Wednesday, January 28, 2026

ပစ်မှတ်တိကျမှုမရှိဘဲ လက်နက်ကြီး နှင့် လေကြောင်းဗုံးကြဲမှုကြောင့် ပြည်သူထိခိုက်ဒဏ်ရာရဟု စစ်ကောင်စီတပ်မမှူး ဝန်ခံ

သျှမ်းပြည် နမ့်ဆန်မြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့သည့် တပ်မ-၁၀၁ တပ်မမှူးက လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲမှုများမှာ ပစ်မှတ်တိကျမှုမရှိခြင်းကြောင့် ပြည်သူထိခိုက်ဒဏ်ရာရရှိကြောင်း ထုတ်ဖော်ဝန်ခံသည်။

စစ်ကောင်စီ၏ တပ်မမှူး

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်တွင် နမ့်ဆန်မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးရန် ကြိုးစားခဲ့သည့် စစ်ကောင်စီလက်အောက်ခံ တပ်မ-၁၀၁ ၏ တပ်မမှူးဖြစ်သူ ဗိုလ်မှူးချုပ် မင်းမင်းထွန်းကို TNLA တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ရုပ်သံဖိုင်ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ယမန်နေ့ (ဇန်နဝါရီ ၁၀ ရက်)တွင် ထုတ်ပြန်လာသည်။

“လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှု၊ လေယာဉ်ဗုံးကြဲမှုတွေဟာ တချို့ဟာတွေမှာ ပစ်မှတ်တိကျမှုမရှိခြင်းကြောင့် ဒါပျက်စီးတယ်၊ ထိခိုက်ဒဏ်ရာရတယ်လို့ ရိုးသားစွာ ဝန်ခံပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဒေသအတွင်းမှာ ဖြစ်စဉ်တွေဟာ ကျနော်မှာ တာဝန်အရှိဆုံး ဖြစ်ပါတယ်။ ဒီဒေသမှာ နေထိုင်တဲ့ တအာင်းပြည်သူတွေ၊ ပြည်သူလူထုအားလုံးကို ကျနော်အနေနဲ့ ဝန်ချတောင်းပန်လိုကြောင်း ပြောလိုပါတယ်”ဟု ၎င်းတပ်မမှူးက ရုပ်သံတွင် ဝန်ခံပြောကြားထားသည်။

နမ့်ဆန်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် TNLA တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့၏ နှစ်ဘက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူ ၁၂ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရကာ အိမ် ၁၃၁ လုံး ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ဗိုလ်မှူးချုပ် မင်းမင်းထွန်း၏ ပြောကြားချက်အရ သိရသည်။

နမ့်ဆန်မြို့နယ်တွင် စစ်ကောင်စီတပ်၏ အဓိကတာဝန်ရှိသည့် တပ်မ-၁၀၁ တပ်မမှူးသည် ဒီဇင်ဘာလ ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့တို့၏ နှစ်ဘက်တိုက်ပွဲအတွင်း ဖမ်းဆီးခံခဲ့ရသည့် အခြေအနေနှင့် စစ်ဆင်ရေးတလျောက် ဒေသခံ ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့သည်များအတွက် ဝန်ချတောင်းပန်ကြောင်းကို ရုပ်သံတွင် ပြောဆိုထားသည်။

နမ့်ဆန်မြို့သိမ်းတိုက်ပွဲတွင် TNLA တပ်ဖွဲ့က အင်အားအလုံးအရင်း အသုံးပြုပြီး နမ့်ဆန်တပ်စခန်းကုန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ Drop Bomb များလည်း ပစ်ချခြင်းခံရပြီး အင်အားမမျှခြင်းကြောင့် ဆုတ်ခွာထွက်ပြေးစဉ် အခြားအရာရှိ စစ်သည်များနှင့်အတူ ဖမ်းဆီးခံခဲ့ရသည်ဟုလည်း ထုတ်ဖော်ဝန်ခံထားသည်။

ထို့အပြင် ဗိုလ်မှူးချုပ် မင်းမင်းထွန်းက စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် ကျန်စစ်ခေါင်းဆောင်များ အားလုံးကိုလည်း ယခုကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကို ရပ်တန့်ပေးရန်လည်း မြန်မာပြည်သူများကိုယ်စား တောင်းဆိုကြောင်း ပြောကြားထားသည်။

TNLA တပ်ဖွဲ့၏ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရသည့် ဗိုလ်မှူးချုပ် မင်းမင်းထွန်းသည် အသက် ၄၈ နှစ် ရှိပြီဖြစ်ကာ ၁၉၉၅ ခုနှစ် စစ်တက္ကသိုလ် အမှတ်စဉ် ၄၀ ဗိုလ်လောင်းသင်တန်းကို တက်ရောက်ခဲ့ကြောင်း၊ ၁၉၉၉ ခုနှစ် ဒုဗိုလ် ရာထူးဖြင့် ခလရ-၂၄၀ သိန္နီတွင် စတင်ထမ်းဆောင်ခဲ့ကာ ၂၀၂၂ ခုနှစ် ၈ လပိုင်းမှစပြီး တပ်မ-၁၀၁ တပ်မမှူးအဖြစ် ပြောင်းရွှေ့ခဲ့ပြီး နမ့်ဆန်မြို့နယ်ကို ၉ လပိုင်းမှာ ရောက်ရှိတာဝန်ထမ်းဆောင်ခဲ့ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်တွင်လည်း လောက်ကိုင်မြို့အခြေစိုက် ဒကစ ဌာနချုပ်မှ ဗိုလ်မှူးချုပ် ၆ ဦးက ဦးဆောင်၍ ကိုးကန့်တပ်ဖွဲ့ MNDAA ထံသို့ လက်နက်ချခဲ့ပြီး စစ်ကောင်စီတပ်သား ၂၁၀၀ ကျော်နှင့် မိသားစု၀င် ၁၆၀၀ ကျော်၊ စုစုပေါင်း လူ ၄၀၀၀ နီးပါးကို လားရှိုးနှင့် ကျိုင်းတုံ ပြန်ပို့ပေးခဲ့ရသည်။

“၁၀၂၇ စစ်ဆင်ရေး” နှစ်လခွဲအတွင်း သျှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်း ၃၀၀ ကျော်ကို ညီနောင်မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၄၀၀၀ ကျော် လက်နက်ချအညံ့ခံခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...
Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမည်ဟု TNLA ဥက္ကဋ္ဌ ပြော

0
မိမိတို့ ထိန်းချုပ်ဒေသအတွင်းတွင် ရှိသော သျှမ်း၊ တအာင်း၊ ကချင်၊ ဗမာ၊ ဂေါ်ရခါး၊ ခိုလှုံလီရှော၊ လီဆူ၊ ကိုးကန့် နှင့် အခြားတိုင်းရင်းသားများစွာ စုပေါင်းနေထိုင်ကြခြင်းဖြစ်သောကြောင့် လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမှာဖြစ်သည်ဟု တအာင်းတပ် (TNLA)မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။ ယနေ့ ဇန်နဝါရီ...