နမ္မတူ စစ်ရှောင်များနေရပ်မပြန်ပါက နေအိမ်ချိတ်ပိတ်မည်ဆိုသည့်သတင်းကြောင့် စိုးရိမ်မှုမြင့်တက်

သျှမ်းပြည် နမ္မတူမြို့နယ် စစ်ရှောင်များ သတ်မှတ်ရက် နေရက်မပြန်ပါက နေအိမ်ချိတ်ပိတ်မည်ဆိုသည့်သတင်းကြောင့် စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်နေရကြောင်း စုံစမ်းသိရသည်။

နမ္မတူ တိုက်ပွဲ ပြည်သူထွက်ပြေးနေရ

ယခုရက်ပိုင်း နမ္မတူမြို့နယ်စစ်ရှောင်များ သတ်မှတ်ထားသည့်ရက် နေရပ်သို့မပြန်ပါက နေအိမ်ချိတ်ပိတ်မည်ဆိုသည့် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပြောဆိုနေသည်ဆိုသော သတင်းကြောင့် တိုက်ပွဲကြား နေရပ်ပြန်နေရကြောင်း နမ္မတူမြို့ အမည်မဖော်လိုသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“တဆင့်စကားအားဖြင့် အိမ်ချိပ်ပိတိမယ်လို့ကြားတယ်။ ဒါကြောင့် ဇန်နဝါရီ ၈ရက်နဲ့ မနေ့က ၉ ရက်နေ့ စစ်ဘေးရှောင်များ အလုံးအရင်းပြန်ကြတာတွေ့ရတယ်” ဟု နမ္မတူမြို့ ဒေသခံ အမျိုးသားက ဆိုသည်။

ဆက်လက်ပြီး TNLA တပ်သားများက ဒေသခံများကို ပြောဆိုခဲ့သည့် အကြောင်း ဖြစ်စဥ်ကို သိရှိသူ အမည်မဖော်လိုသူ အမျိုးးသား တစ်ဦးက “နမ္မတူမြို့ကို သူတို့ တိုက်ယူပြီးကတည်းက ရွာလူကြီးတွေ၊ ဥက္ကဌတွေကို ခေါပြီး လူဦးရေ စာရင်းမေးတယ်။ အဲ့ဒီမှာ စစ်ရှောင်သွားတဲ့ သူတွေ အကုန် ပြန်ခေါ်လာခဲ့တော့တဲ့၊ ခေါ်တဲ့ အချိန်မလာရင် လူမရှိတဲ့ အိမ်ကို သူတို့ ဝင်နေမယ်ဆိုပြီး ပြောတာ။ တချို့ကလည်း စစ်ရေးတင်းမာနေသေးတယ်ဆိုပြီး မပြန်ရဲကြသေးဘူးလေ” ဟု ထပ်လောင်းပြောသည်။

နမ္မတူမြို့

ထို့ပြင် ဒီဇင်ဘာ ၂၈ရက်တွင် နမ္မတူမြို့ အခြေစိုက် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခမရ-၃၂၄)တပ်ရင်းကို TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း TNLA တပ်ဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးဌာန ထုတ်ပြန်ထားသည်။

လက်ရှိမှာ TNLA တပ်သားများသည် မြို့ရွာအတွင်း ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်နေပြီး၊ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများကို CDM ပြုလုပ်ရန် ဖိအားပေးသကဲ့သို့ ပညာရေး၊ ကျန်းမာရေးဝန်ထမ်းများကိုလည်း သတ်မှတ်ရက်အတွင်း နမ္မတူမြို့မှ ထွက်ခွာရန်လည်း TNLA ကဖိအားပေးနေကြောင်း သိရသည်။

“ အခုက ဝန်ထမ်းတွေကို CDM လုပ်ရန်ဖိအားပေးတယ်။ ပညာရေး ကျန်းမာရေး ဝန်ထမ်းများကိုသတ်မှတ်ရက်အတွင်း ထွက်ခွာစေပြီး သူတို့လူအစားထိုးမယ်လို့ဆိုတယ်” ဟု နမ္မတူဒေသခံ အမျိုးသားတစ်ဦးက ထပ်လောက်ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက် ညနေ ၄ နာရီခန့်တွင် စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် မန်လီကျေးရွာရှိ ဘုန်းကြီးကျောင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းဆရာမ တစ်ဦး ထိမှန်သေဆုံးခဲ့သည်။

TNLA

ထို့ကြောင့် နမ္မတူမြို့ အသက် ၄၀ အရွယ်ရှိ အမျိုးသားတစ်ဦးက “လက်ရှိ အခြေအနေက ဘယ်လိုလဲဆိုရင် စစ်သားတွေက ပြည်သူနဲ့ရောနောနေပြီးတော့ စစ်ကောင်စီကလည်း လေယာဥ်နဲ့ ဗုံးလာကြဲပြီဆိုရင်လည်း ပြည်သူလား စစ်သားလား မခွဲတော့ဘဲနဲ့ ဒီအတိုင်းကြဲချတာလေ” ဟု အသက် (၄၀) ဝန်းကျင် အမျိုးသား တစ်ဦးက သျှမ်းသံဝောာ်ဆင့်ကို ပြောသည်။

လက်ရှိမှာ TNLA တပ်ဖွဲ့မှ မသင်္ကာသည့် ပြည်သူများ၊ စစ်ကောင်စီ၏ လက်အောက်ခံ ဝန်ထမ်းများကို ခေါ်ယူစစ်ဆေးမှုများပြုလုပ်နေကြောင်း၊ နမ္မတူမြို့တွင်းရှိ ပရဟိတအသင်းအဖွဲ့ဝင်များကိုလည်း ခေါ်ယူစစ်ဆေးမှု ရှိကြောင်း သိရသည်။

နမ္မတူမြို့ စစ်ရှောင်များနေရပ်မပြန်ပါက နေအိမ်ချိတ်ပိတ်မည်ဆိုသည့် သတင်းကိစ္စနှင့်ပတ်သက်ပြီး သျှမ်းသံတော်ဆင့် မှ TNLA ကို အကြိမ်ကြိမ် မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခြင်းမရှိပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...