၁၁.၁၁ စစ်ဆင်‌ရေး ၃လ အတွင်း ပြည်သူ သေဆုံးမှု ၄၈၀ ခန့်ရှိ

ကရင်နီပြည်တွင် နိုဝင်ဘာလ ၁၁ ရက်နေ့မှ စတင်ခဲ့သည့် “၁၁.၁၁ စစ်ဆင်ရေး” ၃ လ အတွင်းတွင် ပြည်သူ‌ သေဆုံးမှု ၄၈၀ ခန့် ရှိကြောင်း ကရင်နီ လူ့အခွင့်အရေး အဖွဲ့မှ စုံစမ်းသိရသည်။

ကရင်နီပြည် “၁၁.၁၁ စစ်ဆင်ရေး” တိုက်ပွဲကြောင့် စစ်ကောင်စီမှ လက်နက်ကြီး၊ လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများကြောင့် ကလေးအပါအဝင်လူဦးရေ ၄၈၀ နီးပါး ရှိနေကြောင်း ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေး (IEC) အတွင်းရေးမှူး ၂ ဗညားခွန်အောင် က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“သေဆုံးတဲ့လူဦးရေက ၄၈၀ ဝန်းကျင်ကပ်သွားပြီဗျ။တိုက်ပွဲတွေမှာကျည်ဆံထိမှန်လို့၊ မဟုတ်ရင်လည်း စစ်ရှောင်တွေ ရှိတဲ့ စခန်းတွေကို စစ်ကောင်စီတွေက လက်နက်ကြီးတွေ၊လေယာဉ်တွေနဲ့ ပစ်လို့ သေဆုံးတဲ့ လူဦး‌ရေစာရင်းပါ။ ပြောမယ်ဆိုရင်တော့ ကလေးနဲ့ အမျိုးသမီးက ပိုများပါတယ်။”ဟု ၎င်းကပြောသည်။

တိုက်ပွဲများ တွင် စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လေယာဉ်နှင့် ဗုံးကြဲ တိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရသူ လူဦးရေး စုစုပေါင်း ၈၀၀ ဝန်းကျင်ထိရှိနေကြောင်းသိရသည်။

“ထိခိုက်တန်ရာရတာတွေကလည်း ၈၀၀ ဝန်းကျင်ရှိပါတယ်။သူတို့တွေကိုတော့ အခြေခံအားဖြင့် နီးစပ်ရာ ကိုယ်ထူကိုယ်ထ ဆေးခန်းတွေမှာပဲ ကုသပေးနေတာတွေရှိပါတယ်။”ဟု ဗညားခွန်အောင်က ပြောသည်။

လွိုင်ကော်မြို့ထဲနှင့်အချို့နေရာ ရပ်ကွက်များတွင် ပြည်သူလူထုများကျန်ရှိနေပြီး ကူညီရန်ခက်ခဲနေသည့် အတွက်ကြောင့် မြို့မှ ထွက်ခွာရန် တိုက်တွန်းရခြင်းဖြစ်ကြောင်း စစ်ရှောင်ကူညီသူများကပြောသည်။

“မြို့ထဲမှာ ကျန်နေတာတွေရှိပါတယ်။ ကျနော်တို့ကတော့ မြို့ကို စွန့်ခွာခိုင်းစေချင်တာပေါ့။ မြို့ကနေ ထွက်သွားဖို့လည်း တိုက်တွန်းတာရှိပါတယ်။ အကြောင်းအရင်းက နှစ်ခုပါ လုံခြုံရေးအတွက်လည်း အန္တရာယ်ရှိတယ်။နောက်တခုက စားဝတ်နေရေး အတွက်က မြို့ထဲမှာသွားပြီးတော့မှ ကူညီပေးရတာ အရမ်းခက်ခဲတယ်’ဟု ကရင်နီလူ့အခွင့်အရေး အဖွဲ့ဒါရိုက်တာ ဦးဗညား က ပြောသည်။

ကရင်နီပြည်တွင် ဖြစ်ပွားသော တိုက်ပွဲများနှင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက် မှုများကြောင့် ကရင်နီပြည်သူများမှာ နီးစပ်ရာ ဒေသသို့ထွက်ပြေးသိမ်းရှောင် ခဲ့ရပြီး ကရင်နီပြည်၏ စစ်ဘေးရှောင်စုစုပေါင်း လူဦးရေမှာ ၄ သိန်း ၂သောင်းကျော် ထိရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...