ရွာငံတွင် ‌ပွဲစားများ ဈေးနှိမ်လို့ ကော်ဖီစိုက်တောင်သူများ အရှုံးဖြင့်ရောင်းနေရ

သျှမ်းပြည် ရွာငံမြို့နယ်တွင် တဆင့်ခံ ပွဲစားများက နိုင်ငံရေးမကောင်းမှုကို အခွင့်ကောင်းယူပြီး စျေးနှိမ်ကာ ကော်ဖီစိုက်တောင်သူများဝယ်ယူနေကြောင်း စုံစမ်းသိရှိရပါသည်။

ကော်ဖီပင်

သျှမ်းတောင်၊ ရွာငံမြို့နယ်တွင် ယခုအချိန်အခါသည် ကော်ဖီအမှည့်သီးများ ထွက်သည့် ရာသီဖြစ်သည်။

ကော်ဖီစိုက်တောင်သူများသည် ကော်ဖီစက်ရုံများနှင့် တိုက်ရိုက်အဆက်သွယ်မရှိကြသကဲ့သို့ လမ်းပန်းဆက်သွယ်ရေး အခက်ခဲကြောင့် ကော်ဖီစက်ရုံအထိ သွားရောက် မရောင်းနိုင်ဘဲ ပွဲစားများမှ တဆင့်ခံ ရောင်းရသည့်အတွက် စျေးကောင်းဖြင့် မရောင်းရကြောင်း စုံစမ်းသိရှိရသည်။

ကော်ဖီစက်ရုံတွင် ကော်ဖီသီးမှည့် ပေါက်စျေး တစ်ပြည် ကျပ်ငွေ ၄ထောင်ကျပ်ဖြစ်ပါက ပွဲစားများက လိုက်လံ ဝယ်သူသောအခါတွင် တစ်ပြည်လျှင် (၂၅၀၀)နှုန်းဖြင့်သာ ဝယ်ယူရကြောင်းကို ကော်ဖီသီး လိုက်ဝယ်နေသူတစ်ဦးထံမှ သိရပါသည်။

ကော်ဖီစိုက် တောင်သူများသည် ထိုသို့စျေးထက်ဝက်ဖြင့် ရောင်းနေရသည်မှာ ကော်ဖီသီးတွေဟာ အမှည့်မညီ၍ ကြာရှည်ထား၍ မရတာကြောင့် ပေးသည့်စျေးနှင့်သာ အမြန်ရောင်းကြရကြောင်း ဒေသခံတစ်ဦးကဆိုသည်။

ကော်ဖီပင်

“ကော်ဖီက မှည့်တဲ့အလုံးက မှည့်နဲ့ မညီဘူး။ ကြာကြာထားလို့မရဘူးလေ။ အမှည့်လွန်ပြီး ကြွေကုန်မှာစိုးလို့ လာဝယ်တဲ့စျေးနဲ့ပဲ ရောင်းပေးလိုက်တယ်။ စျေးကောင်းတဲ့အထိစောင့်ရင် ကော်ဖီကြွေကုန်တယ်။ အသီးတွေများတဲ့ အချိန်ဆို စျေးကမရှိဘူး။ အခု အသီးကုန်ခါနီးကျတော့ ဈေးက တက်လာတယ်။ ဘာလုပ်လို့ရတော့မှာလဲ။ငါတို့ကော်ဖီစိုက်တဲ့သူတွေ နာတာပေါ့။ “လို့ ဆိုပါသည်။

ယခင် ကော်ဖီသီးမှည့် စပေါ်ချိန်တွင် ကော်ဖီသီးမှည့်စျေးသည် တစ်ပြည်လျှင် (၂၅၀၀) ဝန်းကျင်သာရှိပြီး ယခု ကော်ဖီသီးမှည့် ကုန်ချိန်တွင် တစ်ပြည်ကို (၄၅၀၀) အထိရှိလာပြီဖြစ်သော်လည်း တောင်သူများတွင် ရောင်းစရာမကျန်ရှိတော့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...

ရွာငံအတွင်း စစ်တပ် အင်းအားဖြည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုရှိ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်  အတွင်းသို့ စစ်ကော်မရှင်တပ်သည့် နေ့စဉ် အင်အားဖြည့်တင်းနေပြီး၊ အရပ်သားဖမ်းဆီးရိုက်နှက်မှုများလည်း ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။  နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု...

ရွာငံတွင် ဦးဇင်းတပါး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ပွေးနဖားကျေးရွာတွင် ဦးဇင်းတစ်ပါး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု ခေါ်ဆောင်သွားပြီး ဇူလိုင်လ (၂၁) ရက် နံနက်ပိုင်းတွင်...

ရွာငံ တွင် စစ်ကော်မရှင်တပ် က အရပ်သား (၈)ဦးဖမ်းဆီးသွား

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အုတ်တွင်း ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က အရပ်သား(၈)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက် ညနေ (၃)နာရီအချိန်တွင် စစ်ကော်မရှင်တပ်သည် ကျောက်ငှက်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးရာမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...