ပင်လောင်းစစ်ရှောင်များအတွက် အလှူရှင်မရှိ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်

သျှမ်းပြည် ပင်လောင်းမြို့နယ်ရှိ စစ်ရှောင်များအတွက် အလှူရှင်များမရှိသဖြင့် စားဝတ်နေရေးအတွက် အခက်အခဲများကြုံတွေ့နေရကြောင်းသိရသည်။

ပင်လောင်းစစ်ရှောင်

သျှမ်းပြည် ပင်လောင်းမြို့နယ်သို့ရောက်ရှိနေသော ကရင်နီစစ်ဘေးရှာင်များအတွက် အလှူရှင်များမရှိသည့် အတွက်ကြောင့် စားဝတ်နေ‌ရေး၊စောင့်နှင့် ဆေးဝါများ အရေးပေါ်လိုအပ်နေကြောင်းစစ်ဘေးရှောင် ကူညီသူတစ်ဦးက သျှမ်းသံတောင်ဆင့်ကိုပြောသည်။

“ခုကနောက်ပိုင်း အလှူရှင်တွေက မရှိသလောက်ရှားတယ်ဆိုတာထပ်လုံးဝ ရှိကိုမရှိတော့တာ။ တော်တော်လေး လည်း ဖျားနေကြတာ။သူတို့အတွက်ကလည်း ဘာမှမရှိတော့ဘူး။ ဆေးဝါးတွေလည်း သယ်ရတာ ရမ်းအန္တရယ် များတယ်။ကျနော်သယ်တုန်းက ဖမ်းခံရ တော့မလို့ပဲ။ အကူညီ တောင်းလာတာတွေတော့ရှိတယ် အမိုး၊ အကားတွေ၊ စောင်တွေ အရေးပေါ်လိုအပ်နေတယ်။ ကျနော်လည်း ပေးဖို့မရှိတော့ ဘယ်လိုမှလုပ်လို့မရတဲ့ အနေအထားဖြစ်နေတယ်။”ဟု စစ်ရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက ပြောသည်။

ဆွေမျိုးအိမ်များသို့လာရောက် ခိုလှုံနေသော စစ်ဘေးရှောင်များလည်း စားဝတ်နေရေးအတွက် ရုန်းကန်နေရပြီး အကူညီများလိုအပ်နေကြောင်းနှင့် စစ်ဘေးရှောင် ကူညီသူများထံမှ အကူအညီများလိုအပ်နေကြကြောင်း စစ်ဘေးရှောင်များက သျှမ်းသံတောင့်ကို ပြောသည်။

ပင်လောင်း စစ်ရှောင်

“နေ့စားအလုပ်လေးပဲလုပ်နေရတာ အလှူရှင်တွေက လာကိုမလာတာဗျာ။အလုပ်ကလည်းရှားတော့ ရှိလေးနဲ့ စားသောက်နေရတာ။ငရုတ်သီးခူးတာကလည်းပြီးသွားပြီ။လူဦးရေများပြီး အလုပ်ကရှားတာပေါ့။ ငရုတ်သီး ခူတုန်းက နို့ဆီဘူးတစ်လုံးမှ ၂၅၀ကျပ်ပဲရတာလေ။ ပင်လောင်းကလည်း ဘာမဆိုဈေးကြီးနေတာကော။ ရေတွေ ကလည်းရှား၊နေရတာလည်းအေးတယ်။ဘာမှလည်းရှာစားလို့ မတက်ဘူး။ရေတွေလည်း ဝယ်သုံးနေရတာပေါ့။ ထင်းတွေလည်း ရှားတယ်။”ဟု ကရင်နီစစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောသည်။

ပင်လောင်းမြို့နယ် စစ်ရှောင်စခန်းများတွင် စစ်ရှောင်ဦးရေ ၃ သောင်းခန့်ရှိပြီး အများစုသည် သက်ကြီးရွယ်အို နှင့် ကလေးငယ် အများဆုံးဖြစ်သည်။

အလားတူ အောင်ပန်းဂိတ်၊ နောင်တရားဂိတ် ၊ပင်လောင်းမြို့အဝင်၊အထွက်ဂိတ်၊ရင်းမှီးရွာအနီးနှင့် ဆောင်း ပြောင်းဂိတ်‌ တို့တွင်လည်း စစ်ကောင်စီ နှင့် PNO ပြည်သူ့စစ် များက စားသောက်ကုန်များ၊ အဝတ်အစားများ၊ မိုးကာများ နှင့် ဆေးဝါးများကို သယ်ယူဖြတ်သန်းရန် မပြုသဖြင့် စစ်ရှောင်များအတွက် အခက်အခဲများစွာ ကြုံနေရကြောင်း သိရသည်။

သျှမ်း-ကရင်နီတကြော “၁၁.၁၁ စစ်ဆင်ရေး”ကြောင့် နိုဝင်ဘာလ ၁၅ ရက်မှထွက်ပြေးလာပြီး၊ လက်ရှိတွင် သျှမ်းပြည် တောင်ပိုင်း ပင်လောင်း၊ ညောင်ရွှေ၊ အင်းလေးနှင့် ဆီဆိုင် ဒေသများတွင် ကရင်နီပြည်မှ အရေးပေါ် တိမ်းရှောင်လာပြီး ဘုန်းကြီးကျောင်းများနှင့် ဆွေမျိုးအိမ်များသို့ လာရောက် စစ်ဘေးရှောင်နေကြပြီး စားဝတ်နေရေး နှင့် အနွေးထည်များ လိုအပ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်းတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီး၊ နေရာပြောင်းရွှေ့ရန် စီစဉ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးပြီး နေရာပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်မှစပြီး သျှမ်းတောင်၌ မိုးများ ဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် တောင်ကျရေကြောင့် တီကျစ်ဒေသနှင့် နောင်တရားဒေသတွင် ပြောင်းစိုက်ခင်းနှင့် ရာသီပေါ်သီးနှံစိုက်ခင်းများ ရေနစ်မြှုပ် ပျက်စီး သွားခဲ့သည်။ ထိုသို့ သီးနှံများ ပျက်စီးဆုံးရှုံးသောကြောင့် နောက်ထပ်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ပင်လောင်းတွင် စျေးရောင်းသူ ဟန်ဆောင်၍ တို့ဆေးဖြင့် ပစ္စည်းလုယူသည့် အုပ်စုဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တီကျစ်ဒေသ ၊နောင်မွန်ရွာတွင် ဈေး‌ရောင်းသူ ဟန်ဆောင်၍ ပစ္စည်းလုယူသည့် အဖွဲ့အား ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂)ရက်တွင် နောင်မွန်ကျေးရွာသို့ ပစ္စည်းများဈေးလျှော့ ရောင်းပေးသူဟုဆိုကာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးသည် ဒေသခံများ၏ နေအိမ်နှင့် ခြံတဲအထိ လိုက်လံဈေးရာင်းကာ တို့ဆေးသုံး၍ ပစ္စည်းများ လုယက်သည့်...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...