တန့်ယန်းမြို့နယ် စစ်ကောင်စီ သေနတ်ဖြင့် တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်မှုပြုလုပ်

သျှမ်းပြည် တန့်ယန်းမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့မှ သေနတ်နှင့်လက်နက်ကြီးများကို တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်သည့်အတွက် ဒေသခံများက စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။

တန့်ယန်းမြို့

ဇန်နဝါရီလ ၇ ရက်နေ့ ညနေပိုင်း ၆ နာရီဝန်းကျင်တွင် တန့်ယန်းမြို့ အခြေစိုက် အာဏာသိမ်း စစ်ကောင်စီ တပ်အမှတ် (၃၃)(အမြောက်တပ်)မှ လက်နက်ကြီး နှင့် သေနတ်ပစ်ဖောက်ခဲ့သည့် အတွက် ဒေသခံများက တုန်လှုပ်ခြောက်ခြားမှု ဖြစ်ခဲ့ကြောင်း အသက် (၃၀) ဝန်းကျင် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အသံလည်း တော်တော်ကြီးကျယ်တော့ တမြို့လုံးနီးနီးကြားကြရတယ်။ လက်နက်ကြီးအသံက တစ်ချက်ပဲ။ ပြီးတော့ နောက်ကနေ သေနတ်သံ ၃/၄ ချက် ထပ်ကြားရတယ်။ သူတို့ တစ်ဖက်သတ် ပစ်တဲ့ အသံပဲ၊ ခြောက် တာလား၊ လက်နက်စမ်းတာလားတော့မသိဘူး။ ကျနော်တို့က ကြောက်လို့ ကောင်းကောင်းတောင် မအိပ်ခဲ့ရဘူး” ဟု တန့်ယန်းမြို့ ဒေသခံ အမည်မဖော်လိုသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ လက်နက်ကြီး အသံ နှင့် သေနတ်ပစ်ခတ်မှု အသံ ကြားကြရသည့် တန့်ယန်းမြို့ ဒေသခံများမှ တချို့သည် ကတုတ်ကျင်း၊ ဗုံးခိုကျင်းများသို့ ညတွင်းချင်း ဝင်ရောက်ခိုလှုံခဲ့ရကြောင်းလည်း အထက်ပါ အမျိုးသား က သျှမ်းသံတော်ဆင့်ကို ဆက်လက်ပြောဆိုသည်။

ထို့အပြင် လက်ရှိ အချိန်၌ တန့်ယန်းမြို့နယ်အတွင်း အခြေစိုက် စစ်ကောင်စီတပ်များ အပြင် လောက်ကိုင်မြို့ နှင့် ကွန်လုံမြို့တို့မှ စစ်ကောင်စီတပ်သား၊ တပ်ဖွဲ့တချို့လည်း ရောက်ရှိနေမှုကြောင့် ဒေသခံများက တန့်ယန်းမြို့နယ် အတွင်း စစ်ရေးလေ့လာသုံးသပ်နေသူ အသက် (၅၀) ဝန်းကျင် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အတွင်းသတင်းတွေ သိရသလောက်တော့ ခုဆို တန့်ယန်းတပ်ထဲမှာလည်း လောက်ကိုင်တို့၊ ကွန်လုံတို့ဘက်က လာတဲ့စစ်သားတွေ ရောက်နေတာ အများကြီးပဲတဲ့၊ စစ်ကားတွေဆိုလည်း အဝင်အထွက်နေ့တိုင်းလိုလိုရှိနေတာ။ အဲ့ကြောင့် ကျနော်တို့မြို့မှာလည်း တိုက်ပွဲတွေ ဖြစ်လာမှာကြောက်နေတာ။ တချို့ကတောင် စစ်ပြေးဖို့ ပြင်ဆင်ရ မလား ဖြစ်နေပြီ” ဟု တန့်ယန်းမြို့ခံ စစ်ရေးလေ့လာသုံးသပ်နေသူ အသက် (၅၀) ဝန်းကျင် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလလ နှောင်းပိုင်းမှ စတင်ပြီး စစ်ကောင်စီ တပ်ဖွဲ့မှ တန့်ယန်းမြို့နယ် အတွင်း လက်နက်ကြီးဖြင့် တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်မှု မကြာခဏ ပြုလုပ်လေ့ရှိကြောင်းလည်း ဒေသခံများ ထံမှ သိရသည်။

လက်ရှိ အချိန်သည် အာဏာသိမ်း စစ်ကောင်စီ တပ်နှင့် မဟာမိတ် ပူးပေါင်း တပ်ဖွဲ့တို့၏ စစ်ဆင်ရေး တိုက်ပွဲများလည်း သျှမ်းမြောက်ဒေသ အတွင်း ပြင်းထန်နေလျက်ရှိသည့် အတွက် တန့်ယန်းမြို့ခံများက မြို့နယ်အတွင်း တိုက်ပွဲ ကူးစက် ဖြစ်ပွားလာမှာကို စိုးရိမ်ကြောက်လန့်နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...