ဖယ်ခုံ တိုက်ပွဲကြား ပြည်သူများ ပိတ်မိနေ

သျှမ်းပြည် ဖယ်ခုံမြို့တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားသည့်အတွင်ကြောင့် မြို့ထဲအတွင်း ပိတ်မိနေသူများပြားနေကြောင်း စုံစမ်းသိရသည်။

ဖယ်ခုံမြို့တွင်း ပိတ်မိနေသူ

ဖယ်ခုံမြို့တွင် ဒီဇင်ဘာလ လလယ်မှ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာပြီး မြို့၏အဝင်၊အထွက်တို့ တွင် တိုက်ပွဲများပြင်းထန်နေသည့် အတွက်ကြောင့် ပြည်သူဒေသခံများပိတ်မိနေပြီး ထွက်ပြေးရန် အခက်အခဲများ ရှိနေကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဖယ်ခုံက စစ်ပြန်ဖြစ်နေတာ ၃ ရက်လောက်ရှိပြီး။ စစ်ကောင်စီတွေကလည်း လေယာဉ်တွေနဲ့လည်း ပစ်တာတွေ ရှိတယ်။ စစ်ရှောင်တွေ တချို့ပိတ်မိနေတာ တွေလည်းရှိတယ်။ ရေလမ်းကနေလည်း ကယ်ထုတ်လို့ရပေမဲ့ လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပစ်ခံရတာတွေရှိတော့ စက်လှေတွေက ကမ်းကပ်ဖို့ခက်တာပေါ့။”ဟု တိုက်ပွဲ မှ ထွက်ပြေးလာသူ အမျိုးသားတစ်ဦးက ပြောသည်။

ဖယ်ခုံမြို့တွင် ပိတ်မိနေသည့်ဒေသခံများနှင့် စစ်ဘေးရှောင်များ စုစုပေါင်း ၄သောင်းခန့် ကျန်ရှိနေပြီး ထွက်ပြေး လာသူများလည်း ညောင်ရွှေမြို့နယ်၊ ပင်လောင်းနှင့် အနီးအနားကျေးရွာများတို့တွင် ထွက်ပြေး သိမ်းရှောင် နေကြရကြောင်း ပြည်သူဒေသခံများက ပြောသည်။

လက်ရှိ ရေလမ်းကို အားကိုးနေရပါသော်လည်း လုံခြုံစိတ်ချမှုမရှိသည့်အတွက် သွားရောက်ကယ်ဆယ်ကယ်ထုတ်နိုင်ရန် အခက်အခဲများဖြစ်နေကြောင်း ဒေသခံများက ပြောသည်။

ဖယ်ခုံမြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၈ရက် မှ စတင် တိုက်ပွဲ ပြင်းထန်နေပြီး ရဲစခန်း မီးလောင်ပြာကျကာ မြို့မြောက်ဘက်ရှိ စစ်ကောင်စီ ထိုင်တော်မူ စခန်းကို တော်လှန်ရေးတပ်ပေါင်းစု တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

လက်ရှိ ဖယ်ခုံ အခြေစိုက် စစ်ကောင်စီ ခမရ (၄၂၁) တပ်ရင်း အနီး တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးပြီး စခန်းငယ် တစ်ခု ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

ဖယ်ခုံမြို့နယ်အတွင်းရှိ ရွှေပြည်အေးနှင့် လွယ်ပတာ စခန်းကုန်းများကို ဒီဇင်ဘာလ ၂၃၊ ၂၄ နှင့် ၂၅ ရက် တို့တွင် သိမ်းပိုက်ရရှိခဲ့သည်ဟု တော်လှန်ရေး တပ်ပေါင်းစုက ထုတ်ပြန်ထားသည်။

ဖယ်ခုံမြို့နယ်၊ အင်းအရှေ့ခြမ်းရှိ တောင်ပို့ကြီးကျေးရွာ၊ ငါးမူးကျေးရွာ၊ ဆီမီးလော့ကျေးရွာ၊ လယ်ထွန်ကျေးရွာ၊ ဆောင်ကန်းကျေးရွာ စသည့် ကျေးရွာများကို စကခ (၇) က လက်နက်ကြီးနှင့် မကြာခဏ ပစ်ခတ်လေ့ရှိသည်ဟု ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖယ်ခုံမြို့နယ်အတွင်းရှိ နေအိမ်များကို စစ်တပ်က ထပ်မံမီးရှို့

0
သျှမ်း-ကရင်နီ(ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်က ကျန်ရှိသည့် နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် “၁၁၁၁”စစ်ဆင်ရေးတွင် စစ်တပ်က မိုးဗြဲနှင့် ဖယ်ခုံမြို့နယ် ကျေးရွာအများစုကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင်...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...