ဖယ်ခုံမြို့ စစ်ကောင်စီမှ လေကြောင်းဖြင့်တိုက်ခိုက်

သျှမ်းပြည် ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီမှ နေ့စဉ်နီးပါး လေကြောင်းဖြင့် တိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။

ဖယ်ခုံ

သျှမ်းပြည် ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီနှင့် ကရင်နီတော်လှန်‌ရေးအင်အားစုတို့ ဇန်နဝါရီလ ၇ ရက်မှ စ၍မြေပြင်တိုက်ပွဲများ ပြန်လည်ပြင်းထန်နေပြီး စစ်ကောင်စီမှ လေကြောင်းသုံးကာ တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သျှမ်းတောင်သို့ စစ်ဘေးရှောင်လာသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့နေ့လည်က နည်းနည်းငြိမ်ပြီး စစ်ရှောင်တွေ ထွက်လာတယ်။ ဒီနေ့ထိတော့ ထွက်လာတာတွေ ရှိတယ်။လေယာဉ်ကတော့ တစ်ရက်တစ်စီး အနည်းဆုံးတော့ ရောက်လာပြီး ဗုံးကြဲသွားတာတို့ ပစ်သွားတာမျိုးတို့ လုပ်တယ်။ မနေ့ကဆိုရင် စစ်ရှောင်တွေ လှေစီးလာချိန်တောင် လေယာဥ်နဲ့လာပစ်သေးတယ်၊ လူမထိတာကံကောင်း” ဟု စစ်ရှောင်လာသည့် အမျိုးသားတစ်ဦးက ပြောသည်။

ဖယ်ခုံ

ယနေ့ (ဇန်နဝါရီ ၁၀)ရက် နေ့လည်ပိုင်းတွင် တိုက်ပွဲများ ပြန်လလည်စတင်နေကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

ဖယ်ခုံမြို့မှ ညောင်ရွှေမြို့နယ်၊ပင်လောင်းမြို့နယ် နှင့် အနီးအနားကျေးရွာတွင် ထွက်ပြေးနေထိုင်ကြပြီး နေရာထိုင်ခင်းများလိုအပ်နေကြောင်း စစ်ဘေးရှောင်လာသူများက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အဆင်ပြေတဲ့နေရာလေးတွေ နေနေကြတာများတယ်။ ဖယ်ခုံရဲ့ မြစ်တဖက်ကမ်းမှာရှိတဲ့ ကျေးရွာတွေမှာ သွားနေကြတာလည်းရှိတယ်။ အဝတ်တထည် နဲ့ထွက်လာတာ ဘာမှ မပါလာဘူး။ဒီမှာစောင်တွေ နေရာထိုင်ခင်းတွေလည်းလိုနေတာ‌ပေါ့ ရာသီဥလည်းအေးတော့လေ။”ဟု စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ ဖယ်ခုံမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲသည် KNDF၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများအပါအဝင် ကရင်နီဒေသအခြေစိုက် တော်လှန်ရေးအင်အားစုများ ပူးပေါင်းတိုက်ခိုက်နေသည်ဟု သိရသည်။

ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီခြေမြန်တပ်ရင်းများဖြစ်သည့် အမှတ် (၃၃၆) နှင့် (၄၂၁) တပ်ရင်းများ ရှိပြီး အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) လည်း အခြေစိုက်သည်။

ဖယ်ခုံမြို့နယ်အတွင်းရှိ ရွှေပြည်အေးနှင့် လွယ်ပတာ စခန်းကုန်းများကို ဒီဇင်ဘာလ ၂၃၊ ၂၄ နှင့် ၂၅ ရက် တို့တွင် သိမ်းပိုက်ရရှိခဲ့သည်ဟု တော်လှန်ရေး တပ်ပေါင်းစုက ထုတ်ပြန်ထားသည်။

ဖယ်ခုံမြို့နယ်၊ အင်းအရှေ့ခြမ်းရှိ တောင်ပို့ကြီးကျေးရွာ၊ ငါးမူးကျေးရွာ၊ ဆီမီးလော့ကျေးရွာ၊ လယ်ထွန်ကျေးရွာ၊ ဆောင်ကန်းကျေးရွာ စသည့် ကျေးရွာများကို စကခ (၇) က လက်နက်ကြီးနှင့် မကြာခဏ ပစ်ခတ်လေ့ရှိသည်ဟု ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...

ဖယ်ခုံမြို့နယ် ပြည်သူပိုင်ပစ္စည်းများ စစ်ကော်မရှင်တပ် သယ်ယူနေ

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ရွာအတွင်းဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို ကားများဖြင့် သယ်ယူနေကြောင်း သတင်းရရှိသည်။ ယခု ဇွန်လ တတိယပတ် အတွင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များက ရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်...