ချင်းမိုင်မြို့ ကိုဗစ်မြင့်တက်လာ မြန်မာရွှေ့ပြောင်းလုပ်သားများ ဒုက္ခကြုံနေရ

ချင်းမိုင်မြို့ အထင်ကရ စျေးကြီးများဖြစ်သည့် ကတ်မိန်းမိုင်စျေးအတွင်း ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်နေပြီး စျေးယာယီပိတ်လိုက်ရသဖြင့် ထိုစျေးတွင် လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ အခက်အခဲ ကြုံနေရကြောင်း သတင်းသိရသည်။

ထို ကက်မိန်းမိုင် (စျေးကြီး)အတွင်းတွင် သျှမ်းရွှေ့ပြောင်းအလုပ်သမားအများစု မှီတင်းလုပ်ကိုင် စားသောက်နေရသည့် နေရာဖြစ်ပြီး လက်ရှိ ထိုစျေးအတွင်း ကိုဗစ်-၁၉ မြင့်တက်မှုကြောင့် စျေးကို (၁၄)ရက် ပိတ်ဆိုင်းထားကာ ရွှေ့ပြောင်းအလုပ်သမားများအတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း နေ့စားလုပ်ကိုင်နေသည့် စိုင်းပန် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တကယ်လို့ ဒီစျေးသာ ရက်အကြာကြီးပိတ်မယ်ဆိုရင် ကျနော်တို့က ငတ်မှာ သေချာတယ်ဗျ၊ ကျနော်တို့က လက်လုပ်လက်စားသမားတွေပဲ၊ ဒီစျေးကို မှီခိုပြီး ကျနော့်လို တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ဘဝတူ ရွှေ့ပြောင်း လုပ်သားတွေလည်းများတယ်၊ အခုလို စျေးပိတ်တော့ အလုပ်အကိုင်လည်းမရှိတော့ ဝင်ငွေလည်းမရှိဘူးလေ၊ ပြီးတော့ ရောဂါလည်း စစ်ရမယ်၊ ကွာရန်တင်းလည်း ၁၄ ရက်ဝင်ရမယ်” ဟု မြန်မာနိုင်ငံသား ရွှေပြောင်းလုပ်သား စိုင်းပန်က ပြောသည်။

လက်ရှိတွင် အဆိုပါ ကတ်မိန်းမိုင် ကုန်စိမ်းစျေးကို မှီခိုအားထားပြီး အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားများထဲမှ တချို့သည် သူဌေး လုပ်ငန်းရှင်များထံမှ ထောက်ပံ့ပေးငွေများဖြင့် ရပ်တည်နိုင်သော်လည်း တချို့သောလုပ်သားများက မည်သည့်ကူညီထောက်ပံ့မှုမှ မရကြောင်းလည်း စိုင်းပန်က ဆက်ပြောသည်။

“ကျနော်တို့က အခန်းအောင်းပြီးနေနေရတယ်၊ ကျန်းမာရေးဘက်ကလည်း ဒီကတ်မိန်းမိုင်ဘက်က လူတွေကို နေ့တိုင်း ကိုဗစ်-၁၉ လာစစ်တယ်၊ မနေ့က တစ်နေ့တည်းမှာပဲ ၆၉ ဦးတွေ့တယ်၊ အခုဆို စားဖို့သောက်ဖို့လည်း ခက်နေပြီ၊ ဝယ်ခြမ်းဖို့သွားရင်လည်း ကတ်မိန်းမိုင်ဘက်မှာ နေတဲ့သူလို့ သူများသိရင် မရောင်းပေးချင်တော့ဘူး၊ ဒီဘက်မှာ ပိုးတွေ့များတော့ သူများလည်း ကြောက်ကြတယ်” ဟု စိုင်းပန်က ပြောသည်။

အဆိုပါ ပိတ်သိမ်းသည့် ချင်းမိုင်မြို့တွင်း စျေးများတွင် ကုန်ထမ်းခြင်း၊ လှည်းတွန်းခြင်း၊ ဟင်းသီးဟင်းရွက်များ ရောင်းချခြင်း၊ ဆိုင်ခန်းစောင့်ဝန်ထမ်းအဖြစ် လုပ်ကိုင်ခြင်းနှင့် ကြုံရာကျပမ်းအလုပ် လုပ်ကိုင်နေသူ အများစုမှာ သျှမ်းလူမျိုးများ ဖြစ်ကြသည်။

စျေးသည်များနှင့် လာရောက်ဝယ်ယူသူများထံမှ ကိုဗစ် – ၁၉ ရောဂါပိုး ကူးစက်ခံရသူများပြားနေသဖြင့် စျေးများကို အနီရောင်အဆင့်အဖြစ် သတ်မှတ်ပြီး ချင်းမိုင်မြို့ အုပ်ချုပ်ရေးဆိုင်ရာဌာနမှ အောက်တိုဘာလ ၈ ရက်နေ့မှစတင်ကာ ရက်ပေါင်း ၁၄ ရက်ကြာ ပိတ်သိမ်းရန် ကြေညာခဲ့ကြောင်း သိရသည်။

