မူဆယ် – နမ့်ခမ်းကြား စစ်ကောင်စီ နှင့် TNLA စစ်ရေးတင်းမာနေ၊ ပြည်သူများ ဖြတ်သန်းသွားလာမရ

သျှမ်းပြည် မူဆယ် – နမ့်ခမ်းကြား ကားလမ်းမပေါ်ရှိ နောင်ဆိုင်ရွာအနီးတွင် စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ စစ်ရေးတင်းမာနေသဖြင့် ပြည်သူများ ဖြတ်သန်းသွား လာခွင့် မရကြောင်း စုံစမ်းသိရသည်။

.

ယနေ့ (သြဂုတ် ၁၆) ရက် နံနက် ၉ နာရီဝန်းကျင်တွင် မူဆယ် – နမ့်ခမ်းကြား ကားလမ်းမပေါ်ရှိ နောင်ဆိုင်ကျေးရွာအုပ်စုတွင် စစ်ကောင်စီ နှင့် TNLA တို့ စစ်ရေးတင်းမာနေလျက်ရှိသောကြောင့် စစ်ကောင်စီဘက်မှ ဖြတ်သန်းသွားခွင့် တားမြစ်ထားကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် ဒေသခံတစ်ဦးက ပြောသည်။

TNLA (ပုံ – ဟောင်း)

“နောင်ဆိုင်ရွာထဲမှာ စစ်ကောင်စီတပ်တွေ ရှိတယ်။ ကိုင်းတော်ရွာ (ဝၢၼ်ႈၵၢႆးတူဝ်ႇ) ဘက်မှ TNLA တွေရှိနေတယ်။ သူတို့ စစ်ရေး တင်းမာနေတာ။ စစ်ကောင်စီဘက်ကလည်း ဒီလမ်းကို ဖြတ်ပြီး မသွားလာဖို့ တားမြစ်ထားတယ် “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိမှာ စစ်ကောင်စီတပ်သည် နောင်ဆိုင်ကျေးရွာအုပ်စုထဲကို အင်အား ထပ်မံဖြည့်တင်းနေလျက်ရှိပြီး TNLA က နမ့်ခမ်းမြို့ဘက်မှ တောက်လျောက် စစ်အင်အား ဖြည့်တင်းလာနေကြောင်း သိရသည်။

ယင်းကဲ့သို့ နှစ်ဖက်တပ်ဖွဲ့ အပြိုင်အဆိုင် စစ်အင်အားဖြည့်တင်းပြီး စစ်ရေးတင်းမာနေလျက်ရှိသော်လည်း အပြန်အလှန် ပစ်ခတ်တိုက်ခိုက် တိုက်ပွဲများ မဖြစ်ပွားသေးပေ။

“အခု ကျနော်တို့ ပြည်သူတွေက စိုးရိမ်နေကြတယ်။ ကြောက်လည်း ကြောက်နေကြတာပေါ့။ သတိထားပြီး နေနေရတယ်။ သူတို့နှစ်တပ်က ဟိုဘက် ဒီဘက်နဲ့ လှမ်းမြင်နေတာ ပစ်ခတ်မှုတွေတော့ မရှိသေးဘူး “ ဟု ၎င်း ဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက် စယ်လန့်ကျေးရွာအတွင်း စစ်ကောင်စီနှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း နှစ်ဖက်တပ်ဖွဲ့သည် အပြိုင်အဆိုင် အင်အားဖြည့်တင်းနေလျက်ရှိရာ လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေ သောကြောင့် တိုက်ပွဲများဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...