မူဆယ်မြို့ သိန်း ၂၅၀ ဆက်ကြေးပေးရန် ခြိမ်းခြောက်တောင်းခံသည့် အုပ်စုရှိနေ
သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့နယ်အတွင်းတွင် အမည်မသိ လူတစ်စုသည် မြန်မာငွေကျပ်သိန်း ၂၅၀ ကို ဆက်ကြေးအဖြစ် ပေးဆောင်ရန် ဒေသခံ ဆိုင်ပိုင်ရှင်တစ်ဦးထံ ခြိမ်းခြောက်တောင်းခံနေကြောင်း စုံစမ်း သိရသည်။ ပြီးခဲ့သည့် မတ်လ ၂၅ ရက် နံနက်ပိုင်း အချိန်တွင် အမည်မသိ လူတစ်စုသည် မူဆယ်မြို့၊ တောင်ရပ်ကွက်ရှိ...
သျှမ်းပြည် လွိုင်လင်ခရိုင် ခိုလမ်မြို့ ရှိ အမျိုးသမီးတစ်ဦးသည် တပ်ထိန်းတပ်မှူး ဇနီးထံ အကြွေးသိန်း ၃၀ တင်ထားရာမှ အကုန်မဆပ်နိုင်သေးသဖြင့် ၎င်းအမျိုးသမီး နေအိမ်တွင်းမရှိချိန်တွင် သော့ဖျက်ပြီး ပစ္စည်းများကို ယူဆောင်သွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် မတ် ၂၅ ရက်နေ့ ခိုလမ်မြို့ ရပ်ကွက် ၆ အတွင်း...
သမီးဖြစ်သူကို ညစ်ညမ်းစွာ သုံးနှုန်းမစနောက်ဖို့ ဝင်တားရာမှ ဖခင်ဖြစ်သူ ဓားခုတ်ခံရ
သျှမ်းပြည် မူဆယ်ခရိုင် ကွတ်ခိုင်မြို့ နယ် စျေးဆိုင်ရောင်းနေသည့် အသက် ၂၀ အရွယ်ရှိ သမီးဖြစ်သူကို အမျိုးသား တစ်စုက ညစ်ညမ်းသော စကားလုံးဖြင့် လာရောက်စနောက်ချိန် ဖခင်ဖြစ်သူက ဝင်တားမြစ်ရာမှ ဓားခုတ်ခံရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၂၅ ရက် ည ၈ နာရီဝန်းကျင်တွင်...
လားရှိုး ယာဉ်စည်းကမ်း စစ်ဆေးတင်းကြပ်ထားသည့်ကြား ယာဉ်တိုက်မှုပိုဖြစ်လာ
သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့နယ် ယာဥ်ထိန်းရဲမှ ယာဉ်စည်းကမ်း တင်းကြပ်ထားသည့်ကြား ယာဉ်တိုက်မှု မကြာခဏဖြစ်ပွားနေကြောင်း သတင်း သိရှိရသည်။ ပြီးခဲ့သည့် (မတ်လ ၂၂ ရက်) မှ (မတ်လ ၂၄ ရက်) ထိ သုံးရက်အတွင်း လားရှိုးမြို့နယ် လားရှိုးမြို့မှ သိန္နီ၊ သီပေါ၊ နမ္မတူ...
လုံခြုံရေး တင်းကြပ်သည့် အင်းလေးဒေသ နေအိမ်တစ်လုံး ဓားပြတိုက်မှု ဖြစ်ပွား
သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေး ဒေသအတွင်း စစ်ကောင်စီ၏ လုံခြုံရေး တင်းကြပ်စွာ ချမှတ်ထားသည့်ကြား နေအိမ်ပေါ်တက်ပြီး ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ် ၂၂) ရက် ည ၉ နာရီခွဲ ဝန်းကျင်တွင် အင်းလေးဒေသ ရွာကြီးထက်ရွာရှိ နေအိမ်တစ်လုံးကို အမည်မသိလက်နက်ကိုင်...
