Tuesday, January 27, 2026

ချင်းမိုင်မှာ ရွှေ့ပြောင်းအမျိုးသမီး တစ်ဦး မီးရထားတိုက်သေဆုံး

ထိုင်းနိုင်ငံ ချင်းမိုင်မြို့နယ် ဆာရဖီးမြို့တွင် ယနေ့ (အောက်တိုဘာ ၂၀)ရက် နံနက် ၉ နာရီအချိန်တွင် မြန်မာရွှေ့ပြောင်း အမျိုးသမီးတစ်ဦး မီးရထားတိုက်ပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

ရထားတိုက်မှု

ယနေ့ (အောက်တိုဘာ ၂၀)ရက် နံနက် ၉နာရီတွင် ချင်းမိုင်မြို့ နယ် ဆာရဖီးမြို့သို့ ရထားလာနေစဥ် ရွှေ့ပြောင်းအမျိုးသမီးသည် ခြုံပုတ်ထဲမှ ရုတ်တရက်ထွက်လာပြီး ရထားဖြတ်ကူးခဲ့သည်။

ထိုဖြတ်ကူးမှုကြောင့် ရထားတိုက်ခံရပြီး ခန္ဓာကိုယ် တစ်ခုလုံး ရစရာမရှိအောင်ပြားချပ်သွားပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း ထိုင်းသတင်းမီဒီယာများ ဖော်ပြချက် အရသိရသည်။

ရထားတိုက်မှု

သေဆုံးသွားသူသည် အသက် ၂၇ နှစ်အရွယ် နန်းအေး ဆိုသူဖြစ်ပြီး၊ ၎င်း၏ ဆွေမျိုးများပြောပြချက်အရ သူမ၏ မိသားစုအတွင်းရေး ပြဿနာမရှိကြောင်း၊ အကြွေးကြောင့် ယခုလို ပြုလုပ်ခြင်း ဖြစ်နိုင်ကြောင်းလည်း ချင်းမိုင်ရဲတပ်ဖွဲ့ကို ပြောဆိုခဲ့သည်။

အလားတူ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင်လည်း ချင်းမိုင်မြို့ ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို တင်ဆောင်လာသည့် ကားတစ်စီး ရထားသံလမ်း ကူးဖြတ်ရာမှ တိုက်ခံရပြီး လူအများအပြားသေဆုံးရသည့် ဖြစ်စဉ်တခုလည်း ဖြစ်ပွားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် အရက်ဖြူဂိုဏ်းဝင် လူငယ်များကို လက်နက်များနှင့်အတူ အဖမ်းခံရ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လူစုလူဝေးပြုလုပ်ပြီး ပြစ်မှူးကျူးလွန်ရန် ပြင်ဆင်နေသော အရက်ဖြူ (Lao Khao) ဂိုဏ်းဝင် လူငယ်များကို ထိုင်းအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း Chiang Mai News က ဖော်ပြသည်။ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် ညပိုင်းတွင် အမှတ် (၅) နယ်မြေရဲတပ်ဖွဲ့၊...
Collaborative Media Monitoring

စစ်အုပ်စု အတုအယောင်ရွေးကောက်ပွဲအား နိုင်ငံတကာနှင့် မြန်မာမီဒီယာများ ပူးပေါင်းစောင့်ကြည့်

0
ဒီဇင်ဘာလ ၂၈ ရက်တွင် စစ်ကော်မရှင်ဘက်မှ စတင်ပြုလုပ်နေသည့် ရွေးကောက်ပွဲ ပထမပိုင်းကို ပူးပေါင်းစောင့်ကြည့်ရန် မီဒီယာများ စုဝေးပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Thai PBS North ရုံးတွင် ပြုလုပ်လျက်ရှိသည်။ အတုအယောင်ရွေးကောက်ပွဲကို မီဒီယာများ ပူးပေါင်းစောင့်ကြည့်မှု (Collaborative Media Monitoring) အပြင် ရွေးကောက်ပွဲနှင့်...

ထိုင်းနိုင်ငံ ချင်းမိုင်ဈေးထဲတွင် ဝှိက်ထားသည့် မက်သာဖက်သမင်း ၄၆၉ ကီလို ဖမ်းမိ

0
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မြောက်ဘက်ရှိ Pathum Thani ခရိုင်မှ Talaad Thai ဈေးသို့ တင်ပို့မည့် မက်သာဖက်သမင်း ၄၆၉ ကီလိုဂရမ်ကို ချင်းမိုင်မြို့ရှိ ကတ်မိန်းမိုင်ဈေး (Muang Mai Market) တွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။ ယနေ့ (နိုဝင်ဘာလ ၁၁) ရက်တွင်...

ချင်းမိုင် လူငယ်ဂိုဏ်းများကို လိုက်လံဖမ်းဆီးမှု စစ်ဆင်ရေးစတင်

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဓားခုတ်မှုဖြစ်ပွားပြီးနောက် ဓားခုတ်မှုကျူးလွန်ခဲ့သည် လူငယ်ဂိုဏ်းများကို ထိုင်းရဲတပ်ဖွဲ့များက လိုက်လံရှာဖွေ ဖမ်းဆီးနေကြောင်း Chiang Mai News သတင်းဌာနက ဖော်ပြသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့ ညပိုင်းက ချင်းမိုင်မြို့၊ ဆန်ကမ်ဖိုင်ရပ်ကွက်၊ ၂၄ နာရီဖွင့်သည့် အဝတ်လျှော်ဆိုင်ဘေးရှိ စတိုးဆိုင်ရှေ့တွင် လူငယ်ဂိုဏ်းအဖွဲ့သည်...

မဲခေါင်မြစ်မှတဆင့် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်သို့ တင်ပို့မည့် စိတ်ကြွဆေးပြား ခြောက်သန်းဖမ်းမိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် Wiang Kaen မြို့နယ်နှင့် Chiang Khong မြို့နယ်ရှိ မဲခေါင်မြစ်မှတစ်ဆင့် ချင်းမိုင်ခရိုင်သို့ တင်ပို့မည့် စိတ်ကြွဆေးပြား ခြောက်သန်းကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနက ဖော်ပြသည်။ အဆိုပါမူးယစ်ဆေးဝါးများကို (စက်တင်ဘာလ ၁၂ ရက်)က ချင်းရိုင်ခရိုင် Chiang Khong မြို့နယ်တွင်...