“လုံခြုံရေးအရ မြို့ကိုစွန့်ခွာ စေချင်တယ်”

ကရင်နီ(ကယား) ပြည်နယ်တွင် နိုဝင်ဘာလ(၁၁)ရက်နေ့မှ စတင်ဆင်နွှဲခဲ့သော “၁၁.၁၁ စစ်ဆင်ရေး”သည် ကရင်နီတော်လှန်ရေး တပ်ဖွဲ့များဖြစ်ကြသည့် KA ၊ KNDF ၊ KNPLF ၊ မြို့ပြတော်လှန်ရေးတပ်ဦး(URF)၊ အလယ်ပိုင်းတိုင်း ရှမ်းတောင်စစ်ဒေသခွဲ နှင့် ကယား(ကရင်နီ)စစ်ဒေသခွဲ PDF တပ်ရင်းများ အားလုံးပူးပေါင်း၍ စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးဖြစ်သည်။

ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေး (IEC) အတွင်းရေးမှူး ၂ ဗညားခွန်အောင်

“၁၁.၁၁ စစ်ဆင်ရေး” စတင်ခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်ကတည်းက ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များသည် စစ်ကောင်စီတပ်၏ တိုက်လေယာဉ်(၁)စီးကိုလည်း ပစ်ချနိုင်ခဲ့ပြီး လွိုင်ကော်မြို့ရှိ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကိုလည်း ဒီဇင်ဘာလ ဒုတိယပတ်အတွင်းက သိမ်းပိုက်နိုင်ခဲ့သည်။

စစ်ကောင်စီတပ်၏ အုပ်ချုပ်ရေးယန္တယား လည်ပတ်နေသည့် ကရင်နီ(ကယား) ပြည်နယ်မြို့တော် လွိုင်ကော်မြို့ကို သိမ်းပိုက်နိုင်ရန် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက အဓိက ထိုးစစ်ဆင်ခဲ့သည်။

စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများဖြင့် အပြင်းအထန် ပြန်လည်ခုခံ တိုက်ခိုက်ခဲ့ခြင်းကြောင့် မြို့နေလူထု အများအပြားသည် သျှမ်းတောင်နှင့် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များ၏ “၁၁.၁၁ စစ်ဆင်ရေး” ၃ လပြည့်ဖြစ်သည့် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် လွိုင်ကော်မြို့မှ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များ၏ အခြေအနေကို ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေး (IEC) အတွင်းရေးမှူး ၂- ဗညားခွန်အောင် ကို သျှမ်းသံတော်ဆင့်မှ စိုင်းဆိုင်အိုက်က ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ ကရင်နီရဲ့ တိုက်ပွဲအခြေအနေ ဘယ်လိုရှိနေလဲခင်ဗျ။

ဖြေ။ ။ တိုက်ပွဲကတော့ နေ့တိုင်းနီးပါးရှိပါတယ်။ ပြင်းပြင်းထန်ထန် ဖြစ်တဲ့ရက်တွေနဲ့ နည်းနည်းပါးပါး ဖြစ်တဲ့ရက်ဆိုပြီးမှပဲ အဲ့လိုမျိုးပြောလို့ရပါတယ်။ မြို့နယ်တော်တော်များများမှာကို ဖြစ်နေတာ ရှိပါတယ်။

မေး။ ။ နှစ်ဘက်တိုက်ပွဲအတွင်း အရပ်သားသေဆုံးလူဦးရေ ခန့်မှန်းခြေဘယ်‌လောက်ရှိနေပြီလဲ။

ဖြေ။ ။ သေဆုံးတဲ့လူဦးရေက ၄၈၀ ဝန်းကျင် ကပ်သွားပြီ။ ကျနော်ပြောတဲ့ စာရင်းကတော့ တောထဲတောင်ထဲမှာ စစ်ပြေးရင်းနဲ့ သေတာမျိုး‌တော့ မဟုတ်ဘူး။တကယ်ကို တိုက်ပွဲတွေကြားထဲမှာ ကျည်ဆံထိမှန်လို့၊ မဟုတ်ရင်လည်း စစ်ရှောင်တွေ ရှိတဲ့ စခန်းတွေကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ ပစ်လို့ သေဆုံးတဲ့ လူဦး‌ရေစာရင်း ပေါ့နော်။

