သီပေါ စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်၊ ခလရ-၂၃ မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေ

သျှမ်းပြည် သီပေါမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။

သီပေါ

ယနေ့ (ဇန်နဝါရီလ ၁၀ ရက်) နံနက် ၈ နာရီခွဲခန့်မှ စတင်၍ သီပေါမြို့နှင့် မိုင် ၂၀ ခန့်အကွာအဝေးရှိ မိုးတေကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် TNLA တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး သီပေါမြို့အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ-၂၃) မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သီပေါဒေသခံများက ပြောသည်။

“သီပေါမှာ တစ်မနက်ခင်းလုံး လက်နက်ကြီးသံ ကြားနေရတာ။ အခု မန်ဟဲ နဲ့ နားခဲ(နားခိုင်း)ရွာတွေဘက်ကို မပေးသွားတော့ဘူးလို့ ပြောတယ်။ မိုးတေဘက်တော့ မနက် ၈ နာရီခွဲလောက်က စပစ်ပြီး တံတားတစ်ဘက်စီကနေ TNLA တပ်နဲ့ စစ်ကောင်စီတွေ နေရာယူထားပြီး အပြန်အလှန် ပစ်နေကြတယ်။ ခလရ-၂၃ တပ်ကနေလည်း အဲ့ဘက်တွေကို လက်နက်ကြီး ရမ်းပစ်နေတယ်”ဟု သီပေါမြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ (ဇန်နဝါရီလ ၉ ရက်) ညအချိန်မှစ၍ သီပေါအခြေစိုက် စစ်ကောင်စီတပ် ခလရ-၂၃ မှ လက်နက်ကြီးဖြင့် တဖက်သက် ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် စံဖိတ်ကျေးရွာမှ ပြည်သူများမှာ စိုးရိမ်ထိတ်လန့်ပြီး သီပေါမြို့ဟောင်းရှိ သျှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သီပေါမြို့မှ ၎င်းဒေသခံအမျိုးသားက ဆက်ပြောသည်။

သီပေါနှင့်နမ္မတူမြို့ကြားရှိ မိုးတေတံတားကိုလည်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်က စစ်ကောင်စီလက်အောက်ခံ ခမရ-၅၀၃/၅၀၄ တပ်ရင်းမှ ဗုံးခွဲဖျက်စီးခဲ့ပြီး တံတားအနီး မိုင်းထောင်ထားခဲ့ခြင်းကြောင့် ဇန်နဝါရီလ ပထမပတ်အတွင်းက မိုးတေရွာသား ၁ ဦးနှင့်SSPP တပ်သား ၁ ဦးတို့ မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်ပြတ်ဒဏ်ရာရရှိကာ လားရှိုးဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း သီပေါဒေသခံများထံမှ သိရသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့သည် တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် ဇန်နဝါရီလ ဒုတိယပတ်အတွင်းက တရုတ်နိုင်ငံ ကူမင်းမြို့တွင် တတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု စုံစမ်းသိရသော်လည်း ဆွေးနွေးမှုရလဒ် တစုံတရာကို နှစ်ဘက်စလုံးမှ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

အခြားတစ်ဘက်တွင် ညီနောင်မဟာမိတ်များဘက်မှ “၁၀၂၇ စစ်ဆင်ရေး”ကို ဆက်လက်ဆင်နွှဲလျက်ရှိပြီး ရှမ်းမြောက်တွင် သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်များ၊ သိမ်းပိုက်ရယူရမည့်စခန်းများနှင့် မြိုကြီးအချို့ ကျန်ရှိနေသေးကြောင်းလည်း TNLA တပ်ဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးဌာနမှ ယနေ့ (ဇန်နဝါရီလ ၁၀ ရက်)တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

သီပေါ ဇက်ကူးဆိပ်တွင် စက်လှေနှင့်အတူကား နစ်မြှုပ်ပြီး စက်လှေစီးရန်ကြောက်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာလုံကျေးရွာရှိ ဇက်ကူးဆိပ်တွင် စက်လှေတစီးနစ်မြှုပ်ခဲ့ပြီး လူ ၅ဉီးပျောက်ဆုံးမှုကြောင့် ဒေသခံများ စက်လှေစီးရန် ကြောက်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၁၉ ရက်) နံနက် ၂ နာရီခွဲတွင် တာလုံဇက်ကူးဆိပ်၌ ကားတစ်စီးအား မြစ်ဖြတ်ကူးရန် တင်ဆောင်နေစဉ် ဇက်ကြိုးပြတ်တောက်သွားခဲ့သဖြင့် ဇက်ပေါ်ပါလာသူ ၇...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...