“ခုတော့ စျေးတွေကို အနီရောင် အဆင့် သတ်မှတ်ပြီး ပိတ်ထားပါပြီ၊ ဖြစ်နိုင်ရင် ဒီဘက်ကို ဘယ်သူမှ မလာစေရဘူး၊ လာတာနဲ့ ကွာရန်တင်းဝင်ရမယ်၊ လုပ်သားတွေအနေနဲ့တော့ တကယ်ကို ခက်ခဲပါတယ်၊ ဝင်ငွေကမရှိ ခုတော့ ရှိစုမဲ့စုလေးနဲ့ စားသောက်နေရတယ် “ ဟု စျေးအတွင်း ကုန်ထမ်းသည့် စိုင်းနွဲ့ (အမည်လွှဲ)က ပြောသည်။

ချင်းမိုင်မြို့ ကျန်းမာရေးဌာနကနေ ထုတ်ပြန်ချက်အရ ယမန်နေ့ တစ်ရက်တည်းတွင် ချင်းမိုင်မြို့အတွင်း ကိုဗစ် ၁၉ ကူးစက်ခံရသူ (၃၁၄)ဦး စစ်ဆေးတွေ့ရှိရပြီး စုစုပေါင်း ကိုဗစ် – ၁၉ ကူးစက်ခံရသူ (၁၁၇၅၀)ဦးနှင့် သေဆုံးသည့် ကိုဗစ် – ၁၉ အတည်ပြုလူနာ (၄၃)ဦး ရှိနေကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာရွှေ့ပြောင်လုပ်သမား(၆၀) ဖယောင်း(Phayao)တွင် ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ဖယောင်း (Phayao) ခရိုင်ရှိ ငှားရမ်းထားသော အိမ်တစ်လုံးအတွင်း အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၆၃ ဦးကို ဖမ်းဆိရမိကြောင်း Khaosod English တွင် ဖော်ပြသည်။ ယမန်နေ့ (ဧပြီလ ၂၃ ရက်) ညနေ ၃ နာရီဝန်းကျင်တွင် ဒေသခံရဲတပ်ဖွဲ့၏ စစ်ဆေးဖော်ထုတ်ချက်များအရ လူကုန်ကူးမှုကွင်းဆက်တစ်ခု...

ချင်းမိုင်မြို့ ကမ္ဘာ့လေထုအညစ်ညမ်းဆုံးအဖြစ် သုံးရက်ဆက်တိုက်ဖြစ်၊ ဒေသခံများ ကျန်းမာရေးဆိုးရွားစွာ ထိခိုက်နေ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်တွင် တစ်ပတ်နီးပါးကြာအောင် ဆက်တိုက်ဖြစ်ပေါ်နေသည့် ပြင်းထန်သော မြူခိုးညစ်ညမ်းမှုကြောင့် အပြင်ဘက်တွင် အလုပ်လုပ်ကိုင်နေရသည့် ဒေသခံများမှာ ကျန်းမာရေးဝေဒနာများ ခံစားနေရကြောင်း သိရသည်။ လေထုအရည်အသွေး တိုင်းတာသည့် IQAir ၏ ထုတ်ပြန်ချက်အရ ချင်းမိုင်မြို့သည် ကမ္ဘာပေါ်ရှိ မြို့ကြီးများအနက် လေထုညစ်ညမ်းမှု အဆိုးရွားမြို့အဖြစ် သုံးရက်ဆက်တိုက် သတ်မှတ်ခံထားရသည်။ ယနေ့ (မတ်လ...

သျှမ်းလူငယ်ဂိုဏ်း ကြောင့် လက်ပြတ်သွားသော မိန်းကလေးငယ် ခွဲစိတ်ကုသမှုအောင်မြင်

0
ချင်းမိုင်မြို့အတွင်း သျှမ်းလူငယ်ဂိုဏ်းတစ်ခုမှ ဓားဖြင့် တိုက်ခိုက် ခုတ်လိုက်မှုကြောင့် လက်ပြတ်သွားသည့် အသက် (၁၄)နှစ်အရွယ် မိန်းကလေး၏ လက်ပြန်ဆက်ကုသမှု အောင်မြင်စွာ ပြုလုပ်နိုင်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် သြဂုတ် ၁၆ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့အတွင်း သျှမ်းလူငယ်ဂိုဏ်း ၏ တိုက်ခိုက်မှုကြောင့် ကျောင်းသား ၃ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

ချင်းမိုင်မှာ ရွှေ့ပြောင်းအမျိုးသမီး တစ်ဦး မီးရထားတိုက်သေဆုံး

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့နယ် ဆာရဖီးမြို့တွင် ယနေ့ (အောက်တိုဘာ ၂၀)ရက် နံနက် ၉ နာရီအချိန်တွင် မြန်မာရွှေ့ပြောင်း အမျိုးသမီးတစ်ဦး မီးရထားတိုက်ပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယနေ့ (အောက်တိုဘာ ၂၀)ရက် နံနက် ၉နာရီတွင် ချင်းမိုင်မြို့ နယ် ဆာရဖီးမြို့သို့ ရထားလာနေစဥ် ရွှေ့ပြောင်းအမျိုးသမီးသည် ခြုံပုတ်ထဲမှ...