သျှမ်းမြောက် ရွှေလီ(ထုန့်မောဝ်း) ဒေသ စစ်ဘေးရှောင် ၉ ထောင်ကျော်ရှိလာ
သျှမ်းမြောက် ရွှေလီ(ထုန့်မောဝ်း) ဒေသအတွင်း စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် (၃)ဖွဲ့ တို့အကြား တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် လူဦးရေ ၉ ထောင်ကျော်အထိ ရှိလာပြီ ဖြစ်ကြောင်း စစ်ရှောင်ကော်မတီများထံမှ သိရသည်။ အောက်တိုဘာလ ၂၇ ရက်မှစတင်သည့် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း တိုက်ပွဲများကြောင့် ဒေသခံများသည်...
ကွတ်ခိုင် စစ်ကောင်စီတပ်က TNLA တံဆိပ်ပါစစ်ဝတ်စုံ ဝတ်ဆင်ပြီး အရပ်သား ၁၀ ဦးထက်မနည်း ဖမ်းဆီးသွား
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် စစ်ကောင်စီတပ်က TNLA တံဆိပ်ပါစစ်ဝတ်စုံ ဝတ်ဆင်ပြီး အရပ်သား ၁၀ ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ၂၀ ရက် ညနေ ၅ နာရီဝန်းကျင်တွင် ကွတ်ခိုင်အခြေစိုက် ခလရ-၄၅ မှ စစ်ကောင်စီတပ်သားများသည် TNLA တံဆိပ်ပါစစ်ဝတ်စုံ ဝတ်ဆင်ပြီး ကွတ်ခိုင်မြို့သစ်...
သီပေါမြို့နယ်၊ ကျင်သီရွာခံ စစ်ရှောင်များ စားသောက်ရေး နှင့် အနွေးထည် အကူအညီများလိုအပ်
သျှမ်းပြည် ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ကျင်သီကျေးရွာမှ စစ်ဘေး တိမ်းရှောင်ထွက်ပြေး နေရသည့် ဒေသခံ များသည် နေရပ်မပြန်နိုင်ကြသေးသည့်အတွက် စားသောက်ရေး နှင့် အနွေးအထည် အကူအညီများ လိုအပ်နေ ကြောင်းစုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလမှ စတင်ကာ အာဏာသိမ်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသား...
သျှမ်းတပ်နှစ်ဖွဲ့ကြား အပစ်အခတ် ရပ်စဲပြီးနောက် အပြန်အလှန် စစ်သုံ့ပန်း လွှတ်ပေး
သျှမ်းပြည်တပ်မတော်များ ဖြစ်သည့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/ SSA) နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့အကြား နှစ်ဖက်တပ်ဖွဲ့ အပစ်အခတ် ရပ်စဲပြီးနောက် အပြန်အလှန် စစ်သုံ့ပန်း လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ နိုဝင်ဘာလ ၂၉ ရက်တွင် နှစ်ဘက်တပ်ဖွဲ့အကြား သျှမ်းအမျိုးသားသွေးစည်းညီညွတ်ရေး...
တောင်ကြီးတွင် MPTလိုင်းများ ညစဥ် ဖြတ်ခံရ
SHAN -
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် MPTလိုင်းများ ညစဉ်ညတိုင်း ပြတ်တောက်နေ၍ MPTအသုံးပြုသူများ ဆက်သွယ်ရေး ခက်ခဲပြီး လုပ်ငန်းများလည်း နှောင့်နှေးရကြောင်း ဒေသခံများ ပြောကြားချက်အရ သိရှိရသည်။ တောင်ကြီးတွင် ဒီဇင်ဘာလ (၆)ရက်နေ့မှ (၁၉) ရက်နေ့ထိ ညနေ(၅)နာရီ၀န်းကျင်တွင် စတင်ကာ MPTလိုင်းများ ပြတ်တောက်လေ့ရှိပြီး နံနက် (၇)နာရီကျော်၀န်းကျင်တွင်...
