Saturday, April 20, 2024

CATEGORY

မှုခင်း

ယာဉ်ထိန်းရဲများ နည်းမျိုးစုံတပ်ပြီး ပြည်သူထံ ပိုက်ဆံအတင်းအဓမ္မကောက်နေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ ယာဉ်ထိန်းရဲများသည် ပြည်သူထံ နည်းမျိုးစုံ ခေါင်းစဥ် တပ်ပြီး ပိုက်ဆံအတင်းအဓမ္မ ကောက်ခံနေကြောင်း စုံစမ်းသိရှိရသည်။ တောင်ကြီးမြို့ အေးသာယာ ထုံးဖိုဂိတ်နှင့် ( ပ ) ကွေ့ တွင်ရှိသော ယာဉ်ထိန်းရဲများက ဆိုင်ကယ် ဦးထုပ်မဆောင်းသူများ ၊ ဆိုင်ကယ် နံပါတ်ပြား...

ကျိုင်းတုံ လျှပ်စစ်အိုးတည်ရာမှ မီးလောင် အမျိုးသားတစ်ဦးသေ

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ အမှတ် ၄ ရပ်ကွက်တွင် ယနေ့ (သြဂုတ် ၄) ရက် နံနက် ၁ နာရီကျော်တွင် လျှပ်စစ်အိုးတည်ရာမှ မီးလောင်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး မီးထဲသေဆုံးခဲ့ရကြောင်း သတင်းသိရသည်။ ထို မီးလောင်သွားသည့် နေအိမ်သည် နှစ်ထပ်တိုက်အိမ်ဖြစ်ပြီး ပျက်စီးဆုံးရှုံးသွားသည့် တန်ဖိုးကိုတော့ မသိရှိရသေးပေ။ “မနက် ၁...

သိန္နီမြို့ရှိ သူခိုးများကို ပြည်သူဝိုင်းဖမ်းပြီး ရိုက်နှက်ဆုံးမ

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် ဆိုင်ကယ်သူခိုးကို ပြည်သူကဝိုင်းဝန်း ဖမ်းဆီးပြီး ရိုက်နှက်လိုက်သောကြောင့် ဆေးရုံတွင် ဆေးကုသနေကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ဩဂုတ် ၁ ရက် သိန္နီမြို့ ဈေးအရှေ့ဘက်တန်းတွင် ဆိုင်ကယ်လာခိုးသူ ၂ ဦးကို ပြည်သူတို့က ဝိုင်းဝန်းဖမ်းဆီးလိုက်ကြောင်း သိရသည်။ “မနေ့က ကျနော်တို့ ၂ ယောက်ဖမ်းမိတာ။...

မိုင်းကိုင်မြို့ လင်မယားနှစ်ဦး ဓားပြတိုက်ခံရ ပွဲချင်းပြီးသေဆုံး

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့ ရပ်ကွက် (၆) လွိုင်လိုင်ရွာနေ လင်မယား နှစ်ယောက်သည် မိုင်းကျက်ဂူသို့ သွားရန် ဇူလိုင် ၃၁ ရက် ညနေခင်းတွင် ဓားပြတိုက်ခံရပြီး လည်လှီးသတ်ဖြတ်ခံရကြောင်း စုံစမ်းသိရသည်။ အဆိုပါ လင်မယားနှစ်ယောက်ဖြစ်သော ဦးစိုင်းလောဝ် အသက် (၅၈) နှစ်အရွယ်ဖြစ်ပြီး မယားဖြစ်သူ ပါလှအုံ...

မူဆယ်မြို့လယ် မီးပွိုင့်အနီး ပြည်သူ့စစ် ၂ ဦး ထပ်မံပစ်ခတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့လယ် အမှတ် ၁ ဈေးမီးပွိုင့်အနီးတွင် ယနေ့ ဩဂုတ် ၂ ရက် ၁၁ နာရီဝန်းကျင်ခန့် ပြည်သူ့စစ် ၂ ဦး ပစ်ခတ်ခံရကြောင်း သတင်းရရှိသည်။ အဆိုပါ ၂ ဦးသည် ဈေးမီးပွိုင့်အနီး ရပ်နေချိန်တွင် ဆိုင်ကယ် စီးလာသည့် သူနှစ်ဦးက သေနတ်ဖြင့်...