မေး။ ။ သေဆုံးတဲ့ဦးရေထဲမှာ ကျား/မ ခွဲခြားပြီး စာရင်းကောက်ထားတာမျိုး ရှိလား။

ဖြေ။ ။ ကျား/မ ခွဲထားတာကတော့ စာရင်းထဲပြန်ကြည့်မှ သိမှာ။ အခြေခံအားဖြင့်ကတော့ ထက်ဝက် နီးပါးစီ ရှိကြပါတယ်။ လတိုင်းရဲ့ သေဆုံးမှုကို ကျနော်တို့ စာရင်းကောက်တဲ့ အချိန်မှာ ထက်ဝက်နီးပါးက ကျား/မ ထက်ဝက်ရှိပါတယ်။ အခြေခံအရ ပြောမယ်ဆိုရင်တော့ ကလေးနဲ့ အမျိုးသမီးဦးရေက ပိုများပါတယ်။

မေး။ ။ စစ်‌ရှောင်ရင်းနဲ့ ထိခိုက်သူတွေကို ဘယ်လိုစီစဉ်ထားပေးလဲ။ ထိခိုက်ဒဏ်ရာရသူဦးရေ ဘယ်လောက်ရှိလဲ။

ဖြေ။ ။ ထိခိုက်ဒဏ်ရာ ရတာတွေကလည်း ၈၀၀ ဝန်းကျင်ရှိပါတယ်။ သူတို့တွေကိုတော့ အခြေခံအားဖြင့် နီးစပ်ရာဆေးရုံ၊ ဆေးခန်းနဲ့ လူထုရဲ့ ကိုယ်ထူကိုယ်ထ ဆေးခန်းတွေမှာပဲ ကုသပေးနေတာတွေ ရှိပါတယ်။

မေး။ ။ အခုထိ မြို့ထဲမှာ ထွက်မပြေးဘဲ ကျန်နေတာတွေ ရှိသေးလား။

‌ဖြေ။ ။ မြို့ထဲမှာ ကျန်နေတာတွေ ရှိပါတယ်။ ဧက ၅၀၀ တို့ ကြယ်သာယာတို့ဘက်မှာနဲ့ လွိုင်ကော်မြို့ တချို့နေရာဘက် တွေမှာတော့ အဲ့ဘက်ကလူတွေကတော့ နည်းနည်းကျန်ပါသေးတယ်။ အားလုံးတော့ မပြေးဘူး‌ပေါ့နော်။ သက်သက်မဲ့ မပြေးပဲ ကျန်နေသေးတာတွေ ရှိပါသေးတယ်။

မေး။ ။ ကရင်နီမှာရှိတဲ့ လူ ၁၀၀ ရာခိုင်နှုန်းမှာ စစ်ရှောင်နေရတဲ့ လူဦးရေက ရာခိုင်နှုန်းအားဖြင့် ဘယ်လောက်ရှိမလဲ။

ဖြေ။ ။ ကျနော်တို့ နောက်ဆုံး အခုချိန်မှာဆိုရင် ၃ သိန်းခွဲ အထိ စစ်ရှောင်သွားပြီလို့ ပြောလို့ရပါတယ်။ ဖယ်ခုံတွေအထိကို ထည့်တွက်မယ်ဆိုရင်တော့ ၄ သိန်း ၂ သောင်း ဝန်းကျင်‌လောက်တော့ ရှိမယ် ပေါ့နော်။

အခုက ရာခိုင်နှုန်းနဲ့ ကြည့်မယ်ဆိုရင်တော့ ၈၀ ရာခိုင်နှုန်းလောက်က စစ်ရှောင်သွားပြီလို့တော့ ပြောလို့ရပါတယ်။ ဖယ်ခုံမြို့ပေါ်မှာ ရောက်နေသူတွေလည်း ထပ်ပြီး စစ်ရှောင်ကြရသလို ဖယ်ခုံမြို့က ဒေသခံတွေလည်း စစ်ရှောင် နေကြ ရတယ်။

