လားရှိုးမြို့နယ် အမျိုးသားတစ်ဦး ဗုံးခိုကျင်းထဲ မီးလှုံရာမှ သေဆုံးမှုဖြစ်ပွား

သျှမ်းပြည် လားရှိုးမြို့နယ် ဟိုပိတ်ကျေးရွာနေ အမျိုးသားတစ်ဦးသည် ပစ်ခတ်သံများကြောင့် ဗုံးခိုကျင်းထဲသို့ ဝင်ပုန်းပြီး မီးလှုံရာ အောက်ဆီဂျင်ပြတ်လပ်၍ သေဆုံးသွားကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဇန်နဝါရီလ ၁၀ ရက်) ညပိုင်းတွင် လားရှိုးမြို့နယ် ဟိုပိတ်ကျေးရွာအနီး ပစ်ခတ်သံကြားရပြီးနောက် အသက် ၅၆ နှစ်အရွယ်အမျိုးသားတစ်ဦးသည် အုတ်များဖြင့် အခိုင်အမာ ဆောက်လုပ်ထားသော ၎င်း၏အိမ်ခြံဝန်းထဲမှ ဗုံးခိုကျင်းထဲသို့ ဝင်ပုန်းပြီး မီးလှုံနေစဉ် မီးခိုးမွှန်ကာ အောက်စီဂျင် ပြတ်လပ်၍ သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဒီနေ့မနက် သူ့သူငယ်ချင်း အိမ်နီးချင်းတွေက ရိပ်မိတာ။ ခါတိုင်းဆို ထွက်လာပြီ၊ ဒီနေ့မတွေ့သေး လို့ဆိုပြီး သွားကြည့်တော့ တောင့်ခဲနေပြီ။ ညကတည်းက ဆုံးထားတာ ဖြစ်နိုင်တယ်။ ပြီးတော့ညက သူမီးမွေးပြီး အိပ်တာ။ အောက်စီဂျင်ပြတ်ပြီး သေသွားတာလည်း ဖြစ်နိုင်တယ်” ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ဇန်နဝါရီလ ၁ ရက်တွင်လည်း နမ့်ဖတ်ကာရွာရှိ အသက် ၆၀ ကျော်အရွယ် အဘွားတစ်ဦး လည်းကကုတ်ကျင်းထဲတွင် မီးမွေးနေစဉ် မီးခိုးမွှန်ပြီး သေဆုံးသွားသည်။

လက်ရှိတွင် တိုက်ပွဲကြောင့် လားရှိုးမြို့ဒေသခံ အများအပြားလည်း မြို့ကိုစွန့်ခွာထွက်ပြေးနေ ကြောင်းလားရှိုးမြို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ ဒီနေ့ထွက်ပြေးတဲ့သူ အများကြီးပဲ။ တရုတ်လူမျိုးပိုများတယ်။ ကိုးကန့်လူမျိုးတွေဝင်လာရင် စစ်မှုထမ်းရမှာကြောက်လို့တဲ့။ ကျမတို့လည်း အထုပ်တွေပြင်းထားတယ်” ဟု ၎င်းအမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။

သျှမ်းမြောက်ဒေသတွင် “၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲကြောင့် ကလေးအပါအဝင် ပြည်သူ ၂၀၀ နီးပါး သေဆုံးပြီး ၂၆၀ ကျော် ထိခိုက်ဒဏ်ရာရှိထားကြောင်း သျှမ်းသံတော်ဆင့်မှ သီခြားကောက်ယူထားသော မှတ်တမ်းအရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...