လားရှိုးမြို့တွင်း လက်နက်ကြီး ပစ်ခတ်မှု ဆက်ရှိနေဆဲ

သျှမ်းပြည်အတွင်း ဖြစ်ပွားနေကြသည့် ၁၀၂၇ စစ်ဆင်ရေး နှင့် ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် မဟာမိတ်ပူးပေါင်း တပ်ဖွဲ့တို့ အကြား တိုက်ပွဲကို ယာယီရပ်ထားကြောင်း ထုတ်ပြန်ပြောဆိုထားသော်လည်း လားရှိုးမြို့နယ်အတွင်းလက်နက်ကြီး ပစ်ခတ်မှု ရှိနေကြောင်း စုံစမ်းသိရသည်။

လားရှိုးမြို့

ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ မနက်ပိုင်း ၇ နာရီ ဝန်းကျင်တွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဘက်သည် လက်နက်ကြီးဖြင့်တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း လားရှိုးမြို့ခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ယာယီ အပစ်ရပ်တာလည်း ကြေညာထားတယ်၊ လက်နက်ကြီးကလည်း ပစ်နေသေးတယ်ဆိုတော့ လန့်တာ ပေါ့။ ပစ်တာက သူတို့တပ်ကနေ လက်နက်ကြီးနဲ့ ပစ်တာ၊ နားကွမ်းကျေးရွာဘက်ကို ပစ်တာ။ အကွာအဝေး ဆိုရင် ၁၀ မိုင်ဝန်းကျင်လောက်ပေါ့” ဟုလားရှိုးမြို့ခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့မှ လက်နက်ကြီးဖြင့် ပစ်ခတ်လိုက်သည့် နားကွမ်းကျေးရွာ နှင့် အနီးတစ်ဝိုက်၌ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များ သွားလှုပ်ရှား နေကြောင်းလည်း စုံစမ်း သိရသည်။

ယင်းကဲ့သို့ ယာယီ အပစ်ရပ်ထားကြောင်း ထုတ်ပြန်ကြေညာပြီးသည့်နောက် စစ်ကောင်စီမှ လက်နက်ကြီးဖြင့် တစ်ဖက်သတ်ပစ်ခတ်မှုသည် တိုက်ပွဲထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်ရသည့် အကြောင်း လားရှိုးမြို့ခံ အမျိုးသား က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“တိုက်ပွဲငြိမ်နေတာက တစ်ပတ်လောက်ရှိပြီ။ အပစ်ရပ်မကြေညာခင် တစ်ရက် နှစ်ရက်က တိုက်ပွဲ ငြိမ်တာ ၊ စစ်ရေး တင်းမာမှုတော့ရှိတာပေါ့။ ဒါကတော့ စစ်ရေးပဲလေ။ အဲ့ဒါကို ဒီစစ်ကောင်စီ တပ်ဖွဲ့က လက်နက်ကြီးနဲ့ ထပ်ပစ်တော့ မဟာမိတ်တပ်ဖွဲ့ က ပြန်ပစ်လိုက်ရန် တိုက်ပွဲ ထပ်ဖြစ်ပြီလေ။ တိုက်ပွဲကို မဖြစ်စေချင်တော့ပါဘူး။ ရှောင်နေရတဲ့သူတွေလည်း ဒုက္ခရောက်။ အိမ်တွေလည်းပျက်စီးကုန်တာ များပြီ” ဟု လားရှိုးမြို့ခံ အမျိုးသားက သျှမ်းသံဝောာ်ဆင့်ကို ပြောသည်။

ညီနောင်မဟာမိတ်နှင့် စစ်ကောင်စီတို့သည် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ဇန်နဝါရီလ ၁၀/၁၁ ရက်တို့တွင် ကူမင်းမြို့၌တတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး သျှမ်းမြောက်တွင် ယာယီအပစ်အခတ် ရပ်စဲရန် “ဟိုင်ဂင် သဘောတူညီမှု”ကို ရရှိခဲ့သည် သိရသည်။

အဆိုပါ “ဟိုင်ဂင် သဘောတူညီမှု”တွင် ညီနောင်မဟာမိတ် (၃) ဖွဲ့မှ သျှမ်းမြောက်ရှိ စစ်ကောင်စီ၏ စခန်းများ၊ ဗျူဟာကုန်း များအား ထိုးစစ်ဆင်တိုက်ခိုက်မှုများကို စတင်မပြုလုပ်ရန် သဘောတူခဲ့ပြီး စစ်ကောင်စီဘက် မှလည်း သျှမ်းမြောက်ဒေသရှိ ညီနောင်မဟာမိတ် ထိန်းချုပ်၊ သိမ်းပိုက်ထားသော နေရာများအားလုံးသို့ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု မလုပ်ရန် သဘောတူခဲ့ကြသည်။

နှစ်ဖက် တပ်ဖွဲ့ ယာယီအပစ်ရပ်စဲရေးကာလဖြစ်သည့် ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်နေ့တွင်လည်း ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်းတွင် စစ်ကောင်စီတပ် ခမရ-၅၀၁/၅၀၂ နှင့် မဟာမိတ်ပူးပေါင်းတပ် အဖွဲ့ဝင် တအာင်း (ပလောင်)တပ်ဖွဲ့ (TNLA) တို့ နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းလည်း စုံစမ်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...

လားရှိုးမြို့ “ခိုင်”သစ်သီးပွဲရုံ မီးလောင်

0
သျှမ်းပြည် လားရှိုးမြို့အဝင် လွယ်လွမ့်ကျေးရွာရှိ “ခိုင်”သစ်သီးပွဲရုံ မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များပြားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၇ ရက်) နေ့လယ် ၁ နာရီခန့်မှ စတင်ပြီး လားရှိုးမြို့အဝင်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် လွယ်လွမ့်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် “ခိုင်” သစ်သီးပွဲရုံရှိ ဂိုထောင်တစ်ခု...