Tuesday, April 30, 2024

ပျူစောထီးခေါင်းဆောင်တစ်ဦး တော်လှန်ရေးတပ်ဖွဲ့က ရှင်းလင်း

Must read

သျှမ်းပြည် ရွာငံမြို့နယ်က ပျူစောထီးခေါင်းဆောင်တစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် ရွာငံမြို့နယ် တောင်ကြားကျေးရွာတွင် နေထိုင်သည့် စစ်ကောင်စီ လက်ပါးစေ ပျူစောထီး ခေါင်းဆောင် ဦးကျောင်မဲကို ဇန်နဝါရီလ ၁၀ ရက် ည ၇ နာရီဝန်ကျင်၌ ရွာငံ PDF(JPRF)နှင့် မှော်ဘုရင် စစ်ကြောင်းတပ်ခွဲ ၃ ပူးပေါင်းတပ်ဖွဲ့တို့က ပစ်ခတ်ရှင်းလင်းခဲ့ပြီး စစ်ယူနီဖောင်းနှင့် အတူ အခြားသောသုံး ပစ္စည်းများလည်း သိမ်းဆည်ရမိခဲ့ကြောင့် ဒေသခံ အမျိုးသာတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပျူစောထီးခေါင်းဆောင် ရှင်းလင်းခံရတာဟုတ်တယ်။ သူတို့ ပစ္စည်းတွေ စစ်ယူနီဖောင်း၊ AKကျည်တို့၊ လက်ပစ်ဗုံး တို့ကိုလည်း သိမ်းစည်းရမိထားတယ်။လက်တလော ထွေထွေထူးထူး မရှိသေးဘူး”ဟု အသက် ၄၀ ဝန်းကျင့် အမျိုးသားတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးမတည်ငြိမ်မှုကြောင့် အလုပ်ကိုင်များရှားပါးလာကာ စားဝတ်နေရေး ခက်ခဲမှုကြောင့် သူခိုးများ ပိုမိုများပြားလာကြောင်း ဒေသခံများပြောသည်။

လက်ရှိ ရွာငံမြို့နယ် ကျေးရွာအများစုတွင် အိမ်တွင်းဖောက်ပစ္စည်းခိုးယူခြင်း၊ ရာသီပေါ်သီးနှံခိုးယူခြင်း ပိုမိုများပြားလာခဲ့ကြောင်း ဒေသခံများထံ သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article