သျှမ်းမြောက် ရက် ၇၀ ကျော် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ် အင်အား ၁,၀၀၀ ကျော် ပြုန်းတီး

သျှမ်းပြည်နယ် မြောက်ပိုင်းတွင် ပြီးခဲ့သည့် နို၀င်ဘာလ ၂၇ ရက်နေ့က စတင်ခဲ့သည့် ညီနောင်မဟာမိတ်တပ်များ၏ ‘၁၀၂၇ စစ်ဆင်ရေး’ ရက်ပေါင်း ၇၀ ကျော် တိုက်ပွဲများ အတွင်း စစ်ကောင်စီ တပ်အင်အား ၁,၀၀၀ ကျော် ပြုန်းတီးခဲ့သည်ဟု တပ်တွင်းသတင်းရင်းမြစ်က ယနေ့ (ဇန်နဝါရီ ၁၄ ရက်နေ့) တွင် ပြောသည်။

စစ်ကောင်စီ

ပြီးခဲ့သည့်နှစ် နို၀င်ဘာလ ၂၇ ရက်မှ အပစ်ရပ် လက်မှတ်ရေးထိုးသည့် ယခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ အထိ ကောက်ယူထားသည့် စာရင်းများအရ ပြင်ဦးလွင်နှင့် မန္တလေး စစ်ဆေးရုံ အပါအ၀င် စစ်ဆေးရုံများ၌ တက်ရောက်ကုသနေသည့် ဒဏ်ရာရ စစ်သားများ အနက် အနည်းဆုံး ၃၀၀ ကျော် သေဆုံးခဲ့ကြောင်း တပ်တွင်း သတင်းရင်းမြစ်က ဆိုသည်။

“စစ်ဆေးရုံတွေ၊ သျှမ်းမြောက် တပ်ရင်းတပ်ဖွဲ့တွေဆီက ရသမျှ စာရင်းပြုစုနေပါတယ်။ ရှေ့တန်းမှာ သေဆုံး၊ ပျောက်ဆုံးတာ၊ ဒဏ်ရာရပြီး ဆေးရုံမှာ သေဆုံးတာ၊ အတိုအပြတ် ကိုယ်လက်အင်္ဂါ ချွတ်ယွင်းသွားတာနဲ့ဆို စုစုပေါင်း အင်အား ပြုန်းတီးမှုက ၁,၀၀၀ ကျော်ရှိပါတယ်။ ဒါကျနော်တို့ ပြုစုထားတဲ့ စာရင်းပါ။ ဒီထက်လည်း များနိုင်ပါတယ်” ဟု ၄င်းကရှင်းပြသည်။

၄င်းတို့ ပြုစုထားသည့် စာရင်းများအရ ရှေ့တန်းတွင် သေဆုံး၊ ပျေက်ဆုံးသူ အနည်းဆုံး စစ်သား ၅၀၀ ကျော်ရှိပြီး ကိုယ်လက်အင်္ဂါ ချွတ်ယွင်းသွားသည့် စစ်သား အနည်းဆုံး ၂၀၀ ကျော် ရှိသည်ဟု သိရသည်။

သျှမ်းမြောက်တွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်သည့် တိုက်ပွဲများ အတွင်း ကျဆုံး ဒဏ်ရာရရှိသည့် စာရင်းများကို ညီနောင်မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ် နှစ်ဖက် စလုံးက ထုတ်ပြန်ခြင်း မရှိသည်ကို တွေ့ရသည်။

လက်ရှိ နိုင်ငံတဝှမ်း စစ်ကောင်စီတပ်များမှ ထွက်ပြေးနေသည့် စစ်သား အများအပြား ရှိနေသော်လည်း စာရင်းကောက်ယူရန် အခက်အခဲ များစွာ ရှိနေသည်ဟု တပ်တွင်း သတင်းရင်းမြစ်များက ဆိုသည်။

သျှမ်းသံတော်ဆင့်က သီးခြားကောက်ယူထားသည့် စာရင်းများအရ “၁၀၂၇ စစ်ဆင်ရေး” ရက် ၇၀ ကျော် ကာလအတွင်း စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီးနှင့် မြေမြုပ်မိုင်းများကြောင့် အနည်းဆုံး အရပ်သား ပြည်သူ ၁၅၈ ဦး သေဆုံးခဲ့ပြီး ရာပေါင်းများစွာသော ပြည်သူပိုင် အိုးအိမ်များ ပျက်စီးခဲ့သည်။

တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက်နှင့် ၁၁ ရက်၌ ကျင်းပခဲ့သည့် ကူမင်း ဆွေး‌‌နွေးပွဲ သဘောတူညီချက်အရ ဇန်န၀ါရီ ၁၁ ရက်၊ ည ၉ နာရီမှစ၍ သျှမ်းမြောက်တွင် ညီနောင်မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ် ယာယီ အပစ်အခတ် ရပ်စဲသည်ဟု ကြေညာထားသော်လည်း ယမန်နေ့က ကျောက်မဲမြို့တွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...