ချင်းမိုင်မြို့ မြန်မာရွှေ့ပြောင်း အလုပ်သမား အုပ်စုဖွဲ့ ရန်ဖြစ်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အမ်းဖန်းကျောက် အမည်ရှိ စားသောက်ဆိုင်တွင် အုပ်စုလိုက်အဖွဲ့ မှ အမျိုးသားတစ်ဦးကို ဓားခုတ်ခဲ့ကြောင်း စုံစမ်း သိရှိရသည်။

Photo – Credit ဖုန်းထွက်ပြောစဥ်

ပြီးခဲ့သည့် ဇူလိုင် (၁) ရက်တွင် အသက် (၂၇) နှစ် အရွယ်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား စိုင်းကျော် ဆိုသူသည် စားသောက်ဆိုင် စတိတ်စင်ပေါ် သီချင်းဆိုသူကို ကြည့်စဥ် တဖက်အုပ်စုအဖွဲ့ နှင့် မျက်လုံးချင်းဆုံခဲ့သည်။

ထိုနောက် စိုင်းကျော်မှ ဆိုင်အပြင်ခဏထွက်သွားပြီး ဖုန်းပြောနေစဥ် တဖက်အုပ်စုမှ အပြင်ထွက်လာပြီး ဓားဖြင့်ခုတ်လိုက်ကြောင်းသိရသည်။

Photo- Credit ( အုပ်စုဖွဲ့ ရန်ဖြစ်တဲ့ အဖွဲ့ထဲကသူ)

“ကျနော်တောင် သူတို့ကို မသိဘူး။ ကျနော် အပြင်ထွက်ပြီး ဖုန်းဆက် စကားပြောစဥ်မှာ အဲ့လူက နောက်လိုက်လာမေးတယ်။ ခုနက ဘာကြောင့် သူ့မျက်နှာ ကြည့်လဲဆိုတာ မေးတယ်။ ကျနော် ဘာမှ မဖြေခင်မှာပဲ သူ့ သူငယ်ချင်းတွေကို ခေါ်ပြီး ကျနော်ကို ရိုက်နှက်ပြီး ဓား နဲ့ ကျနော်ရဲ့ လက်ဖဝါးကို ထိုးလိုက်တယ်” ဟု စိုင်းကျော် မှ မီဒီယာ တစ်ခုမှာ ဖြေကြားထားသည်။

အဆိုပါ အုပ်စုဖွဲ့ ရိုက်နှက်သည့် လူများသည် လွတ်မြောက်သွားခဲ့ကြောင်းလည်း သိရသည်။

“ကျနော် မျက်နှာ (၁) ယောက်ပဲ မှတ်မိတယ်။ ကျန်တာတော့ မမှတ်မိဘူး။ ရဲ တွေ ရောက်လာတော့ သူတို့ အားလုံးက ထွက်ပြေးသွားတယ်။ အားလုံး (၅) ယောက်တော့ရှိမယ်” ဟု ၎င်း က ပြောသည်။

လက်ရှိ ရိုက်နှက်ခံရသည့် အမျိုးသားသည် ရဲစခန်းတွင် အမှုဖွင့်ထားပြီး ထို အုပ်စုဖွဲ့ သောင်းကျန်းသည့် အဖွဲ့နာမည်မှာ ကြာနက် ( မောက်မိုဆီလမ်) အဖွဲ့ ဖြစ်ကြောင်း သိရှိရသည်။

မောက်မိုဆီလမ် အဖွဲ့သည် ယခုလို အုပ်စုဖွဲ့ သောင်းကျန်းမှုသည် ပထမကြိမ် မဟုတ်ကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ရယောင်းရှိ တရုတ်ဒေတာစင်တာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ထိုင်းရဲတပ်ဖွဲ့ဝင်စီးနင်း၊ မြန်မာ ၂၀ ဦးဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ရယောင်းခရိုင်အတွင်း တရုတ်ရင်းနှီးမြှုပ်နှံသူများ ဦးစီးလုပ်ကိုင်နေသည့် ဒေတာစင်တာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို ထိုင်း အာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့ပြီး တရားမဝင် မြန်မာနိုင်ငံရွှေ့ပြောင်းအလုပ်သမား ၂၀ ဦးနှင့် တရုတ်နိုင်ငံသား ၄ ဦး၊ စုစုပေါင်း ၂၄ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ဘန်ကောက်ပို့စ်တွင်ဖော်ပြသည်။ ပြီးခဲ့သည့် သြဂုတ် ၁၁...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ချင်းမိုင်မြို့ အဝေးပြေးကားဂိတ်တွင် ဘန်ကောက်သို့ပို့မည့် စိတ်ကြွဆေးပြား ၁.၈ သန်းကျော် ဖမ်းမိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ အဝေးပြေးကားဂိတ်တွင် ဘန်ကောက်သို့ မှောင်ခိုတင်ပို့ရန် ပြင်ဆင်နေသည့် စိတ်ကြွဆေးပြား ၁.၈ သန်းကျော်ကို သံသယရှိသူ သုံးဦးနှင့်အတူ ရဲတပ်ဖွဲ့က ကြားဖြတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ (မေလ ၁၄ ရက်) တွင် ချင်းမိုင်မြို့ မဲ့ပင်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် အမှတ် (၃) အဝေးပြေးကားဂိတ်၊...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...