ပင်လောင်းမြို့အတွင်း ရေကြီးရေလျှံဖြစ်၊ နေအိမ်ထဲထိ ရေဝင်

သျှမ်းပြည် ပင်လောင်းမြို့တွင် ယခုသီတင်းပတ်အတွင်း၌ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံ ဖြစ်ပေါ်ပြီး နေအိမ်အတွင်းထိ ရေများစီးဝင်နေကြောင်း စုံစမ်းသိရှိရသည်။

.

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ယမန်နေ့ (သြဂုတ် ၇) ရက် ညပိုင်းအချိန်မှစပြီး ပင်လောင်းမြို့တွင် ချောင်းရေလျှံမှု နှင့် တောင်ကျရေများကြောင့် ရုတ်တရက် ရေကြီးရေလျှံမှု ဖြစ်ပေါ်လာကာ လက်ရှိ နေအိမ်အောက်ထပ်၌ ဒူးခေါင်းအဆင့်ထိ ရေများ မြင့်တက်နေလျက်ရှိကြောင်း ပင်လောင်းမြို့ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ရေကြီးရေလျှံမှုဖြစ်ပွား

“ မိုးရွာနေတာ (၇-၈) ရက်လောက်ရှိပြီ၊ အဆက်မပြတ်ရွာနေတာ။ တချို့ အနိမ့်ပိုင်းတွေမှာ မနေ့ညကတည်း ရေဝင်နေတာ။ ကျနော်အိမ်ကတော့ ဒီနေ့ မနက်စပြီး ရေတွေဝင်တာ၊ အခု အိမ်အောက်ထပ်မှာ ရေက ဒူးခေါင်း အဆင့်လောက်ထိ တက်နေပြီ။ မိုးက မတိတ်နိုင်သေးဘူး ဒီထက်ရေပိုတက်မယ်ထင်တယ် “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ရေကြီးရေလျှံမှုကြောင့် ပင်လောင်းမြို့ ကန်သာဦးရပ်ကွက်၊ အရှေ့ရပ်ကွက်၊ အနောက်ရပ်ကွက်၊ ဘုရားမြောက်ရပ်ကွက် နှင့် ဈေးတန်းရပ်ကွက် စသည့်ရပ်ကွက်ရှိ နေအိမ်အောက်ထပ်၌ ရေများစီးဝင်နေလျက်ရှိ ကြောင်း သိရသည်။

ရေကြီးရေလျှံမှုဖြစ်ပွား

ယင်းကဲ့သို့ နေအိမ်အောက်ထပ်ထိ ရေများစီးဝင်သောကြောင့် အချိန်မှီ မပြောင်းရွှေ့ရသည့် အိမ်သုံးပစ္စည်းနှင့် အသုံးအဆောင် ပစ္စည်းတချို့သည် ရေထဲမျောပါသွားခြင်း ရှိခဲ့သလို ပြည်သူများသည် နေအိမ်အောက်ထပ်မှ အပေါ်ထပ်သို့ ပြောင်းရွှေ့နေထိုင်ခြင်း ပြုလုပ်ပြီး နေထိုင်ကြရကြောင်း သိရှိရသည်။

လက်ရှိမှာ ရေကြီးရေလျှံမှု နှင့် ပတ်သက်ပြီး စိုးရိမ်ရေ အမှတ်ထိ မရောက်ရှိသေးသောကြောင့် အနိမ့်ပိုင်းဒေသရှိ ပြည်သူများသည် နေအိမ်မှတစ်ဆင့် တခြားနေရာသို့ ပြောင်းရွှေ့နေထိုင်ခြင်း မရှိသေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တရုတ်နှင့် စာချုပ်ထားသည့် မာရီဂိုးလ်စိုက်သူများ အရှုံးပေါ်လျှင် တရုတ်ကို လျော်ကြေးပေးရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ပင်းတယမြို့နယ်နှင့် ကလောမြို့နယ်ဘက်တွင် တောင်သူအများစုသည် တရုတ်နှင့် စာချုပ်ချုုပ်၍ မာရီဂိုးလ်ပန်းများ စိုက်ပျိုးလာကြပြီး အရှုံးပေါ်လျှင် ပြန်လည်လျှော် ပေးရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သျှမ်းတောင်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသဖြစ်ပြီး ပြောင်း၊ မုန့်ညင်း၊ ဂေါ်ဖီနှင့် တခြားသော ေရတိုသီးနှံများကို အများဆုံးစိုက်ပျိုးကြသည်။ ထိုသို့ ရေတိုသီးနှံများအပြင် တရုတ်ပွဲစားများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ပင်လောင်းတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီး၊ နေရာပြောင်းရွှေ့ရန် စီစဉ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးပြီး နေရာပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်မှစပြီး သျှမ်းတောင်၌ မိုးများ ဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် တောင်ကျရေကြောင့် တီကျစ်ဒေသနှင့် နောင်တရားဒေသတွင် ပြောင်းစိုက်ခင်းနှင့် ရာသီပေါ်သီးနှံစိုက်ခင်းများ ရေနစ်မြှုပ် ပျက်စီး သွားခဲ့သည်။ ထိုသို့ သီးနှံများ ပျက်စီးဆုံးရှုံးသောကြောင့် နောက်ထပ်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ပင်လောင်းတွင် စျေးရောင်းသူ ဟန်ဆောင်၍ တို့ဆေးဖြင့် ပစ္စည်းလုယူသည့် အုပ်စုဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တီကျစ်ဒေသ ၊နောင်မွန်ရွာတွင် ဈေး‌ရောင်းသူ ဟန်ဆောင်၍ ပစ္စည်းလုယူသည့် အဖွဲ့အား ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂)ရက်တွင် နောင်မွန်ကျေးရွာသို့ ပစ္စည်းများဈေးလျှော့ ရောင်းပေးသူဟုဆိုကာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးသည် ဒေသခံများ၏ နေအိမ်နှင့် ခြံတဲအထိ လိုက်လံဈေးရာင်းကာ တို့ဆေးသုံး၍ ပစ္စည်းများ လုယက်သည့်...