Tuesday, January 27, 2026

သျှမ်းလူငယ်ဂိုဏ်း ကြောင့် လက်ပြတ်သွားသော မိန်းကလေးငယ် ခွဲစိတ်ကုသမှုအောင်မြင်

ချင်းမိုင်မြို့အတွင်း သျှမ်းလူငယ်ဂိုဏ်းတစ်ခုမှ ဓားဖြင့် တိုက်ခိုက် ခုတ်လိုက်မှုကြောင့် လက်ပြတ်သွားသည့် အသက် (၁၄)နှစ်အရွယ် မိန်းကလေး၏ လက်ပြန်ဆက်ကုသမှု အောင်မြင်စွာ ပြုလုပ်နိုင်ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် သြဂုတ် ၁၆ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့အတွင်း သျှမ်းလူငယ်ဂိုဏ်း ၏ တိုက်ခိုက်မှုကြောင့် ကျောင်းသား ၃ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး အသက် ၁၄နှစ်အရွယ် မိန်းကလေး လက်ပြတ်ဆုံးရှုံးခဲ့ရသည်။

ထို လက်ပြတ်သွားသည့် အမျိုးသမီးသည် စက်တင်ဘာလတွင် လက်ပြန်ဆက် ခွဲစိတ်ကုသပြီး လက်ရှိမှာ နေအိမ်တွင် ပြန်လာနိုင်ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရသိရသည်။

လက်ပြတ်သွားသည့် မိန်းကလေးငယ်ကို ချင်းမိုင်တက္ကသိုလ်၊ Maharaj Nakron Chiang Mai ဆေးရုံသို့ အရေးပေါ်အခြေအနေပို့ဆောင်ခဲ့ရပြီး၊ နာရီပေါင်း ၂၀ နီးပါး ကြာမြင့် ခွဲစိတ်ကုသမှု အပြီးအောင်မြင်စွာ ပြန်လည်ဆက်နိုင်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ဆက်လက်ပြီး ၂၄ ရက်ကြာ ကုသမှုခံယူပြီးနောက် ပြီးခဲ့သည့်သောကြာနေ့က ဆေးရုံမှ ဆင်းခွင့်ရခဲ့ကြောင်း Maharaj Nakron Chiagn Mai မှ ဆရာဝန်များက သတင်း ထုတ်ပြန်ခဲ့သည်။

“ပြန်ဆက်ထားတဲ့ လက်မှာ သွေးလည်ပတ်မှုကောင်းမွန်ပြီး တစ်ရှူးသေဆုံးတာ သို့မဟုတ် ပိုးဝင်ခြင်းလက္ခဏာတွေ မရှိပါဘူး။ ဒဏ်ရာခြောက်သွေ့သွားပြီဖြစ်ပြီး လူနာလည်း ကုထုံးတွေကတစ်ဆင့် ပြန်လည်ထူထောင်ရေးအဆင့်ကို ရောက်ရှိသွားပါပြီ” ဟု ဟု ဆေးပညာဌာန ဒေါက်တာ နာရိန်းချိုတီရို့စ်နီရာမစ်က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

မိန်းကလေးမှာ လက်ချောင်းအဆစ်အချို့ကို လှုပ်ရှားနိုင်ပြီဖြစ်သော်လည်း အာရုံခံစားမှုအားလုံး ပြန်လည် မရရှိရသေးကြောင်းဖော်ပြထားသည်။

မိန်းကလေး၏ စိတ်ကျန်းမာရေးအတွက် ဆရာဝန်များမှ နီးကပ်စွာစောင့်ကြည့်နေပြီး တိုးတက် ကောင်းမွန်လာကြောင်း ၎င်းက ထပ်လောင်းပြောသည်။

ထို ကျောင်းသား ၃ဦး ထိခိုက်ဒဏ်ရာရရှိမှုနှင့် မိန်းကလေးငယ် လက်ပြတ်သည်အထိ ကျူးလွန်ခဲ့သည့် သံသယရှိသူ သျှမ်းလူငယ်ဂိုဏ်း အဖွဲ့ဝင် ၁၅ဦးကိုလည်း ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး တရားစွဲဆိုထားသည်။

ထို့အပြင် တိုက်ခိုက်မှု၏ နောက်ဆက်တွဲအဖြစ် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၅၀ ဦးကျော်ဖမ်းဆီးခံခဲ့ရပြီး အသက် ၁၄ နှစ်မှ ၃၁ နှစ်အထိ သျှမ်းလူငယ်များပါဝင်ကြောင်းသိရသည်။

