Wednesday, January 28, 2026

မူဆယ် – နမ့်ခမ်းကြား စစ်ကောင်စီ နှင့် TNLA စစ်ရေးတင်းမာနေ၊ ပြည်သူများ ဖြတ်သန်းသွားလာမရ

သျှမ်းပြည် မူဆယ် – နမ့်ခမ်းကြား ကားလမ်းမပေါ်ရှိ နောင်ဆိုင်ရွာအနီးတွင် စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ စစ်ရေးတင်းမာနေသဖြင့် ပြည်သူများ ဖြတ်သန်းသွား လာခွင့် မရကြောင်း စုံစမ်းသိရသည်။

.

ယနေ့ (သြဂုတ် ၁၆) ရက် နံနက် ၉ နာရီဝန်းကျင်တွင် မူဆယ် – နမ့်ခမ်းကြား ကားလမ်းမပေါ်ရှိ နောင်ဆိုင်ကျေးရွာအုပ်စုတွင် စစ်ကောင်စီ နှင့် TNLA တို့ စစ်ရေးတင်းမာနေလျက်ရှိသောကြောင့် စစ်ကောင်စီဘက်မှ ဖြတ်သန်းသွားခွင့် တားမြစ်ထားကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် ဒေသခံတစ်ဦးက ပြောသည်။

TNLA (ပုံ – ဟောင်း)

“နောင်ဆိုင်ရွာထဲမှာ စစ်ကောင်စီတပ်တွေ ရှိတယ်။ ကိုင်းတော်ရွာ (ဝၢၼ်ႈၵၢႆးတူဝ်ႇ) ဘက်မှ TNLA တွေရှိနေတယ်။ သူတို့ စစ်ရေး တင်းမာနေတာ။ စစ်ကောင်စီဘက်ကလည်း ဒီလမ်းကို ဖြတ်ပြီး မသွားလာဖို့ တားမြစ်ထားတယ် “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိမှာ စစ်ကောင်စီတပ်သည် နောင်ဆိုင်ကျေးရွာအုပ်စုထဲကို အင်အား ထပ်မံဖြည့်တင်းနေလျက်ရှိပြီး TNLA က နမ့်ခမ်းမြို့ဘက်မှ တောက်လျောက် စစ်အင်အား ဖြည့်တင်းလာနေကြောင်း သိရသည်။

ယင်းကဲ့သို့ နှစ်ဖက်တပ်ဖွဲ့ အပြိုင်အဆိုင် စစ်အင်အားဖြည့်တင်းပြီး စစ်ရေးတင်းမာနေလျက်ရှိသော်လည်း အပြန်အလှန် ပစ်ခတ်တိုက်ခိုက် တိုက်ပွဲများ မဖြစ်ပွားသေးပေ။

“အခု ကျနော်တို့ ပြည်သူတွေက စိုးရိမ်နေကြတယ်။ ကြောက်လည်း ကြောက်နေကြတာပေါ့။ သတိထားပြီး နေနေရတယ်။ သူတို့နှစ်တပ်က ဟိုဘက် ဒီဘက်နဲ့ လှမ်းမြင်နေတာ ပစ်ခတ်မှုတွေတော့ မရှိသေးဘူး “ ဟု ၎င်း ဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက် စယ်လန့်ကျေးရွာအတွင်း စစ်ကောင်စီနှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း နှစ်ဖက်တပ်ဖွဲ့သည် အပြိုင်အဆိုင် အင်အားဖြည့်တင်းနေလျက်ရှိရာ လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေ သောကြောင့် တိုက်ပွဲများဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

မူဆယ်တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော် အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး နှိပ်စက်ငွေညှစ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော် အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး ကျားဖြန့်ဂိုဏ်းများ၏ ရိုက်နှက်နှိပ်စက်ခြင်း၊ ငွေညှစ်တောင်းခံခြင်းများ ကြုံတွေ့ခဲ့ရကြောင်း သတင်းသိရသည်။ ရန်ကုန်မြို့တွင် နေထိုင်သည့် အဆိုတော် ရှင်မင်းမြတ် သည် မင်္ဂလာပွဲကိစ္စဖြင့် လိမ်လည်ကမ်းလှမ်းခံခဲ့ရပြီး မူဆယ်မြို့သို့ ရောက်ရှိချိန်တွင် မိတ်ဆွေတစ်ဦးနှင့်အတူ အွန်လိုင်းငွေလိမ် ကျားဖြန့်ဂိုဏ်းစခန်းထဲ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...