Wednesday, January 28, 2026

နမ့်ဆန် မြို့သစ်ကျေးရွာကို စစ်‌ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ၊ ကျောင်းဆရာ/မ ၅ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရ

သျှမ်းပြည် နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲခဲ့ခြင်းကြောင့် ကျောင်းဆရာ/မ ၅ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းသိရသည်။

နမ့်ဆန် လေကြောင်းဗုံးကြဲ

ယမန်နေ့ (ဇန်နဝါရီလ ၇ ရက်) ညနေ ၂ နာရီခွဲခန့်တွင် နမ့်ဆန်မြို့နယ်တွင် တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၂ ကြိမ် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် မြို့သစ်ကျေးရွာရှိ စာသင်ကျောင်းနှင့် လူနေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းဆရာ/မ ၅ ဦး သေဆုံးသွားခဲ့ကြောင်း TNLA တပ်ဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်လာသည်။

နမ့်ဆန်မြို့သစ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးခဲ့ရသူများမှာ တအာင်းအမျိုးသား ပညာရေးကော်မတီ (TNEC) မှ ကျောင်းဆရာ ၂ ဦးနှင့် ဆရာမ ၃ ဦးတို့ဖြစ်ပြီး အမျိုးသမီး ၄ ဦးအပါအဝင် စုစုပေါင်း ၆ ဦး ထိခိုဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

နမ့်ဆန် လေကြောင်းဗုံးကြဲခံရ

ထို့အပြင် စာသင်ကျောင်းနှင့် လူနေအိမ် ၇ လုံးတို့လည်း ကျည်စထိမှန်ပြီး ပျက်စီးခဲ့ရကြောင်း ဖော်ပြထားသည်။

အလားတူ ဇန်နဝါရီလ ၅ ရက်နေ့ကလည်း နမ္မတူမြို့နယ်ရှိ မန်ဆာကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး ထိခိုက်ဒဏ်ရာရပြီး ပြည်သူနေအိမ် ၁၄ လုံး ပျက်စီးဆုံးရှုံးခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက်က စစ်ကောင်စီတပ်မှ နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာသို့ လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး ကြဲချခဲ့ခြင်းကြောင့် ကလေး ၁ ဦးအပါအဝင် ၂ ဦး သေဆုံးခဲ့ပြီး နေအိမ် ၂၀ ထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း နမ့်ဆန်ဒေသခံများထံမှ သိရသည်။

နမ့်ဆန်လေကြောင်းဗုံးကြဲခံရ ပြီး သေဆုံးသူ

လက်ရှိတွင် နမ့်ဆန်မြို့နယ်အတွင်း ဖုန်းလိုင်းနှင့် ဆက်သွယ်ရေးကွန်ယက်များ ဖြတ်တောက်ခံထားရပြီး “၁၀၂၇ စစ်ဆင်ရေး” နှစ်လကျော်တွင် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၃ ဦးနှင့် ကလေး ၃ ဦး အပါအဝင် စုစုပေါင်း ၁၇ ဦး သေဆုံးပြီး ၃၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နမ့်ဆန်မြို့နယ် ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...
Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...