နေရပ်ပြန် ပစ္စည်းပြန်ယူသည့် ကရင်နီပြည်စစ်ရှောင်များ ပျောက်ဆုံးနေ
SHAN -
သျှမ်းတောင် ဒေသများသို့ တိမ်းရှောင်လာကြသော စစ်ရှောင်အချို့သည် နေရပ်တွင်ကျန်ရှိနေသော ပစ္စည်းများကို ပြန်ယူရာ အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။ "၁၁.၁၁ စစ်ဆင်ရေး" ကြောင့် သျှမ်းပြည်သို့ တိမ်းရှောင်လာသည့် ကရင်နီပြည်သူများသည် မိမိနေအိမ်များဖော်ထွင်းခံနေရသည်ဆိုသည့် သတင်းကြောင့် အရဲစွန့်နေရပ်ပြန်ကာ ပစ္စည်းပြန်ယူနေကြသည်။ ထိုသို့ ပြန်ယူကြသူများ စုစုပေါင်း (၄၀)ကျော်ရှိပြီး၊ ထိုသူများသည် လက်ရှိအချိန်ထိ...
နမ့်ခမ်းမြို့ရှိ အာဇာနည်ကျောက်တိုင်ကို TNLA ဖျက်ဆီး
နမ့်ခမ်းမြို့ရှိ အာဇာနည်သမိုင်းဝင်ကျောက်တိုင်ကို TNLA က ယနေ့ (ဒီဇင်ဖျဘာ ၂၁)ရက်တွင် ဖျက်ဆီးလိုက်ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် နမ့်ခမ်းမြို့ SMILE လက်ဖက်ရည်ဆိုင်ရှေ့ရှိ အာဇာနည်ကျောင်တိုင်ကို ယနေ့ (ဒီဇင်ဘာလ ၂၁) ရက် နေ့လည် ၁ နာရီဝန်းကျင်တွင် TNLA က မြေကော်ကားဖြင့် လာရောက်ဖျက်ဆီူခံါပ့ေညက်ူ...
မန်တုံမြို့နယ် တိုက်ပွဲအတွင်း အမျိုးသမီး ၁ ဦး ဒဏ်ရာရပြီး လူနေအိမ်အများအပြား ထိခိုက်ပျက်စီး
သျှမ်းပြည် မန်တုံမြို့နယ်တွင် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေစဉ်အတွင်း အရပ်သားဒဏ်ရာရရှိခြင်းနှင့် နေအိမ်ထိခိုက်ပျက်စီးခြင်းများ ရှိကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ၁၉ ရက်တွင် မန်တုံမြို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရပြီး လူနေအိမ် ၁၀ လုံးထက်မနည်း...
လောက်ကိုင်မြို့အတွင်း ပြည်သူ့စစ် အချင်းချင်း ပစ်ခတ်မှုမှ လေယာဥ်ဗုံးကြဲသည်အထိ တိုက်ပွဲပြင်းထန်
သျှမ်းပြည် လောက်ကိုင်မြို့အတွင်းတွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား တိုက်ပွဲဆက်လက် ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ထို့တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်မှ လေကြောင်းလိုင်းဖြင့် ဗုံးကြဲတိုက်ခိုက်သည်အထိ တိုက်ပွဲပြင်းထန်ကြောင်း သိရသည်။ ယမန်နေ့ ဒီဇင်ဘာလ ၂၀ ရက်တွင်...
လားရှိုးမြို့ စစ်ကောင်စီ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ စိုးရိမ်နေရ
သျှမ်းပြည် လားရှိုးမြို့အတွင်း စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၀ ရက်) ညပိုင်းအချိန်တွင် စစ်ကောင်စီတပ်စခန်းနေပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ကာ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့သော်လည်း ဒေသခံများအနေဖြင့် မြို့တွင်း တိုက်ပွဲဆက်ဖြစ်လာမည်ကို စိုးရိမ်နေရကြောင်း လားရှိုးမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...