မေး။ ။ မြို့ထဲ ကျန်နေတဲ့ လူတွေကြတော့ စားဝတ်နေရေးအတွက် ဘယ်လိုမျိုး ရုန်းကန်နေရလဲ။

ဖြေ။ ။ ဒီလွိုင်ကော်မြို့မှာကြတော့ လက်ကျန်ရှိတာလေးတွေနဲ့ စားသောက်နေရတယ်။ ဘယ်က အကူအညီမှ မရတော့ဘူး။ နောက်ပြီးတော့ စီးပွားရေးလည်း လုပ်လို့မရတော့ဘူးဆိုတော့ ရှိတဲ့လက်ကျန်လေးတွေကိုပဲ မှီဝဲစားသုံးနေတယ်လို့ ပြောလို့ ရပါတယ်။

မေး။ ။ ကရင်နီ လူ့အခွင့်အရေးအဖွဲ့အနေနဲ့ မြို့ထဲမှာ ကျန်ရှိနေတဲ့ ပြည်သူတွေကို ဘယ်လို ကူညီဆောင်ရွက် ပေးဖို့ရှိလဲ။

ဖြေ။ ။ ကျနော်တို့ကတော့ မြို့ကို စွန့်ခွာခိုင်းစေချင်တာပေါ့။ မြို့ကနေ ထွက်သွားဖို့လည်း တိုက်တွန်းတာ ရှိပါတယ်။ အကြောင်းအရင်းက နှစ်ခုပါ လုံခြုံရေးအတွက်လည်း အန္တရာယ်ရှိတယ်၊ နောက်တခုက စားဝတ်နေရေးအတွက် မြို့ထဲမှာ သွားပြီးတော့မှ ကူညီပေးရတာ အရမ်းခက်ခဲတယ် အန္တရာယ် ရှိတာပေါ့နော်။

အဲ့ဒါကြောင့် အကောင်းဆုံးက သူတို့အနေနဲ့ မြို့ပြင်မှာ ထွက်လာပြီးတော့မှ ကျနော်တို့ သတ်မှတ်ထားတဲ့ စစ်ရှောင်စခန်း တွေ၊ သတ်မှတ်ထားတဲ့ ဧရိယာတွေမှာ နေပေးမယ် ဆိုရင်တော့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးရတာ ပိုပြီးတော့ အဆင်ပြေနိုင်မှာပါ။

မေး။ ။ “၁၁.၁၁ စစ်ဆင်ရေး” ၃ လတာ တိုက်ပွဲအတွင်းမှာ ပြည်သူတွေက ဘယ်လို ထိခိုက်နစ်နာမှုတွေ ရှိလဲ၊ ဆုံးရှုံးမှုက ဘယ်လောက်ထိ များနေလဲ။

ဖြေ။ ။ ကျနော်တို့ရဲ့ ဆုံးရှုံးနစ်နာမှုကတော့ အခုမှ မဟုတ်ဘူးပေါ့နော်။ ဒီတော်လှန်ရေး မစခင်ကတည်းက ကျနော်တို့ တည်နေရာက တော်တော်လေးကို ဆုံးရှုံးနစ်နာမှုတွေ များတယ်လို့ ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ ပြည်နယ်ရဲ့ လူမှုစီးပွားရေးက ပျက်စီးသွားတာပေါ့။

နောက်ပြီးတော့ ဒါကလည်း သေချာတာတစ်ခုက စစ်ကောင်စီက အာဏာသိမ်းမှုရဲ့ အကျိုးဆက်လို့ပဲ ကျနော်တို့ ပြောလို့ ရတာပေါ့။ ဒါကြောင့်မလို့လည်း ကျနော်တို့ တိုက်ပွဲတွေကတော့ ဆက်ဖော်ဆောင်ဖို့ လိုအပ်တယ်။ တိုက်ပွဲနဲ့ပဲ ဒီစစ် အာဏာရှင်ကို ဖြုတ်ချရမဲ့ အခြေအနေမျိုး ဖြစ်သွားလို့ပါ။

