မိုးမိတ် တိုက်ပွဲကြား ကလေးတစ်ဦး ဒဏ်ရာရပြီး နေအိမ် ၁၀ လုံးကျော် ပျက်စီး

သျှမ်းပြည် မိုးမိတ်မြို့နယ် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA တို့၏ နှစ်ဘက်တိုက်ပွဲအကြား ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။

မိုးမိတ် ကလေးထိခိုက်

ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) နေ့လယ် ၁၂ နာရီခန့်တွင် မိုးမိတ်စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့တို့၏ နှစ်ဘက်တိုက်ပွဲအကြား စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် အုန်းကြောရွာမကြီးမှ အသက် ၉ နှစ်အရွယ်ရှိ ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း မိုးမိတ်ဒေသခံများက ပြောသည်။

“အရင်ရက် (ဇန်နဝါရီ ၁၀ ရက်)ကတည်းက အုန်းကြောရွာသစ်ဘက်မှာ တိုက်ပွဲဖြစ်နေတာ။ မနေ့ (ဇန်နဝါရီ ၁၁ ရက်)က နေ့လယ် ၁၂ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က အုန်းကြောဘက်ကို လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်တော့ ရွာမကြီးဘက်က ကလေးတစ်ယောက်ကို ထိတယ်။ ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တွေလည်း ပျက်စီးကုန်တယ်”ဟု မိုးမိတ်မြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုးမိတ်နေအိမ်ပျက်စီး

မိုးမိတ်စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် အသက် ၉ နှစ်အရွယ်ရှိ စိုင်းမိုးဒီ ဆိုသူ ကလေးတစ်ဦးမှာ နားနှင့် မျက်နှာတို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အုန်းကြောရွာမ ဘုန်းကြီးကျောင်းနှင့် ပြည်သူနေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု မိုးမိတ်မြို့နယ် ဒေသခံများမှ သိရသည်။

ဇန်နဝါရီ ၁၀ ရက် ညနေ ၅ နာရီခွဲခန့်မှ စတင်၍ မိုးမိတ်မြို့နယ် အုန်းကြောရွာမကြီးနှင့် ရွာသစ်ကျေးရွာတို့တွင် စစ်ကောင်စီလက်အောက်ခံ ခမရ-၃၄၈၊ ခလရ-၂၂၃/၂၇၆ တို့အပြင် မန္တလေးမှ ထပ်မံအင်အားဖြည့်တင်းလာသော တပ်ရင်းတို့နှင့် TNLA တပ်ဖွဲ့၊ KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု မိုးမိတ်မြို့နယ်မှ ၎င်းဒေသခံအမျိုးသားက ဆက်ပြောသည်။

မိုးမိတ် တိုက်ပွဲကြားနေအိမ််ပျက်စီး

ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့ကလည်း မိုးမိတ်မြို့နယ် မြို့သစ်ကျေးရွာရှိ အုတ်ဖိုဟောင်းတစ်ခုအနီးသို့ စစ်ကောင်စီလက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာ အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရပြီး အမျိုးသမီးတစ်ဦးမှာ မန္တလေးမြို့ရှိ ဆေးရုံတွင် ဆေးကုသနေစဉ် သေဆုံးသွားခဲ့ကြောင်း မိုးမိတ်ဒေသခံများထံမှ သိရသည်။

ဇန်နဝါရီ လဆန်းပိုင်းမှစ၍ မိုးမိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို TNLA တပ်ဖွဲ့၊ KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ထားပြီး မိုးမိတ်ဒေသခံများမှာ လုံခြုံရေး စိုးရိမ်မှုကြောင့် မန္တလေး၊ ပြင်ဦးလွင်မြို့များသို့ တိမ်းရှောင်ထွက်ပြေးနေကြကြောင်း ဒေသခံများက ပြောသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...