မူဆယ်မြို့မှာ ငွေလိမ်နေတဲ့ ဂိုဏ်းဖမ်းမိ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ပေါ် အခြေစိုက်လှုပ်ရှားနေသည့် ငွေလိမ်ဂိုဏ်း အဖွဲ့ဝင်တချို့ကို ဖမ်ဆီးမိခဲ့ကြောင်း သတင်းသိရသည်။ မင်္ဂလာ မူဆယ်အနီးရှိ ကိုးထပ်တိုက်တွင် အွန်လိုင်းဂိမ်းဟု အကြောင်းပြ ဖွင့်လှစ်သည့် အွန်လိုင်းမှ တစ်ဆင့် ငွေလိမ်နေသော ဂိုဏ်းကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ထို လူလိမ်ဂိုဏ်းကို ဇူလိုင် ၃၁...

မူဆယ်မြို့ ဗုံးပေါက်ကွဲ အမျိုးသမီး တဦးသေဆုံး၊ ယာဉ်ထိန်းရဲနှင့် ပြည်သူ့စစ် (၂) ဦး ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ အမှတ် (၁) မြို့လယ်ဈေးတွင် ယနေ့ (ဩဂုတ် ၁) ရက် နံနက် (၁၁) နာရီဝန်းကျင်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသမီး တဦးသေဆုံးကာ ပြည်သူ့စစ် (၂) ဦးနှင့် ယာဉ်ထိန်းရဲ (၁) ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ “...

ညောင်ရွှေ စစ်ကောင်စီခန့် ရပ်/ကျေး အုပ်ချုပ်ရေးမှူး သတ်ခံရမှု သံသယရှိလူငယ်(၁၀) ဦးဖမ်းခံရ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့ မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသော်တာ သေနတ်ပစ်သတ်ခံရသော အမှု နှင့် ပတ်သက်ပြီး သံသယရှိလူငယ်(၁၀) ဦးကို စစ်ကောင်စီ ဖမ်းဆီးနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်နေ့၊ နံနက်ပိုင်းတွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူး ဉီးသော်တာသည် သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီ...

ပျောက်ဆုံးနေသော မိုးဗြဲဒေသခံ စစ်ကောင်စီ ပစ်သတ်

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲဒေသခံ အမျိုးသားတစ်ဦးသည် ကရင်နီပြည် လွိုင်ကော်ပြည်သူ့ဆေးရုံတွင် ဆေးခန်းသွားပြရာ အပြန်လမ်း၌ စစ်ကောင်စီ၏ စစ်ဆေးမှုခံရပြီး ပစ်သတ်ခံရကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်တွင် မိုးဗြဲဒေသခံ အမျိုးသား ခွန်လေးသည် လွိုင်ကော်ပြည်သူ့ဆေးရုံသွားပြပြီး နောင်ယားကန်အရောက် စစ်ကောင်စီ၏ စစ်ဆေးမှုခံရပြီး သေဆုံးသွားကြောင်း...

ကျောက်မဲမြို့နယ် ပဌာန်းပွဲတွင် လောင်းကစားဝိုင်းလာဖွင့်လှစ်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ခိုအုံ (ခိုခမ်း) ကျေးရွာ ဘုန်းကြီးကျောင်းအနီးတွင် ပြုလုပ်သည့် အသံမစဲ ပဌာန်းပွဲ၌ လောင်းကစားဝိုင်း ဖွင့်လှစ်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်မှ စတင်ကာ ကျောက်မဲမြို့နယ် ခုံအုံ (ခိုခမ်း) ကျေးရွာ ဘုန်းကြီးကျောင်းအနီးရှိ အသံမစဲ ပဌာန်းပြုလုပ်နေမှုကို...

Latest news