ပြင်ဦးလွင်မြို့နယ် ရပ်ရွာလုံခြုံရေးအကြောင်ပြပြီး စစ်ကောင်စီမှ စစ်သင်တန်းခေါ်ယူနေ

ပြင်ဦးလွင်မြို့နယ် ကျေးရွာများမှ ဒေသခံများကို ရပ်ရွာလုံခြုံရေးအတွက်ဆိုပြီး စစ်ကောင်စီနှင့် အုပ်ချုပ်ရေးမှူးက ခေါ်ယူကာ စစ်သင်တန်းပေးနေကြောင်း စုံစမ်းသိရသည်။

ပြင်ဦးလွင်

ယမန်နေ့ (ဇန်နဝါရီလ ၁၄ ရက်)တွင် ပြင်ဦးလွင်မြို့နယ် အင်းပုတ်ကျေးရွာနေ ဒေသခံများကို မဖြစ်မနေ ရပ်ရွာလုံခြုံရေး စစ်သင်တန်းတက်ရမည်ဟုဆိုပြီး စစ်ကောင်စီနှင့် အုပ်ချုပ်ရေးမှူးက ဖိအားပေးခေါ် ယူခဲ့ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရပ်ရွာလုံခြုံရေးဆိုပြီး ခေါ်နေတာ။ ရွာကလူတွေ မသွားချင်လည်း အတင်းခေါ်နေတယ်။ ရွာတိုင်းကို လူခေါ်ပြီး စစ်သင်တန်းပေးမယ်လို့လည်း ပြောတယ်။ မနေ့ကတော့ အင်းပုတ်ရွာက ၃ ယောက် သွားရတယ်” ဟု ၎င်းက ပြောသည်။

ရပ်ရွာလုံခြုံရေးစစ်သင်တန်းတက်ရောက်ရန် အသက် ၅၀ နှစ်အောက် အမျိုးသားတွေကို တစ်ရွာလျှင် အနည်းဆုံး ၃ ဦးမှ ၁၀ ဦးအထိ တက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်သင်တန်းကို ယမန်နေ့ (ဇန်နဝါရီ ၁၄)ရက်တွင် မြို့နယ်စုပေါင်းရုံး အစည်းဝေးခန်းမသို့ သွားတက်ရပြီး တက်ရောက်ဦးရေ စုစုပေါင်း နှစ်ရာကျော်ရှိကြောင်း ကိုယ်တိုင်သွားရောက်သူနှင့် နီးစပ်သူထံမှ သိရသည်။

“ပြည်သူ့အတွက် ကာကွယ်စောင့်ရှောက်ရမယ်။ ကိုယ့်ကျေးရွာအတွက် ကာကွယ်ရမယ်။ တခြားလက်နက်ကိုင်တွေ ရွာထဲလာ ဆိုရှိရင်လည်း အကြောင်းကြားပေးဖို့၊ ဘယ်လိုကာကွယ်ဖို့ ဘယ်လိုပြန်တိုက်ခိုက်ဖို့ နည်းလေးတွေလည်း ပြောပြတယ်။ လောလောဆယ်တော့ သူတို့လက်နက်ပေးမကိုင်ဘူး။ လိုအပ်ခဲ့မယ်ဆိုရင်တော့ ပေးကိုင်မယ်” ဟု ပြောသည်။

ယင်းကဲ့သို့ စစ်ကောင်စီမှ ရပ်ရွာလုံခြုံရေးအကြောင်းပြပြီး စစ်သင်တန်းပေးနေသောကြောင့် သင်တန်းပြီးစီးလျှင် စစ်သားလုပ်ရမည်ကို စိုးရိမ်နေရသလို တိုက်ပွဲဖြစ်ပွားလာပါက စစ်တိုက်ရမည်ကို စိုးရိမ်နေလျက်ရှိကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆက်ပြောသည်။

“အခုကသူတို့အင်အားမရှိတော့ဘူးလေ။ တကယ်လို့ သူများကသူတို့ကိုလာတိုက်ရင် အခုစစ်သင်တန်း တက်ထားရသူတွေ အတင်းအဓ္ဓမ စစ်သားလုပ်ခိုင်းပြီး တိုက်ခိုင်းမှာပဲကြောက်တယ်။ စစ်သင်တန်း တက်ပြီးပြီးဆိုရင်တော့ လွယ်လွယ်နဲ့ သူတို့တပ်သားအဖြစ် ခေါ်ယူလို့ရပြီလေ။ နောက်ပြီး သတင်းတွေ ပို့ပေးဖို့အတွက်လားပေါ့။ ကျမတို့ စိတ်ပူရတာတော့ စစ်သင်တန်းတက်ပြီးရင် စစ်သားလုပ်ရမှာပဲ ကြောက်တယ်” ဟု ကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ကာကွယ်ရေး PDF များတို့နှင့် နေ့စဉ်ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေလျက်ရှိသဖြင့် အင်အား အလုံအလောက် မရှိတော့ပေ။

လက်ရှိ သျှမ်းမြောက် “၁၀၂၇ စစ်ဆင်ရေး” ရက် ၇၀ ကျော် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ် အင်အား ၁,၀၀၀ ကျော် ပြုန်းတီးခဲ့သည်ဟု တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...