Tuesday, May 21, 2024

၁၁.၁၁စစ်ဆင်ရေး

“လုံခြုံရေးအရ မြို့ကိုစွန့်ခွာ စေချင်တယ်”

ကရင်နီ(ကယား) ပြည်နယ်တွင် နိုဝင်ဘာလ(၁၁)ရက်နေ့မှ စတင်ဆင်နွှဲခဲ့သော “၁၁.၁၁ စစ်ဆင်ရေး”သည် ကရင်နီတော်လှန်ရေး တပ်ဖွဲ့များဖြစ်ကြသည့် KA ၊ KNDF ၊ KNPLF ၊ မြို့ပြတော်လှန်ရေးတပ်ဦး(URF)၊ အလယ်ပိုင်းတိုင်း ရှမ်းတောင်စစ်ဒေသခွဲ နှင့် ကယား(ကရင်နီ)စစ်ဒေသခွဲ PDF တပ်ရင်းများ အားလုံးပူးပေါင်း၍ စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့်...

၁၁.၁၁ စစ်ဆင်‌ရေး ၃လ အတွင်း ပြည်သူ သေဆုံးမှု ၄၈၀ ခန့်ရှိ

ကရင်နီပြည်တွင် နိုဝင်ဘာလ ၁၁ ရက်နေ့မှ စတင်ခဲ့သည့် “၁၁.၁၁ စစ်ဆင်ရေး” ၃ လ အတွင်းတွင် ပြည်သူ‌ သေဆုံးမှု ၄၈၀ ခန့် ရှိကြောင်း ကရင်နီ လူ့အခွင့်အရေး အဖွဲ့မှ စုံစမ်းသိရသည်။ ကရင်နီပြည် "၁၁.၁၁ စစ်ဆင်ရေး" တိုက်ပွဲကြောင့် စစ်ကောင်စီမှ လက်နက်ကြီး၊...

ဆီဆိုင် စစ်ရှောင် ၁ သောင်းကျော်တိုးလာ၊ အများစု အမျိုးသမီးနှင့် ကလေးတွေဖြစ်

ကရင်နီပြည်အတွင်း “၁၁.၁၁ စစ်ဆင်ရေး” တိုက်ပွဲကြောင့် သျှမ်းပြည် ဆီဆိုင်မြို့နယ်ရှိ စစ်ရှောင်စခန်းများတွင် စစ်ရှောင်ဦးရေ ၁ သောင်းကျော်တိုးလာပြီး ထိုထဲတွင် အမျိုးသမီးနှင့် ကလေးများ ထက်ဝက်ကျော်ရှိကြောင်း စစ်ဘေးရှောင်စခန်း တာဝန်ရှိသူများက ပြောသည်။ ဆီဆိုင်မြို့နယ်အတွင်း ယခင် စစ်ရှောင်ဦးရေနှင့် ယခု "၁၁.၁၁ စစ်ဆင်ရေး"ကြောင့် အသစ်ရောက်လာသည့် စစ်ရှောင်...

ပင်လောင်းမြို့ နယ် စက်သုံးဆီ ပြတ်လပ်

သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် လပြည့်နေမှစ၍ ယနေ့ထိ ဓာတ်ဆီဈေးများ ပြတ်လပ်ကာ ဈေးများတက် နေကြောင်း စုံစမ်းသိရသည်။ ပင်လောင်မြို့နယ်တွင် နိုဝင်ဘာလ ၂၇ ရက် လပြည့်နေမှစပြီး ယနေ့ထိ (နိုဝင်ဘာ ၃၀)ရက် ဓာတ်ဆီဈေးများ ပြတ်လပ်ကာ ကျေးရွာများတွင် ဓာတ်ဆီဈေး ၁လီတာကို ၈ထောင်ကျပ်ထိ ဈေးတက်နေကြောင်း ပင်လောင်ဒေသခံ...

Latest news