လားရှိုးမြို့ ဒေသခံ အများအပြား မြို့ကိုစွန့်ခွာနေ

သျှမ်းပြည် မြောက်ပိုင်း၊ မြို့တော် လားရှိုးနေ ဒေသခံ ပြည်သူ အများအပြား မြို့ကို စွန့်ခွာနေကြောင်း မြို့ခံ တစ်ဦးက ယနေ့ (ဇန်နဝါရီ ၉ ရက်)တွင် ပြောသည်။

လားရှိုးမြို့မှစွန့်ခွာနေကြသည့်ပုံ

ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် သိန္နီကို ညီနောင်မဟာမိတ်တပ်များ တိုက်ခိုက် သိမ်းပိုက်ပြီးနောက် လားရှိုးမြို့ အနီး တိုက်ပွားများ ဖြစ်ပွားလာရာက မြို့ကို တိုက်ခိုက် သိမ်းပိုက်မည် ဆိုသည့် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီးနောက် ယခုလို မြို့ကို စွန့်ခွာနေခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။

“မနေ့က ကျနော်တို့ ထွက်လာတာ။ မြို့က ထွက်လာတဲ့သူတွေ အများကြီးပဲ။ နည်းနည်းနောနော မဟုတ်ဘူး။ ကျနော်ကတော့ မိသားစုကို သျှမ်းတောင်မှာ ထားခဲ့ပြီး ပြန်သွားမယ်။ အိမ်ပြန်စောင့်ရမယ်။ အိမ်ဖောက်ဖို့ ချောင်းနေတဲ့သူတွေကလည်း အများကြီးပဲ” ဟု ၄င်းကရှင်းပြသည်။

လားရှိုးမြို့မှ စွန့်ခွာလာသည့်ကားများ

လက်ရှိ လားရှိုး-မန္တလေးလမ်း ပြတ်တောက်နေသည်ဖြစ်ရာ မြို့စွန့်ခွာသူများ အနေဖြင့် လာရှိုးမှ ထွက်လာပါက တန့်ယန်း လမ်းခွဲ၊ တန့်ယန်း လမ်းခွဲမှ ပြင်ရွာရောက်ပါက ညာကွေ့ပြီး တောလမ်းမောင်းကာ စဥ့်အင်တံတား အ‌ပေါ်နားက ကုန်းပုံရွာ ရောက်ရှိမည်ဖြစ်ပြီး ကုန်းပုံရွာမှ ၉ မိုင်လမ်းခွဲ၊ ယင်းမှ နမ့်လန်သို့သွားကာ နမ့်လန်မှ ကျောက်ဂူ၊ ကျောက်ဂူမှ ရပ်စောက်သို့ သွားရောက်နိုင်သည်ဟု ၄င်းက ရှင်းပြသည်။

လားရှိုး-မိုင်းရယ် လမ်းမှတစ်ဆင့် သျှမ်းတောင်ဘက် သွားပါက မိုင် ၁၀၀ ခန့် ပို‌ဝေးသည်ဟု ၄င်းက မှတ်ချက်ပြုသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လားရှိုးမြို့တွင် လူဦးရေ ၆ သောင်းကျော်သာ ရှိသော်လည်း NLD အစိုးရ လက်ထက် ရွှေ့ပြောင်း အခြေချသူ များပြားလာကာ ဒေသတွင်း စစ်ဘေးရှောင်များပါ လာရောက် ခိုလှုံနေသဖြင့် လက်ရှိ လူဦးရေ တစ်သိန်းကျောရှိမည်ဟု လားရှိုးမြို့ အခြေစိုက် လူမှုကူညီရေးအသင်း တာ၀န်ရှိသူ တစ်ဦးက ပြောသည်။

“လောက်ကိုင်နဲ့ တခြားက စစ်ရှောင်တွေလည်း အများကြီး ရှိနေတယ်။ အခုက တတ်နိုင်တဲ့သူတွေကတော့ ကိုယ့်ကားနဲ့ကိုယ် မြို့က ထွက်နေကြတာ။ မန္တလေးကို တောလမ်းက ဆွဲပေးနေတဲ့ လိုင်းကားတွေလည်းရှိတယ်။ ကားခကတော့ စျေးကြီးတယ်။ ကျနော်တို့ ထွက်မသွားပါဘူး။ မြို့ပေါ် တိုက်ပွဲဖြစ်ရင် ဘယ်လို ကူညီမလဲ ဆိုတာ ပြင်ဆင်နေပါတယ်” ဟု ၄င်းက ရှင်းပြသည်။

မြို့ပေါ် ရပ်ကွက် ၁၂ ခုဖြင့် ဖွဲ့စည်းထားသော လားရှိုးမြို့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ထား သဖြင့် ညီနောင်မဟာမိတ်များ အနေဖြင့် လားရှိုးမြို့ကို တိုက်ခိုက် သိမ်းပိုက်မည် ဆိုသည့် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေကြောင်း ၄င်းကဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့က လားရှိုးမြို့ အနီးရှိ ဖိုင်တောင်းနှင့် မက်ချိနုရွာဘက်တွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်များ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်သဖြင့် မြို့တွင်း တိုက်ပွဲများ ဖြစ်ပွားလာမည်ကို မြို့နေလူထု စိုးရိမ်ခဲ့ကြသည်ဟု ဒေသခံ တစ်ဦးက ဆိုသည်။

“အဲတုန်းကတည်းက စိုးရိမ်တာပေါ့။ နောက်ရက်ပိုင်း သိန္နီနဲ့ ကွတ်ခိုင်မြို့ သိမ်းလိုက်ပြီး လားရှိုးသိမ်းမယ် ကြားလို့ အခုလို ရှောင်ကြတာ” ဟု ၄င်းကဆိုသည်။

ပြီးခဲ့သည့်နှစ် ဇွန်လ ၅ ရက်နေ့က လားရှိုးမြို့ အားကစားကွင်း အရှေ့၊ အမှတ် (၁၂) ရပ်ကွက်ရှိ ရဲစခန်း၊ အမှတ် (၅) ရပ်ကွက်ရှိ (၅၀၇) စစ်တပ်စခန်း၊ မြို့အနီး ပန်ဟုန်းရွာရှိ စစ်တပ်စခန်းများကို MNDAA က တိုက်ခိုက်ခဲ့သေးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...