အငြိမ်းစား အရာခံဗိုလ် တစ်ဦး တပ်ခြံစည်းရိုးအနီး မြေမြှုပ်မိုင်း နင်းမိ ခြေထောက်ပြတ်ခံရ

သျှမ်းပြည် ကျောက်မဲခရိုင်၊ သီပေါမြို့နယ်နေ စစ်ကောင်စီတပ်မှ အငြိမ်းစား အရာခံဗိုလ် တစ်ဦးသည် စစ်ကောင်စီ တပ်ပိုင် ခြံစည်းရိုးအနီး မြေမြှုပ်မိုင်း နင်းမိပြီး ခြေထောက်ပြတ် သွားရကြောင်း စုံစမ်းသိရသည်။

သီပေါ အရာခံဗိုလ်ငြိမ်း မိုင်းနင်းမိ

ယမန်နေ့ (ဇန်နဝါရီ ၉) ရက် ညနေပိုင်း ၄ နာရီဝန်းကျင်တွင် သီပေါမြို့နယ်၊ တုံစင်ကျေးရွာ (ဝၢၼ်ႈတူင်ႈၸၢင့်) ၌ နေထိုင်သည့် အငြိမ်းစား အရာခံဗိုလ် တစ်ဦးသည် ရွာပြင်ဘက်ရှိ စစ်ကောင်စီတပ်ပိုင် ခြံအတွင်း ဆိတ်ကျောင်းနေစဥ် မြေမြုပ်မိုင်း နင်းမိခြင်း ဖြစ်ကြောင်း သီပေါမြို့ခံ အသက် (၃၀) ဝန်းကျင် အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ခါတိုင်းနေ့တွေမှာလည်း အဲ့ခြံထဲမှာပဲ သူ့ဆိတ်သူကျောင်းနေတာ။ ဖြစ်ချင်တော့ မနေ့က သူ့ဆိတ်အုပ် ကွဲပြီး သူ့ခြံနဲ့ ကပ်လျက်၊ (၂၃) တပ်ပိုင် ခြံစည်းရိုး နားကို သွားစားနေကြတာတဲ့၊ အဲ့ဒါကို သူမောင်းဖို့ ဆိုပြီး သွားနေတဲ့ အချိန် မြေမြုပ်မိုင်း နင်းမိတာ၊ ဘယ်ခြေထောက် အောက်ပိုင်း ပြတ်သွားတယ်” ဟု ဖြစ်စဥ်ကို သိရှိသည့် သီပေါ မြို့ခံ အသက် (၃၀) ဝန်းကျင် အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ မိုင်းနင်းမိ ခြေထောက်ပြတ် ဒဏ်ရာရှိသည့် အမျိုးသားသည် စစ်ကောင်စီတပ်မှ အငြိမ်းစား အရာခံဗိုလ် အသက် (၆၀) ကျော်ရှိနေပြီး လက်ရှိ၌ မွေးမြူရေး လုပ်ကိုင်နေသူ ဖြစ်ကြောင်းလည်း သိရသည်။

မြေမြုပ်မိုင်း နင်းမိမှုကြောင့် ခြေထောက်ပြတ် ဒဏ်ရာရှိသည့် အပြင် ခန္ဓာကိုယ်ရှိ အချို့နေရာများတွင်လည်း ထိခိုက် ဒဏ်ရာများ ရရှိသည့်အတွက် ဒေသအတွင်း ပရဟိတသမားများက လာရောက်သယ်ဆောင်ကာ ဆေးရုံသို့ ပို့ပေးခဲ့ရကြောင်း အထက်ပါ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“ကယ်ဆယ်ရေး ကားသံတွေ ထွက်သွားတာ တွေ့လိုက်ရတယ်။ ဒဏ်ရာကလည်း တော်တော်ပြင်းတော့ ဆေးရုံ ကိုပဲ တခါတည်း မောင်းပို့ပေးတာတဲ့၊ သူ့သားသမီးတွေလည်း အဝေးရောက်နေကြတာ ဆိုတော့ အိမ်မှာ သူ့တစ် ယောက်တည်းပါပဲ၊ ဆေးရုံမှာ ပြုစု စောင့်ရှောက်ပေးသူ ရှိလားတောင် မသိဘူး” ဟု အထက်ပါ အသက် (၃၀) ဝန်းကျင် အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လက်ရှိ ဖြစ်စဥ်သည် သီပေါမြို့နယ် အတွင်း အာဏာသိမ်း စစ်ကောင်စီ နှင့် မဟာမိတ် ပူးပေါင်း တပ်ဖွဲ့တို့၏ စစ်ဆင်ရေး တင်းမာလာပြီးသည့်နောက် ဒုတိယ အကြိမ်မြောက် ဒေသခံများမှ မြေမြုပ်မိုင်း နင်းမိ ထိခိုက်ဒဏ်ရာရခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက် နေ့လည် ၁ နာရီကျော်တွင် သီပေါမြို့နယ် မိုးတေကျေးရွာမှ အသက် ၂၈ နှစ် အရွယ်ဝန်းကျင်ရှိ စိုင်းအောင်ကြံ ဆိုသူသည် မိုးတေတံတားအနီး ကျွဲသွားရှာရင်း မိုင်းနင်းမိရာမှ ညာခြေထောက်တစ်ဘက်ပြတ် ဒဏ်ရာရရှိခဲ့သည်။

မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေးအဖွဲ့၏ ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ မှတ်တမ်းများအရ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်အကြွင်းအကျန်များကြောင့် သျှမ်းပြည်တွင် အရပ်သားထိခိုက်သေဆုံးမှု အများဆုံးဖြစ်ပွားခဲ့ပြီး ကလေးထိခိုက်သေဆုံးမှုမှာ စုစုပေါင်း၏ လေးပုံတစ်ပုံခန့်ရှိကြောင်း ထုတ်ပြန်ထားသည်။

သျှမ်းပြည်အတွင်းရှိ မြို့နယ်များတွင် ကျောက်မဲမြို့နယ်သည် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ အများဆုံးဖြစ်ပြီး မိုင်းနင်းမိသည့် ဖြစ်စဉ် ၁၂၀ ကျော်အထိ ရှိခဲ့ကာ သီပေါမြို့နယ်တွင် ဖြစ်စဉ် ၅၈ ခု၊ ကွတ်ခိုင်မြို့နယ်တွင် ဖြစ်စဉ် ၃၈ ခုဖြင့် အသီးသီးရှိကြကြောင်း မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့၏ သီးခြားမှတ်တမ်းများအရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

စစ်တပ်ထိန်းချုပ် သီပေါမြို့အနီး ရှော့တိုက်ဒုံးပစ်ခတ်ခံရ

0
သျှမ်းပြည် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၄ ရက်) ညနေ ၅ နာရီခွဲကျော်တွင် စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံး (၃) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စံဖိတ်ကျေးရွာအုပ်စုရှိ ဖာဖိတ်ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...