မိုးမိတ် စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့တို့ နှစ်ဘက်ထိတွေ့တိုက်ပွဲ ပြင်းထန်

သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( TNLA )တပ်ဖွဲ့တို့ နှစ်ဘက်ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း စုံစမ်းသိရသည်။

မိုးမိတ်မြို့နယ် မန်ဖွယ်(ဖိုင်ခမ်း)ရွာအနီး

ယမန်နေ့ (ဇန်နဝါရီလ ၉ ရက်) နံနက် ၉ နာရီခန့်မှ စတင်ကာ မိုးမိတ်မြို့နယ် မန်ဖွယ်(ဖိုင်ခမ်း)ရွာအနီး စခန်းချတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို TNLA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းဖြင့်ပစ်ကူ ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း မိုးမိတ်ဒေသခံများက ပြောသည်။

“ဖိုင်ခမ်းရွာ အပေါ်ဘက်မှာ မနေ့က မနက် ၉ နာရီလောက်ကနေ တိုက်ပွဲစဖြစ်တာ နေ့လယ် ၂ နာရီလောက်ကျမှ သေနတ်သံ တိတ်သွားတယ်။ နေ့လယ် ၁ နာရီလောက်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂ စီး၊ ရဟတ်ယာဉ် ၁ စီးနဲ့ ဗုံးကြဲတော့ ရွာထဲကျပြီး အိမ် ၂ လုံး ပျက်စီးသွားတယ်”ဟု မိုးမိတ်မြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတပ်က လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် မန်ဖွယ်(ဖိုင်ခမ်း)ရွာ တောင်ဘက်ရှိ ပါရမီဆုတောင်းပြည့် မိုင်းဖုန်းစေတီကို ဗုံးစထိမှန်ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း မိုးမိတ်ဒေသခံများထံမှ သိရသည်။

“မိုင်းဖုန်းစေတီဘက်မှာ စစ်ကောင်စီတပ်က စခန်းလာချတာ ရက်တော်တော်ကြာပြီ၊ မနေ့က မဟာမိတ်တပ်တွေ ထိုးစစ်ဆင်တော့ အဲ့တပ်ကနေ စစ်ကောင်စီတပ်သားတွေ တပ်ပြန်ဆုတ်သွားတယ်။ အဲ့လိုမဆုတ်ခင်မှာ လေယာဉ်နဲ့လည်း လာပစ်သေးတယ်။ အခုတော့ အဲ့စေတီမှာ မဟာမိတ်တွေ နေရာယူထားတယ်”ဟု မိုးမိတ်မြို့နယ်မှ ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ထို့အပြင် ဇန်နဝါရီလ ၅ ရက်နေ့က TNLA တပ်ဖွဲ့ သိမ်းပိုက်ထားသည့် စင့်ကင်တပ်စခန်းဘက်ကို လည်း လေကြောင်းဖြင့် ဗုံး ၂ လုံး လာရောက်ကြဲချခဲ့ကြောင်း မိုးမိတ်ဒေသခံများက ပြောသည်။

ဇန်နဝါရီ လဆန်းပိုင်းမှစ၍ မိုးမိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ မန်ပတ်တပ်စခန်း၊ စင့်ကင်တပ်စခန်းနှင့် နမ့်ခွယ်တပ်စခန်း ၃ ခုကို TNLA တပ်ဖွဲ့၊ KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

မိုးမိတ်မြို့အခြေစိုက် စစ်ကောင်စီတပ်များက လက်နက်ကြီးနှင့်လေကြောင်းဖြင့် ညီနောင်မဟာမိတ်တပ်များကို ပြန်လည်တိုက်ခိုက်ခဲ့ခြင်းကြောင့် မိုးမိတ်မြို့ဒေသခံများမှာ လုံခြုံရေးစိုးရိမ်ထိတ်လန့်ပြီး မန္တလေး၊ ပြင်ဦးလွင်မြို့များသို့ တိမ်းရှောင်ထွက်ပြေးနေကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...