ပစ်မှတ်တိကျမှုမရှိဘဲ လက်နက်ကြီး နှင့် လေကြောင်းဗုံးကြဲမှုကြောင့် ပြည်သူထိခိုက်ဒဏ်ရာရဟု စစ်ကောင်စီတပ်မမှူး ဝန်ခံ

သျှမ်းပြည် နမ့်ဆန်မြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့သည့် တပ်မ-၁၀၁ တပ်မမှူးက လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲမှုများမှာ ပစ်မှတ်တိကျမှုမရှိခြင်းကြောင့် ပြည်သူထိခိုက်ဒဏ်ရာရရှိကြောင်း ထုတ်ဖော်ဝန်ခံသည်။

စစ်ကောင်စီ၏ တပ်မမှူး

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်တွင် နမ့်ဆန်မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးရန် ကြိုးစားခဲ့သည့် စစ်ကောင်စီလက်အောက်ခံ တပ်မ-၁၀၁ ၏ တပ်မမှူးဖြစ်သူ ဗိုလ်မှူးချုပ် မင်းမင်းထွန်းကို TNLA တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ရုပ်သံဖိုင်ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ယမန်နေ့ (ဇန်နဝါရီ ၁၀ ရက်)တွင် ထုတ်ပြန်လာသည်။

“လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှု၊ လေယာဉ်ဗုံးကြဲမှုတွေဟာ တချို့ဟာတွေမှာ ပစ်မှတ်တိကျမှုမရှိခြင်းကြောင့် ဒါပျက်စီးတယ်၊ ထိခိုက်ဒဏ်ရာရတယ်လို့ ရိုးသားစွာ ဝန်ခံပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဒေသအတွင်းမှာ ဖြစ်စဉ်တွေဟာ ကျနော်မှာ တာဝန်အရှိဆုံး ဖြစ်ပါတယ်။ ဒီဒေသမှာ နေထိုင်တဲ့ တအာင်းပြည်သူတွေ၊ ပြည်သူလူထုအားလုံးကို ကျနော်အနေနဲ့ ဝန်ချတောင်းပန်လိုကြောင်း ပြောလိုပါတယ်”ဟု ၎င်းတပ်မမှူးက ရုပ်သံတွင် ဝန်ခံပြောကြားထားသည်။

နမ့်ဆန်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် TNLA တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့၏ နှစ်ဘက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူ ၁၂ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရကာ အိမ် ၁၃၁ လုံး ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ဗိုလ်မှူးချုပ် မင်းမင်းထွန်း၏ ပြောကြားချက်အရ သိရသည်။

နမ့်ဆန်မြို့နယ်တွင် စစ်ကောင်စီတပ်၏ အဓိကတာဝန်ရှိသည့် တပ်မ-၁၀၁ တပ်မမှူးသည် ဒီဇင်ဘာလ ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့တို့၏ နှစ်ဘက်တိုက်ပွဲအတွင်း ဖမ်းဆီးခံခဲ့ရသည့် အခြေအနေနှင့် စစ်ဆင်ရေးတလျောက် ဒေသခံ ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့သည်များအတွက် ဝန်ချတောင်းပန်ကြောင်းကို ရုပ်သံတွင် ပြောဆိုထားသည်။

နမ့်ဆန်မြို့သိမ်းတိုက်ပွဲတွင် TNLA တပ်ဖွဲ့က အင်အားအလုံးအရင်း အသုံးပြုပြီး နမ့်ဆန်တပ်စခန်းကုန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ Drop Bomb များလည်း ပစ်ချခြင်းခံရပြီး အင်အားမမျှခြင်းကြောင့် ဆုတ်ခွာထွက်ပြေးစဉ် အခြားအရာရှိ စစ်သည်များနှင့်အတူ ဖမ်းဆီးခံခဲ့ရသည်ဟုလည်း ထုတ်ဖော်ဝန်ခံထားသည်။

ထို့အပြင် ဗိုလ်မှူးချုပ် မင်းမင်းထွန်းက စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် ကျန်စစ်ခေါင်းဆောင်များ အားလုံးကိုလည်း ယခုကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကို ရပ်တန့်ပေးရန်လည်း မြန်မာပြည်သူများကိုယ်စား တောင်းဆိုကြောင်း ပြောကြားထားသည်။

TNLA တပ်ဖွဲ့၏ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရသည့် ဗိုလ်မှူးချုပ် မင်းမင်းထွန်းသည် အသက် ၄၈ နှစ် ရှိပြီဖြစ်ကာ ၁၉၉၅ ခုနှစ် စစ်တက္ကသိုလ် အမှတ်စဉ် ၄၀ ဗိုလ်လောင်းသင်တန်းကို တက်ရောက်ခဲ့ကြောင်း၊ ၁၉၉၉ ခုနှစ် ဒုဗိုလ် ရာထူးဖြင့် ခလရ-၂၄၀ သိန္နီတွင် စတင်ထမ်းဆောင်ခဲ့ကာ ၂၀၂၂ ခုနှစ် ၈ လပိုင်းမှစပြီး တပ်မ-၁၀၁ တပ်မမှူးအဖြစ် ပြောင်းရွှေ့ခဲ့ပြီး နမ့်ဆန်မြို့နယ်ကို ၉ လပိုင်းမှာ ရောက်ရှိတာဝန်ထမ်းဆောင်ခဲ့ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်တွင်လည်း လောက်ကိုင်မြို့အခြေစိုက် ဒကစ ဌာနချုပ်မှ ဗိုလ်မှူးချုပ် ၆ ဦးက ဦးဆောင်၍ ကိုးကန့်တပ်ဖွဲ့ MNDAA ထံသို့ လက်နက်ချခဲ့ပြီး စစ်ကောင်စီတပ်သား ၂၁၀၀ ကျော်နှင့် မိသားစု၀င် ၁၆၀၀ ကျော်၊ စုစုပေါင်း လူ ၄၀၀၀ နီးပါးကို လားရှိုးနှင့် ကျိုင်းတုံ ပြန်ပို့ပေးခဲ့ရသည်။

“၁၀၂၇ စစ်ဆင်ရေး” နှစ်လခွဲအတွင်း သျှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်း ၃၀၀ ကျော်ကို ညီနောင်မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၄၀၀၀ ကျော် လက်နက်ချအညံ့ခံခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...