နမ့်လန် – ကျောက်ဂူ ကားလမ်းမပေါ် မောင်းနှင်လာသည့် ထော်လာဂျီ တစ်စီးတိမ်းမှောက် လူ ၁ ဦး သေဆုံး
သျှမ်းပြည် ကျောက်မဲခရိုင် နမ့်လန်မြို့နယ်ခွဲ နမ့်လန် - ကျောက်ဂူ ကားလမ်းမပေါ်တွင် သစ်တုံးတင်လာသည့် ထော်လာဂျီတစ်စီး တိမ်းမှောက်ပြီး မောင်းနှင်လာသူ အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း စုံစမ်း သိရှိရသည်။ ယနေ့ (မတ်လ ၂၃ ရက်) မနက်ပိုင်း ၁၁ နာရီခွဲ အချိန်မှာ နမ့်လန်...
နမ္မတူ – ကျားစခန်း ရထားသံလမ်းဖြုတ်မှု ယာယီရပ်ဆိုင်း
သျှမ်းပြည် ကျောက်မဲခရိုင် နမ္မတူမြို့ နှင့် ကျားစခန်းကို ဆက်သွယ်ထားသည့် ရထားသံလမ်းဖြုတ်မှု လုပ်ငန်းစဉ်သည် ယနေ့ (မတ်လ ၂၂ ) ရက်မှာ ယာယီ ရပ်ဆိုင်းသွားပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (မတ်လ ၂၀ ရက်) မနက်ပိုင်း အချိန်မှစပြီး ဝင်းမြင့်မိုရ် ကုမ္ပဏီမှ ဦးဆောင်ပြီး...
သီပေါမြို့နယ် မီးလောင်သွားသည့် ဘုန်းကြီးကျောင်း ပြန်ဆောက်ရန် လောင်းကစားဖြင့် ရန်ပုံငွေရှာမည်
သျှမ်းပြည် ကျောက်မဲခရိုင် သီပေါမြို့နယ် စံဖိတ်ကျေးရွာရှိ မီးလောင်သွားသည့် ဘုန်းကြီးကျောင်း ပြန်ဆောက်ရန် လောင်းကစားဝိုင်းဖြင့် ရန်ပုံငွေ ရှာမည်ဟု သတင်း သိရှိရသည်။ လောင်းကစားဝိုင်းသည် ယခုနှစ် မတ်လဆန်းပိုင်းတွင် မီးလောင်သွားသည့် စံဖိတ်ဘုန်းကြီးကျောင်းဝန်းထဲ၌ ကုန်းကင်း၊ လေးကောင်ဂျင်၊ ဖဲဝိုင်းများ စသည့် လောင်းကစားဝိုင်းများ အပါအဝင် လောင်းကစားဖွင့်လှစ်ဖို့ရန် အတွက်လည်း...
ပြန်ပေးဆွဲခံရသည့် လဲချားမြို့ အမျိုးသမီးငယ်တစ်ဦး မန္တလေးတွင် ပြန်တွေ့
သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့ ရပ်ကွက် (၅) ဟိုရင်ကျေးရွာတွင် နေထိုင်သည့် အမျိုးငယ်တစ်ဦး (၄) ရက် ပြန်ပေးဆွဲခံရပြီးနောက် မန္တလေးမြို့တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း သတင်း သိရှိရသည်။ ပြီးခဲ့သည့် (မတ်လ ၁၉) ရက် နံနက်ပိုင်း ၁၀ နာရီကျော်တွင် မန္တလေး နေအိမ်တစ်လုံး၌ ပြန်ပေးဆွဲခံရသူ...
မိုင်းပန် ရှင်လောင်းပွဲ လောင်းကစား ဖွင့်လှစ်ရန် ဘုန်းကြီးကျောင်းကို ကျပ်ငွေ သိန်း (၁၀၀) လှူ
သျှမ်းပြည် လင်းခေးခရိုင် မိုင်းပန်မြို့ အနောက်ရပ်ကွက်ရှိ မွေတော် ပရိယတ္တိ စာသင်ကျောင်းတွင် ပြုလုပ်သည့် ရှင်လောင်းပွဲကို အကြောင်းပြပြီး စစ်ကောင်စီ မှ လောင်းကစားဝိုင်း ဖွင့်လှစ်ရန် ခွင့်ပြုထားကြောင်း သတင်း သိရှိရသည်။ ယမန်နေ့ (မတ်လ ၁၉ ရက်) ညနေပိုင်း အချိန်မှစပြီး မိုင်းပန်မြို့ မွေတော်...





