မြန်မာရွှေ့ပြောင်လုပ်သမား(၆၀) ဖယောင်း(Phayao)တွင် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ဖယောင်း (Phayao) ခရိုင်ရှိ ငှားရမ်းထားသော အိမ်တစ်လုံးအတွင်း အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၆၃ ဦးကို ဖမ်းဆိရမိကြောင်း Khaosod English တွင် ဖော်ပြသည်။

ယမန်နေ့ (ဧပြီလ ၂၃ ရက်) ညနေ ၃ နာရီဝန်းကျင်တွင် ဒေသခံရဲတပ်ဖွဲ့၏ စစ်ဆေးဖော်ထုတ်ချက်များအရ လူကုန်ကူးမှုကွင်းဆက်တစ်ခု ရှိနိုင်သည်ဟူသော သံသယဖြင့် ဖယောင်းခရိုင်၊ မဲ့တန်း (Mae Tam) ကျေးရွာအုပ်စုအတွင်း အဆိုပါအိမ်ကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ စီးနင်းမှုကို မောင်းဖယောင်းခရိုင် အုပ်ချုပ်ရေးမှူး ဆုမ်ချိုင်း (Somchai Wongjiriyakasem) က အမိန့်ပေးခဲ့ခြင်းဖြစ်ပြီး ခရိုင်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးအရာရှိများ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် ပြည်တွင်းလုံခြုံရေးတပ်ဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ယင်းစစ်ဆေးမှုတွင် အဓမ္မခိုင်းစေမှု၊ လူကုန်ကူးမှုနှင့် ဆက်နွှယ်မှုများ ရှိ၊ မရှိ အဓိက စစ်ဆေးခဲ့ကြသည်။

ဖမ်းဆီးခံရသူများတွင် ပအိုဝ်း၊ သျှမ်းနှင့် ကရင် အပါအဝင် အမျိုးသား ၃၃ ဦးနှင့် အမျိုးသမီး ၃၀ ဦး၊ စုစုပေါင်း ၆၃ ဦး ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။ ထိုအထဲတွင် အသက် ၁၈ နှစ်အောက် ကလေးငယ် ၃ ဦးလည်း ပါဝင်နေသည်။

ကနဦး စစ်ဆေးမေးမြန်းချက်များအရ ၎င်းတို့သည် ချင်းရိုင်ခရိုင်၊ မယ်ဆိုင်ခရိုင်မှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ အထောက်အထားမဲ့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး “ဆမ်” (Sam) နှင့် “ပမ်း” (Palm) ဟု အမည်ရသည့် ပွဲစားများက ကူညီခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ရွှေ့ပြောင်းလုပ်သားများ၏ ပြောကြားချက်အရ ၎င်းတို့သည် ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ်ငွေ ၈,၅၀၀ မှ ၁၀,၀၀၀ အထိ ပေးဆောင်ခဲ့ရကြောင်း သိရသည်။ အချို့မှာ နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်များ ကိုင်ဆောင်ထားသော်လည်း ထိုင်းနိုင်ငံဥပဒေအရ တရားဝင် ဝင်ရောက်နေထိုင်ခွင့် အထောက်အထားများ မရှိကြပေ။

ဖမ်းဆီးခံရသူ လူကြီးအားလုံးကို တရားမဝင် ဝင်ရောက်မှုဖြင့် အမှုဖွင့်ထားပြီး ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် ဖယောင်း ရဲစခန်းရှိ စုံစမ်းစစ်ဆေးရေးအရာရှိများထံ လွှဲပြောင်းပေးအပ်ထားသည်။

အသက်မပြည့်သေးသည့် ကလေးငယ် ၃ ဦးအား ကာကွယ်စောင့်ရှောက်ရန်နှင့် လူကုန်ကူးခံရမှု ရှိ၊ မရှိ စစ်ဆေးနိုင်ရန်အတွက် ခရိုင်ကလေးသူငယ်နှင့် မိသားစုဝင်များ စောင့်ရှောက်ရေးစင်တာသို့ လွှဲပြောင်းပေးမည်ဖြစ်ပြီး နောက်ပိုင်းတွင် နေရပ်ပြန်လည်ပို့ဆောင်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တရားမဝင် ရွှေ့ပြောင်းလုပ်သားများ ဘတ်(မှတ်ပုံတင်)အသစ်လုပ်ရန် ခေတ္တရပ်ဆိုင်း

0
ထိုင်းနိုင်ငံတွင် တရားမဝင်သော ရွေ့ပြောင်းအလုပ်သမားများကို ဘတ်အသစ်ရိုက်ပေးမည့် လုပ်ငန်းစဉ်အား ခေတ္တရွှေ့ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာက ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။ ထိုင်းနယ်စပ်အခြေအနေ မတည်ငြိမ်မှုနှင့် ထိလွယ်ခိုက်လွယ်သော နယ်စပ်ပြဿနာများကြောင့် ဘတ်အသစ် လုပ်ငန်းစဉ်ကို ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။ အဆိုပါဘစ်အသစ်ရိုက်ပေးမည့် လုပ်ငန်းစဉ်ကို မည်သည့်ရက်တွင်...

ချင်းမိုင်မှာ ရွှေ့ပြောင်းအမျိုးသမီး တစ်ဦး မီးရထားတိုက်သေဆုံး

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့နယ် ဆာရဖီးမြို့တွင် ယနေ့ (အောက်တိုဘာ ၂၀)ရက် နံနက် ၉ နာရီအချိန်တွင် မြန်မာရွှေ့ပြောင်း အမျိုးသမီးတစ်ဦး မီးရထားတိုက်ပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယနေ့ (အောက်တိုဘာ ၂၀)ရက် နံနက် ၉နာရီတွင် ချင်းမိုင်မြို့ နယ် ဆာရဖီးမြို့သို့ ရထားလာနေစဥ် ရွှေ့ပြောင်းအမျိုးသမီးသည် ခြုံပုတ်ထဲမှ...

ချင်းမိုင်မြို့ ကိုဗစ်မြင့်တက်လာ မြန်မာရွှေ့ပြောင်းလုပ်သားများ ဒုက္ခကြုံနေရ

0
ချင်းမိုင်မြို့ အထင်ကရ စျေးကြီးများဖြစ်သည့် ကတ်မိန်းမိုင်စျေးအတွင်း ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်နေပြီး စျေးယာယီပိတ်လိုက်ရသဖြင့် ထိုစျေးတွင် လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ အခက်အခဲ ကြုံနေရကြောင်း သတင်းသိရသည်။ ထို ကက်မိန်းမိုင် (စျေးကြီး)အတွင်းတွင် သျှမ်းရွှေ့ပြောင်းအလုပ်သမားအများစု မှီတင်းလုပ်ကိုင် စားသောက်နေရသည့် နေရာဖြစ်ပြီး လက်ရှိ ထိုစျေးအတွင်း ကိုဗစ်-၁၉ မြင့်တက်မှုကြောင့် စျေးကို...