Tuesday, January 27, 2026

တန့်ယန်းမြို့နယ် စစ်ကောင်စီ သေနတ်ဖြင့် တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်မှုပြုလုပ်

သျှမ်းပြည် တန့်ယန်းမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့မှ သေနတ်နှင့်လက်နက်ကြီးများကို တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်သည့်အတွက် ဒေသခံများက စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။

တန့်ယန်းမြို့

ဇန်နဝါရီလ ၇ ရက်နေ့ ညနေပိုင်း ၆ နာရီဝန်းကျင်တွင် တန့်ယန်းမြို့ အခြေစိုက် အာဏာသိမ်း စစ်ကောင်စီ တပ်အမှတ် (၃၃)(အမြောက်တပ်)မှ လက်နက်ကြီး နှင့် သေနတ်ပစ်ဖောက်ခဲ့သည့် အတွက် ဒေသခံများက တုန်လှုပ်ခြောက်ခြားမှု ဖြစ်ခဲ့ကြောင်း အသက် (၃၀) ဝန်းကျင် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အသံလည်း တော်တော်ကြီးကျယ်တော့ တမြို့လုံးနီးနီးကြားကြရတယ်။ လက်နက်ကြီးအသံက တစ်ချက်ပဲ။ ပြီးတော့ နောက်ကနေ သေနတ်သံ ၃/၄ ချက် ထပ်ကြားရတယ်။ သူတို့ တစ်ဖက်သတ် ပစ်တဲ့ အသံပဲ၊ ခြောက် တာလား၊ လက်နက်စမ်းတာလားတော့မသိဘူး။ ကျနော်တို့က ကြောက်လို့ ကောင်းကောင်းတောင် မအိပ်ခဲ့ရဘူး” ဟု တန့်ယန်းမြို့ ဒေသခံ အမည်မဖော်လိုသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ လက်နက်ကြီး အသံ နှင့် သေနတ်ပစ်ခတ်မှု အသံ ကြားကြရသည့် တန့်ယန်းမြို့ ဒေသခံများမှ တချို့သည် ကတုတ်ကျင်း၊ ဗုံးခိုကျင်းများသို့ ညတွင်းချင်း ဝင်ရောက်ခိုလှုံခဲ့ရကြောင်းလည်း အထက်ပါ အမျိုးသား က သျှမ်းသံတော်ဆင့်ကို ဆက်လက်ပြောဆိုသည်။

ထို့အပြင် လက်ရှိ အချိန်၌ တန့်ယန်းမြို့နယ်အတွင်း အခြေစိုက် စစ်ကောင်စီတပ်များ အပြင် လောက်ကိုင်မြို့ နှင့် ကွန်လုံမြို့တို့မှ စစ်ကောင်စီတပ်သား၊ တပ်ဖွဲ့တချို့လည်း ရောက်ရှိနေမှုကြောင့် ဒေသခံများက တန့်ယန်းမြို့နယ် အတွင်း စစ်ရေးလေ့လာသုံးသပ်နေသူ အသက် (၅၀) ဝန်းကျင် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အတွင်းသတင်းတွေ သိရသလောက်တော့ ခုဆို တန့်ယန်းတပ်ထဲမှာလည်း လောက်ကိုင်တို့၊ ကွန်လုံတို့ဘက်က လာတဲ့စစ်သားတွေ ရောက်နေတာ အများကြီးပဲတဲ့၊ စစ်ကားတွေဆိုလည်း အဝင်အထွက်နေ့တိုင်းလိုလိုရှိနေတာ။ အဲ့ကြောင့် ကျနော်တို့မြို့မှာလည်း တိုက်ပွဲတွေ ဖြစ်လာမှာကြောက်နေတာ။ တချို့ကတောင် စစ်ပြေးဖို့ ပြင်ဆင်ရ မလား ဖြစ်နေပြီ” ဟု တန့်ယန်းမြို့ခံ စစ်ရေးလေ့လာသုံးသပ်နေသူ အသက် (၅၀) ဝန်းကျင် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလလ နှောင်းပိုင်းမှ စတင်ပြီး စစ်ကောင်စီ တပ်ဖွဲ့မှ တန့်ယန်းမြို့နယ် အတွင်း လက်နက်ကြီးဖြင့် တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်မှု မကြာခဏ ပြုလုပ်လေ့ရှိကြောင်းလည်း ဒေသခံများ ထံမှ သိရသည်။

လက်ရှိ အချိန်သည် အာဏာသိမ်း စစ်ကောင်စီ တပ်နှင့် မဟာမိတ် ပူးပေါင်း တပ်ဖွဲ့တို့၏ စစ်ဆင်ရေး တိုက်ပွဲများလည်း သျှမ်းမြောက်ဒေသ အတွင်း ပြင်းထန်နေလျက်ရှိသည့် အတွက် တန့်ယန်းမြို့ခံများက မြို့နယ်အတွင်း တိုက်ပွဲ ကူးစက် ဖြစ်ပွားလာမှာကို စိုးရိမ်ကြောက်လန့်နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...