သျှမ်းတောင်ရောက်စစ်ဘေးရှောင် ၈လကျော်ကြာ အိမ်ငှားခ စျေးနှုန်းထပ်မံမြင့်တက်

သျှမ်းပြည်တောင်ပိုင်းသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် (၈)လကျော်ကြာလာပြီး အိမ်ငှားခများ ယခင်က စျေးနှုန်းမြင့်တက်သဖြင့် အခက်အခဲကြုံနေရကြောင်း သတင်းရရှိသည်။

အဆိုပါ သျှမ်းပြည်တောင်ပိုင်းသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ကရင်နီပြည် (ကယားပြည်နယ်) မှ “၁၁.၁၁ စစ်ဆင်ရေး” နှင့် သျှမ်းပြည်မြောက်ပိုင်း “၁၀၂၇စစ်ဆင်ရေး” တိုက်ပွဲကြောင့် ထွက်ပြေးလာသည့်သူများ ဖြစ်သည်။

“အိမ်ရှင်က မနေ့ဖုန်းဆက်လာတယ်။ လက်ရှိအိမ်ကိုအငှားရပ်မလို့တဲ့ ခုလက်ရှိလစာနဲ့ အဆင်မပြေတော့ဘူး။ အိမ်လခတိုးချင်တယ်ဆိုလည်း ပြောလို့ရတယ်။ တစ်လလောက်ကြိုပြောပေးရင်ကောင်းတာပေါ့ ။ အခု က နှစ်ပတ် နဲ့ အိမ် ဘယ်လိုရှာရမှာလဲ။ ဒုက္ခရောက်တယ်” ဟု ညောင်ရွှေမြို့သို့ ရောက်ရှိနေသော အသက် ၄၇ နှစ်အရွယ်ရှိ စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးက ပြောသည်။

ထိုစစ်ဘေးရှောင်များသည် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့၊ အောင်ပန်းမြို့ နှင့် ညောင်ရွှေမြို့ရှိ နေအိမ်များတွင် ငှားရမ်းနေရသည်။

“တချို့ဆို ခြံဝယ်အိမ်ဆောက်ပေါ့။ မတတ်နိုင်သေးတဲ့စစ်ရှောင်တွေကတော့ ခုမိုးတွင်းလည်းဖြစ် အရောင်းအဝယ်က မဖြစ်နဲ့ဆိုတော့ ဒုက္ခရောက်တာပေါ့။ ကျမနတို့ ရပ်ကွက်နား အဆောင်မှာ တစ်လ ငါးသောင်းကျပ် နဲ့ နေတဲ့အဖွဲ့တွေတောင် စားစရာပြတ်ကုန်ပြီ” ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် “၁၀၂၇” စစ်ဆင်ရေးနောက်ဆက်တွဲတိုက်ပွဲများကြောင့် သျှမ်းမြောက်မှ စစ်ဘေးရှောင်များလည်း ရောက်ရှိလာသည့်အတွက် နေရာထိုင်ခင်း အခက်အခဲများရှိလာကြောင်းကိုလည်း လူမှုကူညီရေး အသင်းများထံမှ သိရသည်။

လက်ရှိတွင် သျှမ်းပြည်တောင်ပိုင်းတွင် စစ်ဘေးတိမ်းရှောင်နေရဆဲအရပ်သား ဦးရေ (၅၃၄၀၀) ဦးခန့်ရှိပြီး ထိုအထဲမှ ၁၅၀၀၀ နှင့် အထက်သည် ကရင်နီပြည်မှ စစ်ဘေးရှောင်ပြည်သူများဖြစ်ကြောင်း Pa-o Youth Organization (PYO) ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...