောင့်ခိုင်းပြီး စစ်တာ။”ဟု ခရီးသွား အမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့ ရှောင်တခင် စစ်ဆေးမှုများပြုလုပ် နေသောကြောင့် ခရီးသွားလာသူ ပြည်သူများနှင့် တောင်ယာသွားသည့် ရွာငံဒေသခံများ လမ်းခရီးနှောင့်နှေးမှုများ ကြုံနေရကြောင်း အဆိုပါ ခရီးသွား အမျိုးသားက ပြောသည်။

ထို့အပြင် ရွာငံ-အောင်ပန်းလမ်းရှိ စစ်ကော်မရှင်တပ် ဂိတ်များတွင်လည်း ခရီးသွား ပြည်သူများကို စစ်ဆေးမှုများ တင်းကြပ်နေပြီး မှတ်ပုံတင် မလဲလှယ်ထားသူနှင့် ခရီးသွားများ၏ မှတ်ပုံတင်များကို ကြည့်၍ စစ်ဆေးကာ ငွေညစ်နေကြောင်း သိရသည်။

“မှတ်ပုံတင်က မလဲရသေးတော့ သူတို့က ငွေတောင်းတယ် ငါးထောင်ကျပ် တောင်းတယ်၊ တစ်ချို့ဆို မှတ်ပုံတင်ကြည့်ပြီး ယောကျာ်းလေးတွေဆို ဘယ်သွားလဲ ဘယ်လာလဲ နဲ့စစ်တာ ပြီးတော့ မှတ်ပုံတင်ကြည့်ပြီး သူတို့ဂိတ်တဲထဲကို ခေါ်သွားတာ၊ သူတို့ငွေညှစ်ပြီး စစ်ဆေးလို့ကြာပြီးမှ ခရီးပေးသွားတာ။”ဟု ကိုယ်တိုင်ကြုံတွေ့ရသူ ခရီးသွား အမျိုးသားတစ်ဦးက ပြောသည်။

နိုင်ငံရေး အခြေအနေ မတည်ငြိမ်မှုကြောင့် ခရီးသွားပြည်သူများ အနေဖြင့် မလိုအပ်ပဲ ခရီးသွားလာမှု မပြုလုပ်ကြရန်နှင့် ဒေသခံလမ်းခရီးအခြေနေများကို စုံစမ်းပြီး ခရီးသွားလျှင် ဖုန်းများကို သေချာ ရှင်းလင်းပြီးမှ သွားသင့်ကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။

ဆက်လက်ပြီး ပြီးခဲ့သည့် မတ်လ ဒုတိယပတ်တွင် ရွာငံ-မန္တလေးသွားလမ်းမှ စစ်ကော်မရှင်ဂိတ်တွင်လည်း မှတ်ပုံတင်လဲလှယ်ထားခြင်းမရှိသည့် အသက်(၈၀)ကျော် အမျိုးသမီးတစ်ဦးကို ကားပေါ်မှ ဆွဲချကာ ငွေကျပ် ရှစ်သောင်း တိတိ တောင်းပြီး ပြန်လွှတ်လိုက်ကြောင်း ခရီးသည်များကို ပို့ဆောင်နေသည့် ရွာငံဒေသခံ အမျိုးသားထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...