ချင်းမိုင်မြို့ တရားမဝင် ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်အတွင်း မြန်မာနိုင်ငံသား (၁၁) ဦး ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တရားမဝင် ဖွင့်လှစ်ထားသည့် တရုတ်စားသောက်ဆိုင်၌ ထိုင်းအာဏာပိုင်များ ဝင်ရောက် စစ်ဆေးချိန် တရားမဝင် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသား (၁၁) ဦး ဖမ်းဆီးရမိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

Photo – Chiangmai Immigration

ပြီးခဲ့သည့် ဇူလိုင် (၇) ရက်တွင် အဆိုပါ စားသောက်ဆိုင်ကို ဝင်ရောက်စစ်ဆေးရာ တရားမဝင် မြန်မာနိုင်ငံသား (၁၁) ဦးထဲက (၁) ဦးဟာ ဆိုင်မန်နေဂျာ တာဝန်ယူထားပြီး၊ ကျန်သည့် (၁၀) ဦးသည် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဖြစ်ကြသည်။

“ဆိုင်ရှင်က တရုတ်ဖြစ်မယ်ထင်တယ်။ ကျမတို့ သွားစားတုန်းက ဆိုင်ရှင်ဖြစ်မယ်လို့ ယူဆရတဲ့ သူလည်း တရုတ်စကားတွေပဲ ပြောကြတာ။ ထိုင်းစကားတောင် သူတို့မပြောတတ်ဘူး”ဟု ၎င်းဆိုင်ကို သွားရောက်စားဖူးသည့် မြန်မာနိုင်ငံသား တစ်ဦး က ပြောသည်။

ထိုင်းနိုင်ငံ ဥပဒေအရ ထိုင်းလူမျိုး ထိုင်းနိုင်ငံသားကတ် ကိုင်ဆောင်ထားသူမှ လွဲပြီး စီးပွားရေး လုပ်ပိုင်ခွင့် မရှိကြောင်း ပြဌာန်းထားသည်။

အဆိုပါ ဖမ်းဆီးခံထားရသည့် တရားမဝင် မြန်မာနိုင်ငံသားများသည် ၎င်းဆိုင်မှာ တစ်လလျှင် လုပ်အားခ ၈ ထောင်ဘတ် ရရှိပြီး ၎င်းစားသောက်ဆိုင်မှာ (၁) နှစ်နီးပါးခန့် အလုပ်ဝင်လုပ်နေပြီဖြစ်ကြောင်း သိရှိရသည်။

“ထိုင်းမှာက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ကိုယ်တိုင် ရာထူးကြီးတဲ့နေရာ ရယူထားလို့မရဘူး။ အလုပ်လုပ်မယ်ဆိုရင် အထောက်အထားပြည့်စုံမှုရှိရမယ်။ အလုပ်လုပ်ခွင့်ကတ်တွေ ရှိထားရမယ်” ဟု ထိုင်းနိုင်ငံတွင်း နှစ်ရှည်စွာ နေထိုင်ခဲ့သူ တစ်ဦး ကပြောသည်။

ထိုင်းနိုင်ငံ တရားမဝင် ရောက်လာသည့် ရွှေ့ပြောင်း အလုပ်သမားများကို ထိုင်းအစိုးရ အလုပ်သမား ရေးရာရုံးမှ Work Permit ကိုပြုလုပ်ရန် စာရင်းထည့်သွင်း နိုင်ပြီဖြစ်ကြောင်း ဇူလိုင် ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပုံမှန်အားဖြင့် Work Permit ကို ပြုလုပ်ရန်အတွက် ဘတ်ငွေ ၁ သောင်း အထိ ကုန်ကျလေ့ရှိပြီး၊ Work Permit ပြုလုပ်ပေးမည့် နိုင်ငံများမှာ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယား၊ လာအို နှင့် ဗီယက်နမ် နိုင်ငံသားများ ဖြစ်ကြသည်။

စစ်အာဏသိမ်းပြီးနောက် မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံသို့ တရားမဝင်ပြောင်းရွှေ့လာသူ သိန်းချီရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်မြို့ အဝေးပြေးကားဂိတ်တွင် ဘန်ကောက်သို့ပို့မည့် စိတ်ကြွဆေးပြား ၁.၈ သန်းကျော် ဖမ်းမိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ အဝေးပြေးကားဂိတ်တွင် ဘန်ကောက်သို့ မှောင်ခိုတင်ပို့ရန် ပြင်ဆင်နေသည့် စိတ်ကြွဆေးပြား ၁.၈ သန်းကျော်ကို သံသယရှိသူ သုံးဦးနှင့်အတူ ရဲတပ်ဖွဲ့က ကြားဖြတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ (မေလ ၁၄ ရက်) တွင် ချင်းမိုင်မြို့ မဲ့ပင်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် အမှတ် (၃) အဝေးပြေးကားဂိတ်၊...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...