ချင်းရိုင်းမြို့နယ် ယာဉ်တိုက်မှုဖြစ် ဆယ်ကျော်သက် သျှမ်းလူငယ်ဦး နှစ်ဦး သေဆုံး

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ချင်းမိုင် – ချင်းရိုင်းကြား ပြည်ထောင်စု ကားလမ်းမပေါ်တွင် မတော်တဆ ယာဉ်တိုက်မှုဖြစ်ပွား၍ ဆယ်ကျော်သက်အရွယ်ရှိ သျှမ်းလူငယ် ၂ ဦး သေဆုံးခဲ့ရကြောင်း စုံစမ်းသိရသည်။

သေဆုံးသွားတဲ့ သျှမ်းလူငယ်အမျိုးသား (၂) ဦး

ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက် ညနေ ၇ နာရီကျော် အချိန်က ချင်းရိုင်းမြို့နယ် အတွင်းရှိ ပြည်ထောင်စု ကားလမ်းမပေါ်တွင် မတော်တဆ ယာဉ်တိုက်မှုဖြစ်ပြီး အသက် (၁၅) နှစ် အရွယ် စိုင်းလောဝ်ဆိုင် နှင့် စိုင်းယုံး ညီအစ်ကိုနှစ်ဦး သေဆုံးခဲ့ရကြောင်း ချင်းမိုင်မြို့ ရွှေ့ပြောင်းအလုပ်သမား ကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ သူတို့ ညီအစ်ကို နှစ်ယောက်က အလုပ်ကအပြန် နှစ်သစ်ကူးပွဲ သွားလည်တာဗျ။ နှစ်သစ်ကူးပွဲက မရှိဘူးဆိုပြီး အိမ်ကိုပြန်လာတယ်။ လုံနောက်ရွာကို ရောက်တဲ့အခါမှာ ကားတစ်စီးနဲ့ ဝင်တိုက်မိတာဗျာ။ ကားက သူတို့ရှေ့ကို ဖြတ်မောင်းတဲ့အခါမှာ သူတို့က ဝင်တိုက်တာဗျာ။ နှစ်ယောက်စလုံးက ဆိုင်ကယ် ဦးထုပ်မဆောင်းတော့ စိုင်းယုံး ကတော့ ပွဲချင်းပြီး ဆုံးသွားတယ်။ တစ်ယောက်က လူနာတင်ကားပေါ်မှာ ဆုံးသွားတယ် “ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုခင်း နှင့် ပတ်သက်ပြီး လက်ရှိမှာ သက်ဆိုင်ရာ ထိုင်းရဲတပ်ဖွဲ့က နှစ်ဦးနှစ်ဖက်ကို စစ်ဆေးမေးမြန်းခြင်း ပြုလုပ်နေကြောင်း သိရသည်။

ထို့အပြင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားထဲမှ လူငယ်များသည် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို လိုက်နာပြီး မောင်းပေးစေလိုရန် ၎င်းက တိုက်တွန်းထားသည်။

“ ဆိုင်ကယ်စီးရင် ဖြည်းဖြည်းမောင်းကြပါ။ ဆိုင်ကယ် ဦးထုပ်အမြဲဆောင်းပါ။ ပြီးတော့ လိုင်စင်၊ အာမခံကြေး မှန်မှန်ဆောင်ပါ။ တကယ်လို့ ယာဉ်တိုက်မှု ဖြစ်လာလျှင် ဆေးကုသမှု စရိတ်တွေ၊ အသက်အာမခံကြေးတွေ ပြန်ရပါမယ် “ လို့ ၎င်းက တိုက်တွန်းထားသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ယာဉ်တိုက်မှု မကြာခဏ ဖြစ်ပွားလေ့ရှိရာ ထိုထဲတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပါဝင်လေ့ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းတွင် တားမြစ်အလုပ် လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သားများကို ပြည်နှင်ဒဏ်အထိ တင်းကြပ်စွာ အရေးယူမည်

0
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) မရှိဘဲ ရွှေ့ပြောင်းလုပ်သားများကို ငှားရမ်းခြင်း သို့မဟုတ် ဥပဒေအရ ခွင့်ပြုထားသည့် အလုပ်အကိုင်နယ်ပယ် ပြင်ပတွင် ခိုင်းစေခြင်းများ မပြုလုပ်ကြရန် ထိုင်းအစိုးရက အလုပ်ရှင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူသို့ သတိပေးကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြသည်။ အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ မနက်ဒါရက်စ် (Patdarasm Thongsaluaykorn)...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ချင်းမိုင်တွင် ခွင့်ပြုချက်မရှိဘဲ အပ်ချုပ်နှင့် ရုံးသန့်ရှင်းရေးလုပ်ကိုင်သည့် မြန်မာ ၃ ဦး ဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အတွင်း သတ်မှတ်ထားသည့် အလုပ်အကိုင် အမျိုးအစားကိုက်ညီမှုမရှိပဲ အထည်ချုပ်လုပ်ငန်းနှင့် ရုံးသန့်ရှင်းရေးအလုပ်များ ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့မှ ယမန်နေ့ (ဇွန် ၂၄)ရက်တွင် သတင်းထုတ်ပြန်သည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှ ရဲတပ်ဖွဲ့မှ ချင်းမိုင်ခရိုင် ဆန်ကန်ဖန်းမြို့နယ် (San Kamphaeng) အတွင်း...