Sunday, May 5, 2024

ပင်လောင်းမြို့ နယ် စက်သုံးဆီ ပြတ်လပ်

Must read

သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် လပြည့်နေမှစ၍ ယနေ့ထိ ဓာတ်ဆီဈေးများ ပြတ်လပ်ကာ ဈေးများတက် နေကြောင်း စုံစမ်းသိရသည်။

ပင်လောင်မြို့နယ်တွင် နိုဝင်ဘာလ ၂၇ ရက် လပြည့်နေမှစပြီး ယနေ့ထိ (နိုဝင်ဘာ ၃၀)ရက် ဓာတ်ဆီဈေးများ ပြတ်လပ်ကာ ကျေးရွာများတွင် ဓာတ်ဆီဈေး ၁လီတာကို ၈ထောင်ကျပ်ထိ ဈေးတက်နေကြောင်း ပင်လောင်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“တချို့ရွာတွေကတော့ ဈေးတွေတက်နေတာ။မြို့ထဲက ဆိုင်တွေကတော့ ဆီဈေးတက်တော့ အကန့်သတ် တွေနဲ့ ရောင်းနေတာ။ဆိုင်တောင် ၁၀ နာရီကနေ ၁၂နာရီထိပဲရောင်းပေးတာ ညနေတော့ မရောင်းပေးဘူး” ဟု ၎င်းက ပြောသည်။

ထို့ပြင် အခြားသော ဆန်များ ကုန်ဈေးနှုန်းများလည် ဈေးမြင့်တက်နေကြောင်း ပြည်သူဒေသခံများက ပြောသည်။နိုဝင်ဘာ လလယ်ပိုင်းတွင်လည်း ဓာတ်ဆီ ၁ လီတာကို ၄၀၀၀ ကျပ်ပေးဝယ်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ပင်လောင်းမြို့၏ တောင်ဘက် တစ်ကျောတွင် ကရင်နီတို့ တိုက်ပွဲပြန်လည် ဖြစ်ပွားပြီးနောက် ဆီများ ပြတ်လပ်နေခဲ့ရကြောင်းသိရသည်။

သျှမ်း-ကရင်နီတကြော “၁၁.၁၁ စစ်ဆင်ရေး”ကြောင့် နိုဝင်ဘာလ ၁၅ ရက်မှထွက်ပြေးလာပြီး၊ လက်ရှိတွင် သျှမ်းပြည် တောင်ပိုင်း ပင်လောင်း၊ ညောင်ရွှေ၊ အင်းလေးနှင့် ဆီဆိုင် ဒေသများတွင် ကရင်နီပြည်မှ အရေးပေါ် တိမ်းရှောင်လာပြီး ဘုန်းကြီးကျောင်းများနှင့် ဆွေမျိုးအိမ်များသို့ လာရောက် စစ်ဘေးရှောင်နေကြပြီး စားဝတ်နေရး နှင့် အနွေးထည်များ လိုအပ်နေကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article