အငြိမ်းစားယူထားသည့် တောင်ကြီးကျောင်းဆရာ (၁၀) ဦးခန့် ငွေကြေးလိမ်လည်ခံလိုက်ရ

သျှမ်းပြည် တောင်ကြီးမြို့နယ်မှ အငြိမ်းစားယူထားသည့် ဆရာမ (၁၀) ဦးကျော် ငွေသိန်းပေါင်း ရာချီ လိမ်လည်ခံလိုက်ရကြောင်း စုံစမ်းသိရှိရသည်။

.

ကိုယ်ပိုင်ကျောင်း တည်ဆောက်ရန်အတွက် တောင်ကြီးမြို့ ကန်ကြီးရပ်ကွက်မှာ ဖွင့်လှစ်ထားသည့် ငွေအိမ်နန်း ကိုယ်ပိုင်ကျောင်း တည်ထောင်သူ ဒေါ်နွဲ့နွဲ့ရီ သည် အငြိမ်းစားဆရာမများ၊ ကျောင်းအုပ်ဆရာမများထံ ချေးငွေယူပြီး အတိုး နှင့် ဆပ်မည်ဟု ဆိုကာ ချေးယူခဲ့ကြောင်း သိရသည်။

ငွေအိမ်နန်း ကိုယ်ပိုင်ကျောင်း

“ ကျမကတော့ ငွေကျပ်သိန်း ၃၀၀ လောက်ပါသွားတယ်လေ။ မြို့နယ် ပညာရေးမှူးတွေဆီကနေလည်း ပိုက်ဆံချေးပြီး မြေဝယ်လိုက်တယ်။ မြေဝယ်ပြီး ဘော်ဒါထောင်တာ။ ဆောက်လုပ်ရေးသမားတွေ ငှားပြီးတော့ အခု လေးထပ်တိုက်ကြီး နဲ့ အခုသွားကြည့်လိုက် အမှုရင်ဆိုင်နေရတယ်။ အဲ့ဒီ အကြွေးတွေလည်း မဆပ်ဘူး။ အိမ်ဆောက်ပစ္စည်းတွေဝယ်တဲ့ဟာတွေလည်း မဆပ်ဘူး။ ဆောက်လုပ်ရေးသမား တွေဆီကလည်း မဆပ်ဘူး။ ဆရာ၊ ဆရာမတွေကိုလည်း မဆပ်ဘူး။ ကျမက အငြိမ်းစား ဆရာမ တစ်ဦးပါ။ အခုက သမီးနဲ့လိုက်နေတာ။ အခုတော့ သူထွက်ပြေးသွားပြီ” ဟု အငြိမ်းစား ဆရာမ တစ်ဦး ကပြောသည်။

ငွေအိမ်နန်း ကိုယ်ပိုင်ကျောင်းကို ၂၀၁၆ – ၂၀၁၇ ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး ၂၀၁၈ -၂၀၁၉ ခုနှစ်မှာ ကျောင်းစတင်ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

“ငွေအိမ်နန်းကျောင်းကဆိုရင် သူတို့ကို သူတို့ အချင်းချင်း ယုံကြည်မှု နဲ့ အပေးယူ လုပ်တာထင်တယ်။ အခုက ငွေအိမ်နန်းကလည်း ကိုဗစ် ဖြစ်ကတည်းက ကျောင်းမဖွင့်ရလို့ အဆင်မပြေဘူးနဲ့တူတယ်။ တစ်ယောက်နဲ့ တစ်ယောက်ပြန်ပေးဆပ်ဖို့က နှောင့်နှေးသွားတယ်ထင်တယ်။ အဲ့လိုပဲ ရှိတာပါ။ ကိုဗစ် စဖြစ်ကတည်းက ပိတ်ခံလိုက်ရတာလေ။” ဟု တောင်ကြီးမြို့ ကန်ကြီးရပ်ကွက်နေ ဒေသခံ တစ်ဦးက ပြောသည်။

လက်ရှိ ငွေအိမ်နန်း ကိုယ်ပိုင်ကျောင်းကို မြန်မာ့စီးပွားရေးဘဏ်တွင် ပေါင်ထားကြောင်းလည်း စုံစမ်းသိရှိရသည်။

“အငြိမ်းစား ဆရာမတွေ အပြင် တစ်ခြားဒေသခံတွေထံကနေလည်း ငွေချေးငှားပြီးတော့ တည်ထောင်ပြီး အကြွေးမဆပ်ပဲ အခုထွက်ပြေးသွားခဲ့ပြီလို့ သိရတယ်။” ဟု အငြိမ်းစား မြို့နယ်ပညာရေးမှူးက ပြောသည်။

လက်ရှိ ငွေလိမ်လည်မှုသည် အချင်းချင်းကြား ယုံကြည်မှုကြောင့် ဖြစ်သွားသည့် ကိစ္စဖြစ်နိုင်ကြောင်း
၊ ငွေအိမ်နန်း ကိုယ်ပိုင်ကျောင်း တည်ထောင်သူ ဒေါ်နွဲ့နွဲ့ရီ သည် ငွေသိန်းပေါင်း ၇ ထောင်နီးပါး အကြွေးတင်ပြီး လက်ရှိမှာ ထွက်ပြေးသွားပြီဖြစ်ကြောင်းလည်း သိရသည်။

“အားလုံးပေါင်း ၆ ထောင် ၇ ထောင်လောက် ပါကြမှာပါ။ ဒါမဲ့ ကျမတို့က အငြိမ်းစား ဖြစ်တဲ့အတွက် ကျမတို့ရဲ့ သေစာရှင်စာတွေကို စုထားတာလေ။ အငြိမ်းစား ယူထားတာကြောင့် ကျမတို့ ပိုက်ဆံကို ကျမတို့ နှမြောတယ်လေ။ မစားရက်မသောက်ရက် စုထားတာလေ။ အငြိမ်းစားယူတဲ့သူတွေ ၁၀ ဦးလောက်ရှိတယ်။ ဖွံ့ဖြိုးရေးကျောင်းဆင်းတွေ လိမ်တယ်ဆိုတာ အမိတက္ကသိုလ်က မွေးထုတ်ပေးလိုက်တဲ့ တက္ကသိုလ်နာမည်လည်းပျက်တယ်။ ကိုယ့်အဖွားအရွယ်တွေကို ဒီမျိုးလိမ်တာဟာ ဒါသမိုင်းရိုင်းတယ်။ ရာဇာဝင်လည်းရိုင်းတယ် သမိုင်းလည်းရိုင်းတယ်။ ပညာရေးဝန်ထမ်းအချင်းချင်း ၊ စီးပွားရေး သမားလည်း မဟုတ်ဘူး။ ဘယ်လိုခံစားရလဲဆိုရင်တော့ အစိမ်းလိုက်ဝါးစားချင်တာပေါ့” ဟု အထက်တန်းပြ အငြိမ်းစားဆရာမ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဒေါ်နွဲ့နွဲ့ရီ သည် စစ်ကိုင်း ဖွံ့ဖြိုးရေး သင်တန်းကျောင်းဆင်း တစ်ဦးဖြစ်ပြီး စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် က ဒေသခံ တစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး ကျဆင်းလာမှုကြောင့် ငွေလိမ်လည်မှု နည်းမျိုးစုံ ပေါ်ထွက်လာခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...