အကယ်၍ ငြိမ်းချမ်းစွာသာ လုပ်နိုင်မယ်ဆိုရင်တော့ ကျနော်တို့ လူမှုစီးပွား‌ရေးလည်း လဲကျစရာအကြောင်းမရှိဘူး။ အခုဟာက လက်နက်စွဲကိုင်တဲ့အထိကို တွန်းအားရသွားတော့ ကျနော်ထင်တာက ဒီတိုက်ပွဲ တစ်ခုတစ်ခုဖြစ်တိုင်း ပြည်သူလူထုကတော့ ဆက်ပြီးနစ်နာနေမှာပဲ။ ဒါပေမယ့်လည်း ဒီတိုက်ပွဲနဲ့ပဲ သူတို့(စစ်အာဏာရှင်)ကို အဆုံးသတ်ဖို့ ကျန်ရှိတော့တာ။ သူတို့တွေက ငြိမ်းချမ်းသောအားဖြင့် မဟုတ်တဲ့အတွက်ကြောင့် လူထုကတော့ နစ်နာနေမှာပါ။

ဒါကတော့ နိုင်ငံရေးကို နိုင်ငံရေးနည်းအရ မဖြေရှင်းနိုင်တဲ့ အတွက် ကြောင့်မလို့ ဆိုးတဲ့ရလဒ်ကို ရရှိတယ်လို့ပဲ ကျ‌နော်တို့က အဲ့လိုမျိုးပြောလို့ပါတယ်။ နစ်နာမှုကတော့ တိုက်ပွဲရှိရှိ မရှိရှိ ဒီနိုင်ငံကတော့ စစ်အာဏာသိမ်းကတည်းကတော့ နစ်နာ သွားပြီ လို့ ပြောလို့ရပါတယ်ဗျ။

မေး။ ။ မြို့တွေမှာ ခိုးဆိုးလုယက်မှုတွေ ပေါများလာနေတယ်လို့ကြားရတယ် အဲ့ဒီအတွက် ဘယ်လိုမျိုး ဖြေရှင်း ဆောင်ရွက် ပေးတာ ရှိလဲ။

ဖြေ။ ။ အခုချိန်မှာကတော့ ဘယ်ယန္တရားမှ မရှိတော့ဘူး။ အဲ့ဒါကြောင့်မလို့ ကျနော်တို့ IEC ကတော့ ပြည်ထဲရေးဌာန အောက်ကနေ စုပေါင်းပြီးတော့မှ လက်နက်ကိုင်အင်အားနဲ့ ပေါင်းစုပြီးတော့မှ “လွိုင်ကော်မြို့ အရေးပေါ် ထိန်းသိမ်း စောင့်ရှောက်ရေး ကော်မတီ”ဆိုတာ ဖွဲ့လိုက်တာရှိတယ်။

အဓိကတော့ ကျနော်တို့ ရဲတပ်ဖွဲ့ပေါ့နော် ကင်းစခန်းတွေ ချပေးတယ်၊ လုံခြုံရေးကင်းတွေ ချပေးတယ်။ နောက်ပြီးကျတော့ ပစ္စည်းတွေ သယ်ယူမယ်ဆိုရင်လည်း သတ်မှတ်တဲ့နေရာကို သွားပြီးတော့မှ ခွင့်ပြုချက်တွေ တောင်းပြီး ထုတ်ယူဖို့အတွက် စီမံခန့်ခွဲမှုတွေ ရှိနေပါတယ်။ ဒါကတော့ ကျနော်တို့လုပ်ပေးနိုင်တဲ့ ကာလတစ်ခု ဖြစ်ပါတယ်။

ဟုတ်ကဲ့ပါခင်ဗျာ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျား။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...