မြန်မာနိုင်ငံအတွင်း မတည်ငြိမ်မှုများကြောင့် ထိုင်းနိုင်ငံအတွင်းသို့ အလုံးအရင်းဖြင့်ပြောင်းရွေ့ခိုလှုံလာမှုများ များပြားလာချိန်တွင် ယခုကဲ့သို့ ဖြစ်ရပ်သည် ရွေ့ပြောင်းလူငယ်များအပေါ် စီစစ်အရေးယူမှုများ ပိုမိုများပြားလာလျက်ရှိသည်။

ဓာတ်ပုံ/ ကိုးကား – ဘန်ကောက်ပို့စ်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်မြို့ တရားမဝင် ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်အတွင်း မြန်မာနိုင်ငံသား (၁၁) ဦး ဖမ်းဆီးရမိ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တရားမဝင် ဖွင့်လှစ်ထားသည့် တရုတ်စားသောက်ဆိုင်၌ ထိုင်းအာဏာပိုင်များ ဝင်ရောက် စစ်ဆေးချိန် တရားမဝင် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသား (၁၁) ဦး ဖမ်းဆီးရမိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဇူလိုင် (၇) ရက်တွင် အဆိုပါ စားသောက်ဆိုင်ကို ဝင်ရောက်စစ်ဆေးရာ တရားမဝင် မြန်မာနိုင်ငံသား (၁၁)...

ချင်းမိုင်မြို့ မြန်မာရွှေ့ပြောင်း အလုပ်သမား အုပ်စုဖွဲ့ ရန်ဖြစ်

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အမ်းဖန်းကျောက် အမည်ရှိ စားသောက်ဆိုင်တွင် အုပ်စုလိုက်အဖွဲ့ မှ အမျိုးသားတစ်ဦးကို ဓားခုတ်ခဲ့ကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် ဇူလိုင် (၁) ရက်တွင် အသက် (၂၇) နှစ် အရွယ်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား စိုင်းကျော် ဆိုသူသည် စားသောက်ဆိုင် စတိတ်စင်ပေါ် သီချင်းဆိုသူကို...

ချင်းရိုင်းမြို့နယ် ယာဉ်တိုက်မှုဖြစ် ဆယ်ကျော်သက် သျှမ်းလူငယ်ဦး နှစ်ဦး သေဆုံး

0
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ချင်းမိုင် - ချင်းရိုင်းကြား ပြည်ထောင်စု ကားလမ်းမပေါ်တွင် မတော်တဆ ယာဉ်တိုက်မှုဖြစ်ပွား၍ ဆယ်ကျော်သက်အရွယ်ရှိ သျှမ်းလူငယ် ၂ ဦး သေဆုံးခဲ့ရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက် ညနေ ၇ နာရီကျော် အချိန်က ချင်းရိုင်းမြို့နယ် အတွင်းရှိ...

ဝမ်းရေးအတွက် တိုင်းတပါးမှာ ခက်ခဲစွာ ရုန်းနေရသူများ

0
လမ်းမဘေး ပလပ်ဖောင်းပေါ်မှာ ဆေးလိပ်သောက်နေတဲ့သူက သောက်၊ ထိုင်းနိုင်ငံ အသင့်စား ခေါက်ဆွဲဗူး စားနေသူက စားပြီး၊ ငုတ်တုတ်ထိုင်တဲ့ သူကထိုင်၊ အိပ်နေတဲ့သူက အိပ်နေကြပြီး အဲ့လူတွေရဲ့ ဘေးမှာကတော့ အိတ်တွေကိုယ်စီ နဲ့ အလုပ်လာခေါ်မယ့် အလုပ်ရှင်တွေကို မျှော်နေကြတဲ့သူတွေပါ။ အလုပ်စောင့်ဆိုင်းတဲ့သူတွေဟာ မနက် (၅) နာရီခွဲ...

ချင်းမိုင်ရောက် တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားများကို ကိုဗစ်-၁၉ ကာကယ်ဆေးထိုးပေး

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့နယ်အတွင်း တရားမဝင် ဝင်ရောက်လာခဲ့သည် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကိုဗစ် ၁၉ ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ထိုကိုဗစ် ၁၉ ကာကွယ်ဆေးကို အစိုးရဆေးရုံများတွင် အခမဲ့ ထိုးနှံပေးသွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့် လက်မှတ်မရှိသူများလည်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်ပေးနေသည့်အဖွဲ့အစည်းများက ဝင်ရောက်ညှိနှိုင်းပေးပြီး ဆေးထိုးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း...